ကျွန် တော် ငယ် ငယ် တုန်း က တော့ ဒီ လို ည ဆို ကျွန် တော့် မြို့ လေး (မိုးကုတ်) မှာ(ရွှေတံခါး ကြီး ဖွင့်ပါအုံး၊ ငွေတံခါး ကြီးဖွင့်ပါအုံး၊ .........မိသားစု ကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ) <<< ဒီ လို အော် ဟစ် ပြီး တ အိမ် ဝင် တ အိမ် ထွက် သူငယ်ချင်း အုပ် စုလိုက် ကြီး နဲ့ ပိုက်ဆန် လိုက် တောင်း နေ ကြ ပါ။ လူ ကြီး တွေ က တော့ မီး ပုံ ဖို ပြီး သူခိုးကြီး ည ဟင်း လား ၊ဘာ လား မ သိ ပါ ဘူး ချက် စား နေ ကြ ပေါ့။ ပြီးတော့ လည်း ဘဲ မ နက် အ စော ကြီး ထ ပြီး ခဲ လုံး တွေ မှ ရွှေ့ ခဲလုံး အောက် တို့ ၊ဓာတ် တိုင် အောက် တို့ မှာ (ပန့်တကူ) လိုက် ရှာ နေ ကြ ပါ။ အ ခု တော့ ဒီ လို လုပ် လို့ မ ရ တော့ ပါ ဘူး။ ၂၉ နှစ် ရှိ နေ ပြီ ဖြစ် တဲ့ ကျွန် တော့် အ သက် အ ရွယ် ကြောင့် တ ကြောင်း၊ မြို့ နဲ့ ၁၁ နှစ် ကျော် အ နေ ဝေး သွား တာ က တ ကြောင်း အ ကြောင်း ကြောင်း တွေ ကြောင့် ဒီ လို ပျော် ရွှင် မှု့ တွေ နဲ့ အ နေ ဝေး ခဲ့ ရ ပါ ပြီ။ ဘာ ဘဲ ဖြစ် ဖြစ် ပေါ့ ဒီ လို ည လေး ရောက် တိုင်း တ ချိန် က အ တိတ် တွေ ဆီ ပြန် ပြောင်း သတိ ရ နေ မိ ပါ တယ်။ မိဘ နှစ် ပါး အား ဦး ထိပ် ထား ၍ ကျွန် တော့် မြို့ သူ မြို့ သား များ၊ စာဖတ် သူများ၊သက် ရှိ သတ္တဝါ များ အား လုံး စိတ်၏ ချမ်း သာ ခြင်း၊ ကိုယ်၏ ကျန်း မာ ခြင်း နှင့် ပြည့် စုံ ကြ ပါ စေ လို့ ဆန္ဒ ပြု ဆုတောင်း မိ ပါ သည်။
အညတြ (ခေတ္တ နယူးယောက်ခ်)