Showing posts with label အညံ့ပန်း၏ရင်တွင်းဖြစ်ကဗျာများ. Show all posts
Showing posts with label အညံ့ပန်း၏ရင်တွင်းဖြစ်ကဗျာများ. Show all posts

1/26/12

သြဝါဒ မှ သြကာသ သို့

အဖေဆရာ တစ်ကြိမ်ပါ

ဆုံလာထူးလှ မေ့မရ

ခါခါဆုံးမ သြဝါဒ

ကြာမှ ဟောင်းမှ ပိုကောင်းလှ

ခဏခဏ သတိရ

ခဏခဏ လိုက်နာရ

သြဝါဒမှ သြကာသ

ခဏခဏ ရှိခိုးမှ

ခဏခဏ ရှိခိုးရ

ခဏခဏ ရှိခိုးကြ

သြကာသ...သြကာသ...သြကာသ.............။

အညံ့ပန်း(ပတ္တာမြားမြေ)

အဖေဆရာ

ဘဝတစ်ကွေ့ ခဏ တွေ့ပေမယ့်

တပည့်ရင်မှာတော့ ဘယ်တော့မှမမေ့

စက္ကန့်  ရွေ့သ၍ တစ်မြေ့မြေ့
ွ
ရင်ထဲမှာလည်း တစ်ငွေ့ငွေ့

ဘယ်တော့ ဘယ်တော့ မှ မမေ့

ကြာလေဟောင်းလေ အမှတ်ရလေ

သတိရလေလေ လွမ်းလေလေပါ..............အဖေဆရာ။


အညံ့ပန်း(ပတ္တာမြားမြေ)

9/13/09

သူတော်ကောင်း တို့ ကျင့်ဝတ်

လူသားအားလုံး ငြိမ်းချမ်းဖို့ စိတ်ကောင်းမွေးဖို့ကြိုးစားစို့

အချိန်မရွေး စိတ်ကောင်းမွေး

နေရာမရွေး စိတ်ကောင်းမွေး

အရွယ်မရွေး စိတ်ကောင်းမွေး

ပုဂွိုလ်မရွေး စိတ်ကောင်းမွေး

စိတ်ကောင်းမွေးဘို့် ပထမ

စိတ်ကောင်းမွေးဘို့ တစ်ဘဝ

စိတ်ကောင်းမွေးဘို့ ထာဝရ

စိတ်ကောင်း ရှိမှ နုတ်ကောင်းရ

စိတ်ကောင်းရှိမှ ကိုယ်ကောင်းရ

စိတ်ကောင်းရှိသာ မင်္ဂလာ

နုတ်ကောင်းရှိသာ မင်္ဂလာ

ကိုယ်ကောင်းရှိသာ မင်္ဂလာ

စိတ်ကောင်းတခု ရှိအောင်ပြု

ပြည့်မှု မင်္ဂလာ အရာရာ

ကိုယ်နုတ်စိတ်ပါ ယဉ်ကျေးသာ

ပြည့်မှာ မင်္ဂလာ အရာရာ

ဘယ်သူတရား ပျက်ပျက်ကိုယ် မပျက်နဲ့

သူမကောင်းလည်း ကိုယ်ကောင်းပါ

သူကကောင်းလည်း ကိုယ်ကောင်းပါ

အရာရာကို အရှူံး ပေးက နှလုံးအေး၏။

အညံ့ပန်း(ပတ္တာမြားမြေ)

12/16/08

စုန်ရေ

မေတ္တာ ရေစင်
တသွင်သွင်
ကြည်လင်လျက်ပင် စီးအစဉ်။

မေတ္တာ ရှင်များ
စုန်ရေလား
မခြား တူလေသာ။

မိဘ မေတ္တာ
စုန်ရေပမာ
အလား တူသည်သာ။

ဒါန ရှင်များ
စုန်ရေလား
မမှား တူသည်သာ။

ကျွေးသော လက်များ
စုန်ရေလား
မခြား တူသည်သာ။

မွေးသော လက်များ
စုန်ရေလား
မမှား တူသည်သာ။

(အညံ့ပန်း)

သတိပြုပါ

အတွင်း ရန်သူ

မောဟ ထူမှ

ဘယ်သူ မပြု

မိမိ မှု့သာ

ကြုံရာ အာရုံ

ဒွါရ ဆုံက

အစုံ ပေါ်ကြ

သဘာဝမှာ

နှစ်ဖြာ ရုပ်,နာမ်

ဖြစ်တိုင်း ချုပ်မို့

မဟုတ် အတ္တ

ဓါတ်ရင်း ပြသော်

အနတ္တ နုံး

ဓမ္မ ထုံးမံ

လှစ်သုံး ပြန်က

အမှန် လေးဝ

အ မောဟဥာဏ်

ပေါ်ရ လေသော်

အပြီး နော်တ

ခါတော် မှီစွဲ

မသေ ပွဲတည်း

မလွဲ ဧကန်

ဆိုက်ရောက် ရလေ တော့သတည်း။
(အညံ့ပန်း)

12/5/08

စိတ်

သွားတဲ့ အခါ
စိတ်ကိုသာ
ကောင်းစွာ စောင့်ထိန်းရာ...

ရပ်တဲ့ ခါလည်း
စိတ်ကိုဘဲ
အမြဲ စောင့်ထိန်းဆဲ...

ထိုင်နေ သောခါ
စိတ်ကိုသာ
ကောင်းစွာ သတိပြုပါ...

အိပ်တဲ့ ခါလည်း
စိတ်ကိုဘဲ
အမြဲ ဆုံးမဆဲ

အချိန် တိုင်းမှာ
စိတ်ကိုဆွဲ
ထူးကဲ သတိမြဲ။
(အညံ့ပန်း)

11/27/08

သြဝါဒ

အဖေ ဆရာ
ဆုံးမတာ
ဘယ်ခါ မမေ့ပါ။
တပည့် အများ
သတိထား
လေးစား လိုက်နာရာ။
ကျေးဇူး မြင်မိ
နိဗ္ဗာန်ထိ
ဆပ်သိ ရိုသေမှာ။
စာရေး ကြည့်မိ
မတတ်ဘိ
သတိ မူစရာ။
ခြေသုတ် ပုဆိုး
မြွေစွယ်ကျိုး
နှိမ့်ချိုး မာနသာ။
ဆရာ ဟူဘိ
တဆူရှိ
တတ်သိ နားလည်ရာ။
တပါး သူပြစ်
စုပုံရစ်
မဖြစ် စေသင့်ပါ။
ယခု ချိန်ခါ
ဖေဆရာ
ခါခါ အောက်မေ့ပြီ။
အဖေ ဆရာ
သင်အံတာ
ခါခါ ရွတ်ဘူးပြီ။
အဖေ ဆရာ
ရေးပြတာ
ခါခါ မှတ်ဘူးပြီ။
စိတ်ထဲ ပါပါ
နုတ်ဆိုခါ
လက်မှာ ရေးမိပြီ။
အမှား ပါက
ပြင်ယူမှ
မုချ မှန်ရပြီ။
သြဝါဒများ
ဦးထိပ်ထား
လေးစား ရိုသေသည်။
ဆုံးဘဝတိုင်
မမေ့နိုင်
ပိုင်ပိုင် သယ်ပိုးမည်။
(အညံ့ပန်း)

11/18/08

အသိ

ငယ်ကပညာ
မသင်ရှာ
ကြီးလာ ခက်မည်သာ
ငယ်ကပညာ
သင်ခဲ့ရာ
ခုခါ အသုံးချပါ
စာပေတိုင်းဖတ်
တုခိုးအပ်
မပြတ် ဆောင်ယူပါ
မကောင်းတာပယ်
အကောင်းတွယ်
စိတ်ဝယ် ဆောင်စရာ
မြင်ရသမျှ
ကြားသမျှ
မှတ်ရ အ ကုန်သာ
စာထဲပါထား
စာသားများ
မှတ်သား သတိပြုပါ
စာလုံးတိုင်းပင်
အသုံးဝင်
ဆင်ခြင် စဉ်းစားရာ
(အညံ့ပန်း)

11/15/08

မညီမျှခြင်း

နေ့စဉ် မြင်ကွင်း ဘယ်မရှင်း
စောင်းနှင်း တဖက်သာ
တဖက်စောင်းနှင်း သည်မြင်ကွင်း
ရံဖန်ရံခါ တွေ့မြင်တာ
ရင်တွင်းမှာဖြစ် ဘယ်သူ့ပြစ်
ဆန်းစစ် ဝေဖန်ရာ
တဖက်စောင်းတာ ချိန်ခွင်လျှာ
ဘယ်မှာ မေးစရာ
ဈေးဝယ်လာသူ လူတိုင်းမူ
တူတူစိတ်ထားသာ
မိမိဘက်သာ ချိန်ခွင်လျှာ
စောင်းခါ အမြဲသာ
ဘယ်လောက်ရရ မပြည့်ဝ
လောဘ ကြောက်စရာ
ရွှေချိန်ခွင်မှာ တုယူခါ
သူဌာ ကျင့်သုံးရာ
သူ့ဘက်ကိုယ့်ဘက် ညီမျှချက်
လေးနက်လိုက်နာပါ
ရွှေချိန်ခွင်ထုံး ကိုယ်စီသုံး
ရွှင်ပြုံး နိုင်စေရာ
ညီကာမျှမှ တူတကွ
ရွှင်ပြနိုင်ကြမှာ
ခြေလှမ်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ သွားရမှာ
အခွန်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ ပြောဆိုရာ
စိတ်ပေါ်တိုင်းမှာ ဆုံးမပါ
သတိနှင့်သာ ကြံစည်ရာ
ဘဝ တ(လျှောက်)ထောက် ဖြောင့်ဖြောင့်လျှောက်
ပေါက်ရောက်နိုင်တာ အရာရာ
စိတ်တလုံးပိုင် အပြီးတိုင်
နိုင်နိုင် ဆုံးမရာ
စိတ်ကိုမနှေး သိသိပေး(ဆုံးမပေး)
ပူဆွေး ကင်းကွာ ချမ်းသာရာ။
(အညံ့ပန်း)

11/13/08

အချုပ် ငါးယောက်

လော က အား လုံး
မင်္ဂလာ ထုံး
နှလုံး မူ ကြ စေ။
ဓမ္မ အား လုံး
အနတ္တ ထုံး
နှလုံး မူ ကြ စေ။
ချမ်းသာ အား လုံး
ဓမ္မ ထုံး
နှလုံး မူ ကြ စေ။
ဖောက် ပြန် ရင်း ချုပ်
ငါ မ ဟုတ်
ရေ မြုပ် ရုပ် မှာ တူ လှ သည်။
ခံ စား ရင်း ချုပ်
ငါ မ ဟုတ်
ဝေ ဒ နာ ရေ ပွတ် တူ လှ သည်။
မှတ် သား ရင်း ချုပ်
ငါ မ ဟုတ်
စိတ် မှာ သံ လျှပ် တူ လှ သည်။
ပြု ပြင် ရင်း ချုပ်
ငါ မ ဟုတ်
စေ တ နာ ငှက် ပျော တူ လှ သည်။
ကြံသိ ရင်း ချုပ်
ငါ မ ဟုတ်
ဝိ ဥာဏ် မျက် လှည့် တူ လှ သည်။
(အညံ့ပန်း)

11/8/08

သတိ

အ လို မ ရှိ
အ လို ရှိ
သ တိ တ ခု ပါ
သတိ တ ခု
လက် ကိုင် ပြု
အောင် မှု့ အ ရာ ရာ
ရန် ဘေး အ ပေါင်း
ကင်း ဝေး ကြောင်း
ထပ် လောင်း ခါ ခါ
ပို့ မေ တ္တာ
သတိ တ လုံး
လက် ကိုင် သုံး
အ ဆုံး နိဗ္ဗူ တာ
သ တိ ဆို တာ
ဆား ပ မာ
ဘယ် ခါ မ မေ့ ရာ။
(အညံ့ပန်း)

11/7/08

ဝေဒနာသစ်

ဝေ ဒ နာ သစ်
ရင် မှာ ဖြစ်
ဆန်း စစ် ဖွေ ရှာ
အ ဖြေ မှာ ကြည့်
ဗ လာ အ တိ
မ ချိ တင် ကဲ
အ မှန် လွဲ လှ
ပူ ဆွေး ရ သည်
ဘယ် မှာ ဆီ တမ်း
မျှော် ကာ မှန်း လဲ
အ လွမ်း မ ပြေ
စိတ် ဆွေး ဗွေ လီ
နှင်း စက် ရည် ဖြန်း
လွန် အေး ချမ်း မို့
နေ ခြည် ကို တမ်း မျှော် မိ ပြီ
တ ပြေ သူ ကို လှမ်း ခေါ် မိ ပြီ
ဘယ် ဆီ ကို လွမ်း နော် မ သိ ပြီ
သြော်...
သံ ယော ဇဉ် ကြိုး
ချည် နှောင် မျိုး မို့
ပို တိုး ခါ ဆိုး
မ ဆိုး စေ ချင်။
(အ ညံ့ ပန်း)

11/4/08

လ ပြာ သို ပွဲ

ကြောင် ပန်း တော ရ
ခါ ခါ တ
စိတ် မှ အောက် မေ့ ပြီ။
လ ပြာ သို ပွဲ
ခါ ခါ နွဲ
အ မြဲ သွား လို သည်။
သို့ ပါ သော် လည်း
အ မြဲ လွဲ
စိတ် ထဲ လွမ်း ရ သည်။
လွမ်း ၍ မ ပြေ
ကြိုး စား ဖြေ
အခြေ မ လှ
မ ဆုံ ရ
ကံ က ခေ လွန်း ပြီ
ရင် ထဲ က လွမ်း
ပြင် ဘက် ခြမ်း
မျှော် မှန်း ဘယ် ဆီ
တမ်း တ သည်။
ရင် ထဲ မှာ ဆွေး
နုတ် ဆို တေး
လက် ရေး မ ညီ
ကဗျာ သီ
စာ စီ မိ ပါ ပြီ။
(အညံ့ပန်း)

Heart ထိ ရေးမိ ဖတ် ကြည့် သိ


ကောင်း ကင် ပြာ ထဲ တိမ် တိုက် ဝဲ

လေ ထဲ မှာ ဝဲ လိပ် ပြာ ဘဲ

မြက် ခင်း တွေလဲ စိမ်း နေ မြဲ

ငှက် က လေး လဲ တေး ဆို ဆဲ

ကန် ရေ ပြာ လဲ ကြည် လင် ဆဲ

ငါး က လေး လဲ ပျော်မြူး ဆဲ

ပန်း လေး တွေလဲ ပွင့် နေ ဆဲ

ငှက် က လေး လဲ ပျံ ကာ ဝဲ

သက် ရှိ တွေ လဲ ပျော် မြူး ဆဲ

သက် မဲ့ တွေ လဲ လှ ပ မြဲ

သ ဘာ ဝ ပေး ပန် ချီ လေး

ဘယ် ဆေး မ မှီ ဆွေး ဘို့ ရည်

ရေး သီ မိ ခဲ့ ပြီ။

(အညံ့ပန်း)

10/19/08

သစ်ရွက်ကြွေကျလူ့ဘဝ

သစ်ပင်များထက် ရော်ရွက်ဝါလို
ကြွေသက်မြေခ ကြွေချိန်ကျက
ကြွေရမည်မှာ ဓမ္မတာတည်း။
ထို့နည်းတူစွာ လူ့ဘဝလည်း
သေကြနောက်ဆုံး ခန္ဓာတုံးလိမ့်
ကြောက်လှလွန်ကဲ ရွံ့သော်လည်းကွယ်
မမြဲဇီဝိန် ပျက်ပြန်းချိန်၌
ကဝိန်အမော် သမားကျော်တို့
ကုသော်ပေမင့် သေချိန်လင့်က
ကြွေရွက်ဝါလို ထက်ပမာတည်း
သြော်... သစ်ရွက်ကြွေကျ
လူ့ ဘဝ ...သို့...
(အညံ့ပန်း)

10/16/08

အနိုင်းမဲ့ရနံ့

လူ့ဂုဏ်သတင်း
ကျော်ဇောခြင်းကား
အရင်းစစ်က
မြစ်ဖျားခံလာ
ထိုနေရာမှာ
သီလာရနံ့
လွန်သင်းပျံ့၏။
(အညံ့ပန်း)

လူသတင်း

လူ့ဘုံဘဝ
ဤလောကဝယ်
သီလာရနံ့
လွန်သင်းပျံ့က
ဆယ်မျက်နှာမှ
ဖီလာထက်အောက်
အကုန်ရောက်ခါ
ကျော်ဇောရှာသည်
လူသတင်းမှာ
အချင်းချင်းသာ
လူချင်းဆောင်ယူသည်...
(အညံ့ပန်း)

ပန်းသတင်း

လောကအလယ်
ပန်းဥယျာန်ဝယ်
ဘယ်ပန်းရနံ့
ကြွယ်သင်းပျံ့လဲ
အမြဲဖီလာ
မရောက်ရှာဘဲ
လေအောက်ဝဲကာ
ရွေ့ရရှာသည်
ပန်းသတင်းမှာ
အချင်းချင်းသာ
လေညှင်းဆောင်ယူသည်...
(အညံ့ပန်း)

ချစ်တာမုန်းတာဒုက္ခပါ

တဏှာအကြိုက် လှိုက်လှိုက်လှဲလှဲ
အသဲထဲဝယ် စွဲမြဲနှစ်ဝင်
မချစ်ချင်ပါ…
ပူပင်သောက မျက်ရည်စနှင့်
လွမ်းရမှာကို စိုးကြောက်သည်။

ဒေါသမဲမဲ အသဲနှလုံး
တမာဖုံးလျက် မပြုံးမရွှင်
မမုန်းချင်ပါ...
မာန်ဝင်မျက်ရှ ခက်ဒေါသနှင့်
ရန်စရှည်မှာ စိုးကြောက်သည်။

သြော်…ချစ်ခြင်း မုန်းခြင်း
အစဉ်ကင်းလျက် စိတ်ရင်းဖြူစင်
ခပ်သိမ်းသူကို ညီတူဆက်ဆံလိုတကား။
(အညံ့ပန်း)

10/15/08

အညာရေဆန်စိတ်အားသန်

ငယ်စဉ်ကလေး ပညာရေးမှာ ကြိုးစားပါသည်
ပညာသင်ကြား ဆရာများက
ကြိမ်းဝါးအော်ငေါက် ဂေါင်းထိပ်ခေါ်က်ပြန်
ပြန်နောက်မဆုတ် စိတ်ထိန်းချုပ်လျက်
ကုတ်ကုတ်ကာပင် တတ်အောင်သင်သည်
နောင်တွင်များကျိုး ဆောင်သည့်ပိုးဖို့။

အရည်အသွေး မပြောင်သေးခင်
ကလေးကလှောင် ဘေးကပြောင်သည်
လှောင်ပြောင်ဒီတွက် စိတ်မပျက်ပဲ
ရှေ့ဆက်ပြီးတော့ ကြိုးစားလုပ်သည်။

မျက်စိကိုမှိတ် အံကိုကြိတ်ပြီး
ဇွဲစိတ်ထန်ပြင်း အားမာန်တင်းလျက်
အောင်ခြင်းပန်းတိုင်ရောက်ပါသည်။

အောင်မြင်ရေးတွက် ခရီးဆက်ချိန်
စိတ်ပျက်မှုများ လာဆီးတားလည်း
ကိုယ်သွားမြဲလမ်း ကိုယ့်ခြေလှမ်းတော့
တနှမ်းစေ့မျှ မဆုတ်ရ။

ဖြစ်ပါ့မလား ဖြစ်မလားလို့
ယုံမှားဒွိဟ သံသယဖြင့်
နေ့ညချိန်တွေ မကုန်စေနဲ့
ကိုယ့်မျက်လုံးရှေ့ကြုံစုံတွေ့သည့်
ကောက်ကွေ့ထစ်ဖု အမှောင်ထုကို
အောင်မူအောင်ခြင်း အောင်စစ်ခင်း၍
အောင်ခြင်းလမ်းပေါ် လျှောက်စမ်းပါ။

ဆူးငြောင့်ရောပြွမ်း ခရောင်းလွှမ်းသည့်
ကြမ်းတမ်းကွေ့ကောက် လမ်းပေါ်လျှောက်မှ
ပန်းတို့ ထုံမွှမ်း မွှေ့ရာလွှမ်းသည့်
ရွှေနန်းဘုံပေါ်စံရမည်။

ရွှေနန်းဘုံမှာ ဆန်ကုန်မြေလေး
နေထိုင်ရေးနှင့် ချေးသေးများရုံ
မခိုလှုံဘူး ဒီဘုံရွှေနန်း
ဒီကြဌာန်းမှ အောင်ပန်းအမြင့်
တပွင့်ပွင့်ကို လှမ်းလင့်ပိုင်စီး
ဆွတ်ခူးပြီးမှ ခရီးတလှမ်း
ရှေ့ကိုဆက်မည် ပင်ပန်းလွန်းလို့သေစေတော့။

(အညံ့ပန်း)