ငယ်ငယ်တုန်းက ကလေးဘဝမှာ လူတိုင်း ဒီလိုကစားခဲ့ဘူးကြမှာပါ။
ညောင်ပင်တစ္ဆေ ဝေလေလေ
နင်ဘယ်ကိုင်းမှာနေ (ညောင်ကိုင်းမှာနေ)
နင်ဘာသီးစား (ညောင်သီးစား)
နင်ဘာရေသောက် (ညောင်ရေသောက်)
နင်ဘယ်သူ့ခြောက် (နင်တို့အားလုံးခြောက်)
(ဒါဆိုညောင်ပင်တစ္ဆေ မှာ သူတယောက်တည်းအဖို့ နေစရာ၊စားစရာ၊သောက်စရာ အပြည့်အစုံပိုလျှံစွာ
ရှိခဲ့ပါတယ်။ သူရဲ့စည်းစိမ်ဥစ္စာတွေ ခွဲဝေပေးရမှာ စိုးရိမ်တာကြောင့် ညောင်ပင်လာသူတိုင်းကို သူဟာ
လောဘကြီးစွာခြောက်လန့်စေခဲ့တယ်။)
ဒါကြောင့်ရလေလိုလေအိုတစ္ဆေ ဆိုတာ ဘယ်သောအခါမှာ ဖြည့်၍ မပြည့်နိုင်တဲ့ လောဘအိုးကြီးပါတကား။
လောဘထူထူ တစ္ဆေတူ
ရန်သူအစစ်ပေ။
အညံ့ပန်း(ပတ္တမြားမြေ)
1 comment:
သေသေခြာခြာတွေးကြည့်ရင်တော်တော်မတရားတာဗျ-
သူတယောက်တည်းပိုင်ချင်တာ-
တစ္ဆေ ဖြစ်သွားရင်တောင်သူကမစွန့်လွတ်ချင်သေးဘူး။
ငယ်ငယ်တုံးက ကစားခဲ့ပေမဲ့အခုလိုအတွေးမရှိခဲ့ဘူးဘူး-အတွေးတွေတွေးတတ်
အောင်ရေးလိုက်တဲ့အတွက်ကျေးဇူးပါဗျာ။
Post a Comment