10/11/09

အရှိနှင့်အသိ

ခြောက်ပါးဒွါရ တံခါးဝမှာ

မြင်တာ ဘာလဲ (စိတ်, တရားဘဲ)

ကြားတာ ဘာလဲ (စိတ်, တရားဘဲ)

နံတာ ဘာလဲ (စိတ်, တရားဘဲ)

စားတာ ဘာလဲ (စိတ်, တရားဘဲ)

တွေ့တာ ဘာလဲ (စိတ်, တရားဘဲ)

ကြံတာ ဘာလဲ (စိတ်, တရားဘဲ)

အမြင်ခံတာ ဘာလဲ (အဆင်း, ရုပ်တရားဘဲ)

အကြားခံတာ ဘာလဲ (အသံ, ရုပ်တရားဘဲ)

အနံခံတာ ဘာလဲ (အနံ့, ရုပ်တရားဘဲ)

အစားခံတာ ဘာလဲ (အရသာ, ရုပ်တရားဘဲ)

အတွေ့ခံတာ ဘာလဲ (အတွေ့ဓါတ်, ရုပ်တရားဘဲ)

အကြံခံတာ ဘာလဲ (ရုပ်,နာမ်နှစ်ပါး နိဗ္ဗာန် ပညတ် အကုန်ရ)

(ခြောက်ပါးဒွါရတံခါးဝမှာ)

ပုဂ္ဂိုလ်မဖြစ်၊သတ္တဝါမဖြစ်၊အသက်မဖြစ်၊ငါမဖြစ်

ရုပ်,နာမ်တရား နှစ်ပါးသာ ဖြစ်ကြကုန်၏။

ရုပ်တရားကလည်း ဖောက်ပြန်ပျက်
နာမ်တရားကလည်း ညွတ်သိပျက်

ဖြစ်ပြီးပျက်တာ မမြဲပါ ရမှာ (အနိစ္စ) သာ
မမြဲဆိုကဆင်းရဲလှ (ဒုက္ခ) တစ်ပါးသာရ
မမြဲဆင်းရဲအလိုမကြ ဘာတစ်ခုမှ ငါမရ မုချ(အနတ္တ)

ရုပ်နာမ် တရား နှစ်ပါးလုံး နိစ္စ သုခ အတ္တ မရ
အနိစ္စ ဒုက္ခ အနတ္တ ရ။

ရုပ်နာမ်တရားနှစ်ပါးလုံးသည် စင်စစ်ဆင်းရဲမှန်လှ ဒုက္ခသစ္စာတရားကြီးပါတကား။

အညံ့ပန်း(ပတ္တမြားမြေ)

No comments: