10/11/09

TIME IS GOLD.SO, DO YOUR BEST AND JUST DO IT NOW.

ပစ္စုပ္ပန် ၏ စက္ကန့်တိုင်း စက္ကန့်တိုင်း

အသိရော အကျင့်ပါ ပြည့်စုံလျှက်

အသက်ရှင်နေရခြင်းသည်းလည်းကောင်း

အိုနေရခြင်းသည်လည်းကောင်း

နာနေရခြင်းသည်လည်းကောင်း

သေနေရခြင်းသည်လည်းကောင်း

စင်စစ်မတွေ ချမ်းသာလှပါပေသတည်း။

စိတ်ကောင်းရှိဖို့ပထမ

စိတ်ရင်းအတိုင်းမုချအကျိုးပေးမည်။

ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ့။

ဤလောက၌

ဘုရားသည်သာအမြတ်ဆုံးရတနာ

တရားသည်သာအမြတ်ဆုံးရတနာ

သံဃာသည်သာအမြတ်ဆုံးရတနာ

ဤအမြတ်ဆုံးရတနာသုံးပါးအား

တကယ်တန်းသိအောင်၊တကယ်တန်းရှိအောင်

အားထုတ်နိုင်သောသူတို့သာလျှင်

ရတနာရှိရာ ရတနာလာဆိုသည့်စကားအတိုင်း

ပစ္စုပ္ပန်ချမ်းသာသည်လည်းကောင်း

တမလွန်ချမ်းသာသည်လည်းကောင်း

နိဗ္ဗာန်ချမ်းသာသည်လည်းကောင်း

မုချဧကန်ရရိုးမှန်ပါပေ၏။

အညံ့ပန်း(ပတ္တမြားမြေ)

No comments: