9/10/09

ဘဝ

ကဗျာ ကဗျာ ဆိုပြီးတော့
blah blah တွေကိုလည်း
အာပလာအကြံနဲ့ ဒီလိုငါ မထင်ခဲ့မိပါဘူး...........

တော်ပါ တော်ပါ ဆိုပြီးတော့
ဘာညာဘာညာ တွေကိုလည်း
ပလီပလာနဲ့ ဒီလိုငါ မရှူပ်ခဲ့မိပါဘူး........

ခေါ်ပါ ခေါ်ပါ ဆိုပြီးတော့
သူသူငှာငှာ တွေကိုလည်း
မထီမမာနဲ့ ဒီလိုငါ မလုပ်ခဲ့မိပါဘူး............

ဘော်ဒါ ဘော်ဒါ ဆိုပြီးတော့
ကြင်ကြင်နာနာ တွေကိုလည်း
ကလိမ်ကမာဥာဏ်နဲ့ ဒီလိုငါ မချူခြာခဲ့မိပါဘူး.............

လာကွာ လာကွာ ဆိုပြီးတော့
မသေမချာ တွေကိုလည်း
ရေရေရာရာနဲ့ ဒီလိုငါ မချပြခဲ့မိပါဘူး..........

အော်ဘ၀ဘ၀!!!
အခုကျတော့လည်း...
မိုးတွေမရှိတော့တဲ့ နွေခေါင်ခေါင်အလည်မှာ
မိုးရေခံထားမိတဲ့ ငါ့အိမ်ခေါင်မိုးပေါက်
အောက်တည့်တည့်က ရေခံခွက် ကလေး တစ်ခုရယ်ပါလားကွယ်...

စာဖတ်သူအားလေးစားလျက်
အညတြ(ခေတ္တနယူးယောက်)

1 comment:

WWKM said...

မတွေ့တာကြာပေါ့.း)နေကောင်းရဲ့လား။
ကဗျာလေးလာဖတ်သွားပါတယ်.

မကြီးဝါ