11/3/09

မဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသောဘဏ ၏သြဝါဒများ

(နေ့စဉ်ဝတ်ထား ကြိုးစားပွား)

အနန္တငါး ဂုဏ်တော်များ
ဝပ်တွား ဦးနှိမ်အိပ်။

ရတနာသုံးပါး ဂုဏ်တော်များ
ကြိုးစားပုတီးစိပ်။

သတ္တဝါများ မေတ္တာထား
ပွားများပြီးမှအိပ်။

ခန္ဓာငါးပါး ရုပ်နာမ်များ
ပွားများဆင်ခြင်အိပ်။



(လူမိုက်အလုပ် မလုပ်နဲ့)

ကာယကံမိုက် ဒုစရိုက်
လူမိုက်အလုပ် မလုပ်နှင့်။

ဝစီကံမိုက် ဒုစရိုက်
လူမိုက်စကား မပြောနှင့်။

မနောကံမိုက် ဒုစရိုက်
လူမိုက်အကြံ မကြံနှင့်။




(တရားမပါဆင်းရဲမှာ)

ဒါနမပါ သေသောခါ
ဥစ္စာဓန ဆင်းရဲကြ၏။

သီလမပါ သေသောခါ
ရောဂါဘယ ပေါများကြ၏။

ဘာဝနာမပါ သေသောခါ
ခန္ဓာ ဒုက္ခ ကြီးမားကြ၏။
(အညံ့ပန်း ပတ္တမြားမြေ)

No comments: