10/4/09

ကျေးဇူးရှင် ကြောင်ပန်း ပဉ္စမ နာယက ဆရာတော် ဘုရားကြီး၏ သြဝါဒမှ

ဇာတိဘေးက ပြေးမရ တွေ့ကြ ဓမ္မတာ

သြော်...

ပြုရင်း ပြင်ရင်း စောင့်ရှောက်ရင်းက

အိုခြင်း တွေ့ကြ
ကွင်းမရ

ဇာတိ ကြောက်စရာ။


သြော်...

ပြုရင်းပြင်ရင်း စောင့်ရှောက်ရင်းက

နာခြင်း တွေ့ကြ ကွင်းမရ

ဗျာတိ ကြောက်စရာ။


သြော်...

ပြုရင်းပြင်ရင်း စောင့်ရှောက်ရင်းက

သေခြင်းတွေ့ကြ ကွင်းမရ

မရဏ ကြောက်စရာ။

ဇာတိကြောင့်သာ အိုရမှာ

ဇာတိကြောင့်သာ နာရသာ

ဇာတိကြောင့်သာ သေရရှာ

သြော်... ဇာတိ ဇာတိ ဇာတိ

ကြောက်စရာပါ။

အညံ့ပန်း (ပတ္တမြားမြေ)

No comments: