5/13/10
ဘဝမှာအရာအားလုံးပြီးပြည့်စုံခြင်းဆိုတာ ပိုက်ဆန်ရှာဖွေစုဆောင်းခြင်း တစ်ခုတည်းမဟုတ်ပါဘူး။
“သားရေ မင်းကိုစိတ်ညစ်အောင်လာလုပ်တာမဟုတ်ပါဘူးကွာ။ မင်းကိုငါ မပြောမဖြစ်ပြောရတော့မယ်။ မင်းအမေကို ငါ သည်းခံပြီး အတူတူနေလာတာနှစ်ပေါင်း ၃၅နှစ်ကျော်နေပြီ။ ဒီတစ်ခါတော့ငါသည်းညဉ်း မခံနိုင်တော့ဘူး။ သူနဲ့ငါနှစ်ဦးသဘောတူကွာရှင်းဖို့ ဆုံးဖြတ်လိုက်ကြပြီ။”
“အဖေ ဘာတွေလာပြောနေတာလဲ” သားဖြစ်သူဟာအဖေဖြစ်သူကိုအော်ပြီးလှမ်းပြောလိုက်တယ်။
“မင်းအမေနဲ့ငါသဘောထားမတိုက်ဆိုင်တာများနေပြီ သား။ ငါကမင်းအမေကိုစိတ်ကုန်သလို မင်းအမေလည်း ငါ့ကိုတော်တော် စိတ်ကုန်နေပြီ။ဒီတော့ ဟောင်ကောင်မှာရှိတဲ့မင်းအစ်မ ကို ဖုန်းနဲ့ လှမ်းခေါ်ပြီး မင်းဘဲပြောလိုက်တော့”ဖခင်ဖြစ်သူကဒီလိုပြန်ပြောလိုက်တယ်။
ဖခင်ဖြစ်သူဖုန်းပြောအပြီးမှာ သားဖြစ်သူဟာ ဟောင်ကောင်မှာရှိနေတဲ့အစ်မဖြစ်သူကိုဖုန်းဆက်ပြီးအကြောင်းစုံ ပြောပြလိုက်တယ်။ အစ်မဖြစ်သူဟာဒီသတင်းကိုကြားကြားခြင်း
“ဘာ!!! တော်တော် မောင်လေး ဒီလူကြီးတွေတော့အဓိပါယ်မရှိတာတွေလျှောက်လုပ်နေကြတယ်။ နင်ဘာမှစိတ်မပူနဲ့။ ငါ့တာဝန်ထား။ငါအခုအဖေဆီကိုလှမ်းဆက်လိုက်မယ်။” အစ်မဖြစ်သူက အော်ပြီးလှမ်းပြော လိုက်ခြင်းဖြစ်သည်။
သူမဟာသူမမောင်လေး ဖုန်းကိုချလိုက်ပြီးချက်ခြင်းဘဲ ဖခင်ဖြစ်သူရှိရာကိုဖုန်းလှမ်းခေါ်လိုက်တယ်။
“ဖေဖေ သမီးကိုမောင်လေးပြောပြလို့ ဖေဖေတို့သတင်းကို ကြားပြီးပြီ။သမီး နဲ့မောင်လေး မရောက်မခြင်း ဖေဖေတို့ဘာတစ်ခုမှမလုပ်ကြပါနဲ့။ သမီး နဲ့မောင်လေး အခုဘဲလေယာဉ်လက်မှတ်မှာလိုက်ပြီး မနက်ဖြန် ဖေဖေတို့ဆီကိုအရောက်လာခဲ့မယ်။ သမီး တို့မရောက်မလာမခြင်း ဘာတစ်ခုမှမလုပ်ကြပါနဲ့အုန်းနော်။ သမီးပြောတာသဘောပေါက်တယ်နော် ဖေဖေ။”
သမီးဖြစ်သူက သူမစိုးရိမ်ကြောင်းနဲ့ မဖြစ်မနေ ရောက်အောင်လာမည်ဖြစ်ကြောင်းကို ပြောပြီး ဖုန်းချ သွားခဲ့တယ်။
ဖခင်ဖြစ်သူဟာ သူ့သမီး ဖုန်းပြောတာကိုချလိုက်ပြီး တစ်ဖက်ကိုလှည့်ပြီး သူရဲ့ ဇနီးကို ဒီလို လှမ်းပြော လိုက်တယ်
“ မေကြီးရေ.....အိုကေသွားပြီ။ အားလုံးကမှန်းထားတဲ့အတိုင်း ကွက်တိဘဲ။ ဘယ်လိုမှခေါ်လို့မရတဲ့ဒီသား နဲ့သမီး ၊ အလုပ်တွေ ရှုပ်ပါတယ်ဆိုတဲ့ ကလေးတွေ မနက်ဖြန် မေကြီး ရဲ့ မွေးနေ့ကို လူကိုယ်တိုင် အရောက်လာကြတော့မယ်။”
(တစ်နှစ်မှာ ရှိတဲ့ ၃၆၅ ရက် တိုင်း မှာ လူတိုင်းလူတိုင်း ဟာအမြဲဘဲ အလုပ်တွေများနေကြတာပါ။ ဒီလိုနေ့တွေထဲက တစ်ရက်ရက်လောက်တော့ သင်ကိုချစ်တဲ့သူတွေ ဆီမှာသွားရောက်အချိန်ကုန် သင့်ပါတယ်။ အလုပ်ဆိုတာ ကျွန်တော်တို့ မသေမခြင်း လုပ်သွားရမှာပါ။ မိဘတွေဆိုတာတော့ သူတို့ ရှိတုန်း သာ ကျွန်တော်တို့တွေ့ ရမှာဖြစ်ပါတယ်။ အလုပ်လုပ်ရမှ၊ပိုက်ဆန်ရှာဖွေစုဆောင်းရမှ ကျွန်တော်တို့ ဘဝမှာ အရာအားလုံးပြီးပြည့်စုံနိုင်တယ်ဆိုတာကတော့ တစ်စိတ်တစ်ဒေသဘဲမှန်မှာပါဗျာ။
အညတြ(ခေတ္တနယူးယောက်ခ်)
ဘာသာပြန်သည်။
9/16/09
ငါးမိနစ်လေး
တစ်နေ့တာရဲ့ ညနေပိုင်းအချိန်...ပန်းခြံတစ်ခုရဲ့ ကလေးတွေဆော့ကစားတဲ့ ကစားကွင်းငယ်လေး တစ်ခုမှာ
ကလေးငယ်တစ်ဦးရဲ့ မိခင်ဟာ တစ်ခြားကလေးငယ်တစ်ဦးရဲ့ ဖခင် နဲ့မလှမ်းမကမ်းမှာ ထိုင်ပြီး
စကားလက်ဆုံကြနေခဲ့တယ်။ အမျိုး သမီးဖြစ်သူက “ဟိုမှာ ဒန်းစီး နေတဲ့ကလေး ကကျွန်မရဲ့ သားပေါ့”
သူမက အနီရောင် ဆွယ်တာဝတ်ထားတဲ့ အသက်၆နှစ်အရွယ်ကလေး ငယ်လေး ကိုလက်ညှိုးထိုးပြီး
လှမ်းပြောလိုက်တယ်။ “ကလေးက တော်တော်လိမ္မာ မဲ့ပုံပါဘဲဗျာ” အမျိုးသားဖြစ်သူက ပြန်လည်
ပြောလိုက်ခြင်းဖြစ်သည်။ “ဟိုဖက်မှာကစားနေတဲ့အပြာရောင်ဝတ်ထားတဲ့ ကလေးကတော့
ကျွန်တော်သားပါ” အမျိုးသားဖြစ်သူဟာ အဲဒီလိုပြောရင်းသူရဲ့လက်မှာပတ်ထားတဲ့နာရီဆီကို
မျက်စိ ရောက်သွားပြီး သားဖြစ်သူ ကိုလှမ်းခေါ်လိုက်တယ်။“သားလေးသီဟရေ...အိမ်ပြန်ရအောင်သား”
သားဖြစ်သူက ခေါင်း ကလေး ငြိမ့်ပြလိုက်ပြီး ဖခင်ဖြစ်သူကိုဒီလိုလှမ်းပြောလိုက်တယ်။
“ဖေဖေ ရေ နောက်ထပ် ၅မိနစ် နော်...ဖေဖေ ၅မိနစ်ဘဲ” ဖခင်ဖြစ်သူက ခေါင်းငြိမ့်ပြလိုက်တော့ သား
ဖြစ်သူကပျော်သွားပြီးခုန်ပေါက်ကစားနေလိုက်တယ်။ ၅မိနစ်ကျော်သွားပြီးနောက် ဖခင်ဖြစ်သူ ကထိုင်နေရာမှ
မှတ်တပ်ရပ်လိုက်ပြီး သားဖြစ်သူကိုထပ်မံလှမ်းခေါ်လိုက်တယ်။ “သားရေ အချိန်ပြည့်ပြီ သွားရအောင်”
သားဖြစ်သူ ကထပ်မံပြီးခေါင်းငြိမ့်ပြလိုက်တယ်။ “ဖေဖေရေနောက်ထပ်၅မိနစ်လောက် ၅မိနစ်ဘဲ”
ဖခင်ဖြစ်သူက ပြုံးလိုက်ပြီး “ကောင်းပြီးသား” “ရှင်က ကလေးအပေါ် သိပ်စိတ်ရှည်တာဘဲနော်” ဘေး
အနား မှာ ရှိသောအမျိုးသမီး လှမ်းပြောလိုက်ခြင်းဖြစ်သည်။အမျိုးသားဖြစ်သူက သူမကိုပြုံး ပြီး ဒီလို
စကားရှည်ကို လှမ်းပြောလိုက်တော့တယ်။ “ကျွန်တော့်သားကြီး ကဒီပန်းခြံနားမှာ မူးနေတဲ့
ကားမောင်းသမား ကြောင့် စက်ဘီးစီးနေရာကနေ ကားတိုက်ခံရပြီး မနှစ်ကမှဆုံးသွားတယ်။ကျွန်တော်က
သားကြီး သူရ နဲ့ ဒီလိုမျိုး ပန်းခြံလာတာတို့သူနဲ့အတူတူနေပြီး အချိန်ကုန်တာမျိုး တို့ မလုပ်နိုင်ခဲ့ဘူး။
လုပ်ဖို့လဲအချိန်က မပေးနိုင်ခဲ့ဘူးလေ။ဒီလိုမျိုး အဖြစ်တွေကို ကျွန်တော့် သားငယ်ကိုမဖြစ်စေချင်ဘူး။
သားငယ်ကတော့သူ၅မိနစ်လောက် ထပ် ပိုပြီး ကစားရတယ်ဆိုပြီးထင်နေမှာ။အမှန်တကယ်တော့ကျွန်တော်
က ရလိုက်တာပါ။ကျွန်တော်ကသူကစားနေတာကိုနောက်ထပ် ၅မိနစ်ပိုပြီးကြည့်လိုက်ရတာပါ။
ဘဝဆိုတာ ပညတ်ထားတဲ့ အခွင့်အရေးတွေ ဦးစားပေး အနစ်နာခံမှု့တွေနဲ့ပြည့်နက်နေခြင်း
လည်းဖြစ်တယ်။ သင့်ရဲ့ဦးစားပေးအနစ်နာ ခံမှု့ ကရောဘာတွေဖြစ်မလဲ။ဒီနေ့ကစပြီး သင့်ရဲ့
ချစ်ခင်အနှစ်သက်ဆုံးသူကို ၅မိနစ်လောက်အချိန်ပေးပေးပါ။
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.piffe.com/inspiration/five-more-minutes.php
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
9/11/09
တိုးတက်မှူ့ရရန်ဆောင်ရွက်ပုံ
ရိုးသား လှသော ဝယ်သူတစ်ဦး က အံ့သြ ချီးမွန်းစကားကိုဆိုနေလိုက်တယ်။
"နောင်ကြီး ရေ...နောင်ကြီး က ဘာတွေ ဘယ်လို လုပ်လို့ ဒီလောက် ထိတောင်
တော်နေရတာလဲဗျ။ခင်ဗျား ဘာဘဲလုပ်လုပ် အကုန်အလုပ်ဖြစ်နေတယ်။"
ဆိုင်ရှင်က အခြားဝယ်သူ တွေ မကြားအောင် နှစ်ကိုယ်ကြားတိုးညှင်းစွာ ဒီလိုပြန်ဖြေ
လိုက်တယ်။
“ကျွန်တော် ဘယ်သူ့ကိုမှဒီကိစ္စ နဲ့ ပက်သက်ပြီး မပြောပြဖူးဘူး။ ”
“ဒါပေမယ့် ခင်ဗျားဟာ အရမ်းရိုးသား ဖြူ စင်တာကြောင့် ကျွန်တော်ခင်ဗျား ကိုပြောပြပါ့မယ်။ ကျွန်တော် ဒီလို
လုပ်ငန်းတွေကို ကောင်းကောင်း လည်ပတ်နေနိုင်အောင် စဉ်းစားဥာဏ်တွေရတာက ငါးခေါင်းကိုများများ
စားလို့ဖြစ်ရတာပါ။ ခင်ဗျားလည်း ကျွန်တော်လိုငါးခေါင်းများများ စားရင် ဥာဏ်ကောင်း ပြီး ဘယ်လုပ်ငန်းကို
ဘယ်လိုလုပ်ရမယ်ဆိုတာ သိလာလိမ့်မယ်။”
“ဟုတ်လား ။ခင်ဗျား ဆီမှာ အဲဒီငါးခေါင်းတွေရောင်းလားဗျ။” ရိုးသား သောဝယ်သူကမေးလိုက်သည်။
“ရောင်းတယ်။ ငါးခေါင်းတခု ကို ၄ဒေါ်လာ ဘဲကြတယ်။” ဆိုင်ရှင်ကပြန်ဖြေလိုက်သည်။
ရိုးသားသောဝယ်သူ က ငါးခေါင်း ၃ကောင်ဝယ်သွားခဲ့သည်။
တပတ်ခန့်ကြာသောအခါ....ထိုရိုးသားသောဝယ်သူ ကဆိုင်ရှင်ထံပြန်ရောက်လာပြီး ငါးခေါင်းမှာ အင်မတန်
ခါးကြောင်း နှင့် သူ၏ဥာဏ်ရည်မှာ တိုးတက်လာခြင်း မရှိကြောင်း ပြစ်တင်ပြောဆိုလိုက်သည်။
“ခင်ဗျား ငါးခေါင်းစားတာ မလုံလောက်သေးလို့ပါဗျာ။” ဟု လူလည်ဆိုင်ရှင်ပြန်ဖြေလိုက်သည်။
ထိုအဖြေကိုကြားသော ရိုးသားသောဝယ်သူ သည် ငါးခေါင်း အကောင် ၂၀ ဝယ်၍ အိမ်သို့ပြန်သွားခဲ့သည်။
နှစ်ပတ်ခန့်ကြာသောအခါ ထိုရိုးသားသောဝယ်သူ သည် ဒေါသတကြီး ဖြင့် ဆိုင်ရှင်ထံရောက်လာပြီး
ပြောလိုက်သည်။
“ဟေ့လူ ခင်ဗျား ကျုပ်ကိုငါးခေါင်း တကောင်ကို၎ဒေါ်လာနဲ့ရောင်းတယ်။ ခင်ဗျားပြောတော့အဲဒီငါးခေါင်း စား မှ
ကျုပ် ဥာဏ်ကောင်း ပြီး လုပ်ငန်းသစ်တွေဘယ်လိုလုပ်ရမယ်ဆိုတဲ့အတွေးတွေပေါ် လာမယ်ဆို။ တကယ်ဆို
ကျုပ်တခြားဆိုင်မှာ ငါးတကောင်လုံး ဝယ်မယ်ဆိုရင် တကောင်လုံး မှ ၂ဒေါ်လာဘဲကြတယ်ဗျ။ ခင်းဗျား က
ကျုပ်ကို ငါးခေါင်းချည်းသက်သက်ကို၎ဒေါ်လာနဲ့ရောင်းတယ်။ဒါ ခင်ဗျားကျုပ်ကိုသက်သက်ညစ်နေတာဘဲ။”
ထိုလူစကားအဆုံးမှာတော့ ဆိုင်ရှင်ဖြစ်သူက ဒီလိုပြန်ပြောလိုက်တော့တယ်။
“ကြည့်ကြည့် ခင်ဗျား အရင်ကလိုမဟုတ်တော့ဘူး။ ခင်ဗျား ဆီမှာ တွက်ချက်တတ်တဲ့ဥာဏ်တိုးလာပြီ။”
(ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ လူတိုင်းလူတိုင်း ဟာသူတို့ဘဝတွေတိုးတက်ဖို့အတွက် ရိုးသားမှု့နဲ့ ကြိုးစားမှု့တော့ရှိ ကြပါတယ်။ ဒါပေမယ့် ရိုးသားမှု့ကိုအရင်းခံပြီး မှန်မှန်ကန်ကန်ကြိုးစားရင်တော့ ဘယ်သူမဆို သူသွားချင်တဲ့ပန်းတိုင်ကိုတော့ တနေ့ရောက်ရမှာမလွဲပါဘဲ။ မှန်ကန်စွာကြိုးစားနိုင်ပါစေလို့ဆန္ဒပြုလျှက်...)
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.guy-sports.com/humor/stories/story_fishy.htm
အထက်ဖော်ပြပါငါးခေါင်းပုံနှင့် မူရင်း ကြောင်းအရာ ကို အထက်ဖော်ပြပါ ဝက်ဖ်ဆိုဒ်တွင် ပြန်လည် ကြည့်ရှု နိုင်သည်။
12/17/08
ရွာသားလေးရဲ့ အမြင်
ဒါကြောင့် မြို့ကြီးသား ဖြစ်သူက ချီးမွမ်း စကားလှမ်းပြောလိုက် ပြီး မေးလိုက်တယ်။
“ မိတ်ဆွေ ဒီငါး ကြီး တွေက တော်တော်လေးကို ကြီး တာပဲဗျ။ ဘယ်လောက် အချိန်ကြာကြာ ဖမ်းလိုက်ရလဲဗျ။”
ရွာသား ဖြစ်သူက ပြန်ဖြေလိုက်တယ်။ “ သိပ်မကြာလှပါဘူး နောင်ကြီး ။နေ့ဝက် လောက်တင်ပါ။ ”
အဲဒီနောက်မှာ မြို့ကြီးသား ဖြစ်သူက မေးလိုက်ပြန်တယ်။ “သိပ်ကြာကြာမဖမ်းရ ရင် ကြာ ကြာ နေပြီး ငါးများများဖမ်း ပေါ့ဗျာ။”
ရွာသားဖြစ်သူက “ ကျွန်တော့် အတွက် ဒီလောက်ဆိုကျွန်တော် မိသားစု အတွက် တပတ်စာ စားဝတ်နေရေး အတွက် လုံလောက်နေပါပြီ။”
မြို့ကြီးသားဖြစ်သူက “ ဒါဆိုခင်ဗျား ရဲ့ ကျန်တဲ့ အချိန်တွေမှာ ဘာတွေလုပ်လဲဗျ။” လို့ မေးလိုက်ပြန်တယ်။
ရွာသားက ပြန်ပြောလိုက်တယ်။ “ ကျွန်တော်က ကောင်းကောင်း အိပ်တယ်။ကလေးတွေ နဲ့ ဇနီး ကို အချိန် ပေးတယ်။ မနက် စောစောထပြီး ရွာဦးကျောင်းမှာ ဆွမ်းကပ်တယ်။ နောင်ဘဝ အတွက်ဆုတောင်းတယ်။ တရားကျင့်တယ်။ ညဆို တရားဆွေးနွေးတယ်။”
မြို့ကြီးသားဖြစ်သူက လှောင်ပြောင်သောအသံနှင့် “ ကျွန်တော် က အမေရိကန်နိုင်ငံ မှာရှိတဲ့ နာမည်ကြီး တဲ့ တက္ကသိုလ် က စီးပွားရေး အဓိက နဲ့ ကျောင်းပြီးတာပါ။ မိတ်ဆွေသာ မိတ်ဆွေရဲ့ အချိန်တော်တော်များများ ကို ငါးများများ ရအောင်မျှား ပြီး နေ့ တိုင်းကြိုးစားမယ် ဆိုရင် နောက် ဆို လှေကြီးကြီးဝယ် နိုင်မယ်။ လှေကြီးကြီး ရပြီးရင် နောက် လှေ တော်တော် များများ ကို ထပ်ဝယ် မယ်။ ဒီအကျိုးဆက်တွေကြောင့် မိတ်ဆွေ ဆီမှာ လှေတော်တော်များများ ပိုင်ဆိုင် နိုင်လာမယ်။ ပြီးရင် မိတ်ဆွေကိုယ်တိုင် မြို့ကြီး ကိုတက် ပြီး ငါးတွေ၊ ငါးခြောက်တွေ ရောင်းမယ်။ အဲဒီကနေ တဆင့် နိုင်ငံခြား ကို ဒါရိုက် တင်ရောင်းမယ်။ မိတ်ဆွေဟာ ကိုယ်တိုင်ငါးမျှားမယ်။ ကိုယ်တိုင် ရောင်းမယ်။ ဒီ အကျိုးဆက်တွေကြောင့် ကုမ္မဏီ တွေဖွင့်မယ်။ ပြီးရင် ဒီ လို သေးငယ်တဲ့ မြို့ ကနေ မြို့ ကြီး ကို ပြောင်းမယ်။ အဲဒီကနေ တဆင့် စင်္ကာပူ မှာ အိမ်ဝယ် မယ်။ သြစတြေးလျ မှာ အိမ်ဝယ် မယ်။ ဂျပန် မှာ အိမ်ဝယ် မယ်။ ဒါ ဆိုရင် ဘယ် နေရာမဆို သွားချင်သလို သွားလို့ ရပြီ လေ ။ မဟုတ်ဘူးလားဗျ။”
ရွာသားကြီး ဟာစကားအရှည် ကြီး ပြောချလိုက်တဲ့ မြို့်ကြီးသား ကို ကြည့်လိုက် ပြီး ဒီ လိုမေးလိုက်တယ်။ “ဒါနဲ့ အဲဒါတွေ ဖြစ်အောင် လုပ်ဖို့ အချိန်ဘယ်လောက် လိုလဲဗျ။”
မြို့ကြီးသား က “အင်းအနည်းဆုံး ၂၀ - ၂၅ နှစ်လောက် လိုတယ်။”
“ဟုတ်ပါပြီဗျာ။ ကဲ အဲဒီလို ချမ်းသာလာပြီးရင် နောက် ဆက် ပြီးဘာတွေ ဖြစ်အုံး မှာလဲဗျ။” ရွာသားကြီး က ထပ်မေးပြန်တယ်။
မြို့သားကြီး ကရယ်မောလိုက်ပြီး ပြောလိုက်တယ်။ “ ခင်ဗျားအဲဒီလိုချမ်းသာလာပြီးရင် ခင်ဗျားကူမ္မဏီ ကနေ ရှယ်ယာတွေ ကို ခေါ်ပြီး ရောင်းမယ်။အဲဒီနောက် မှာ မိတ်ဆွေက ကမ္ဘာပေါ် မှာ ကုဋေ ကြွယ် သူဌေးကြီးဖြစ်ပြီပေါ့ဗျာ။”
“ကုဋေကြွယ် သူဌေးကြီး ဟုတ်လား ရောင်ရင်း။ အဲဒီလိုဖြစ် ပြီး သွားရင်ကော ဘာတွေ ဖြစ်အုန်းမလဲ။” ရွာသား က ထပ်တခါမေးလိုက်ပြန်တယ်။
မြို့ကြီးသားက ရွာသားကြီး ကို သေချာစွာဒီလို ပြန်ပြော လိုက်ပြန်တယ်။ “အဲဒါ တွေ အားလုံး ဖြစ် ပြီးသွားရင် မိတ်ဆွေ အေးအေး ဆေးဆေး အနားယူလို့ ရပြီ။ ရှယ်ယာတွေ အကုန်ရောင်း။အိမ်တွေ အကုန်ရောင်း ။ပြီးရင် ဒီ လို အေးချမ်းသာယာ ပြီးနေချင်စရာ ကောင်းလှတဲ့ ရွာ ကလေး မှာနေ။ ပြီးရင် ကောင်းကောင်း အိပ်။ကလေးတွေ နဲ့ ဇနီး ကို အချိန် ပေး။ မနက် စောစောထပြီး ရွာဦးကျောင်းမှာ ဆွမ်းသွားကပ်။ နောင်ဘဝ အတွက်ဆုတောင်း။ တရားကျင့်။ ညဆို တရားဆွေးနွေး။ဘယ်လိုလဲမိတ်ဆွေ မကောင်းပေ ဘူးလား။ ”
(ကျွန်တော်တို့တတွေဟာ အိမ်အပေါ် ထပ်က လူကိုကြည့်ပြီး အားကြိုးမာန်တက် နေ့မအား ညမနား စိတ်ပန်း လူပန်း ကြိုးစား မနေသင့်သလို အိမ်အောက်ထပ်က လူကို ကြည့်ပြီး ပြုံးပျော်ရွှင်မြူး မနေသင့်ပါဘူးလေ။ ကျွန်တော်တို့ တတွေဟာ ကျွန်တော်တို့ ရောက်ရှိတဲ့ နေရာလေးမှာ တင်းတိမ်ရောင့်ရဲ စွာဖြင့် ကြိုးစားနေထိုင်သင့် ပါတယ်လေ။ အမှန်တကယ် တော့တချိန်မှာ ကျွန်တော်တို့ သွားရမယ့် ပန်းတိုင်က တနေရာတည်းပါ။ ဒီလိုပန်းတိုင် တူမယ့် နေရာလေး ကို ဘယ်လိုပုံစံမျိုး နဲ့ ရောက်တာလေးပဲ ကွာဟ တာပါ။တင်းတိမ်ရောင့်ရဲ ခြင်းဖြင့် ပျော်ရွှင် နိုင်ပါစေ။)
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.naute.com/inspiration/fisherman.phtml
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
12/14/08
အီးမေးလ် လိပ်စာအမှား
နေတဲ့ ချီးကာဂို ပြည်နယ် ကနေ ရာသီဥတု သာယာပြီး အပူချိန် အားကောင်း တဲ့ ဖလော်ရီဒါ ပြည်နယ် ဖက်ကို
ရုံးပိတ်ရက် မှာ အပန်းဖြေ ခရီးထွက် ခဲ့ကြတယ်။
အဲဒီအမျိုးသားရဲ့ ဇနီး ဖြစ်သူကတော့ အလုပ်ကိစ္စ ကြောင့် ခရီး ထွက်နေပြီး နောက်တနေ့ မှ ခင်ပွန်းဖြစ်သူနဲ့ ဖလော်ရီဒါမှာတွေ့ ဖို့ ချိန်းထား ခဲ့တယ်။
အမျိုးသားဖြစ်သူ ဟာဟိုတယ် ကိုရောက်တဲ့အခါ မှာ သူရဲ့ ဇနီးဖြစ်သူ ဆီကို အီးမေးလ်ပို့ဖို့ ကို
ဆုံးဖြတ်ချက်ချလိုက်တယ်။
အမျိုးသား ဖြစ်သူဟာ သူ့ဇနီးဖြစ်သူရဲ့ အီးမေးလ်လိပ်စာ ရိုက်တဲ့ အခါမှာ သူဟာ စာလုံးတစ်လုံး ရိုက်ဖို့
ကျန်သွားခဲ့တယ်။
ဒါကြောင့် သူရဲ့အီးမေးလ်ဟာ အမျိုးသ္မီး တစ်ယောက်ရဲ့ အီးမေးလ်လိပ်စာ ကို ရောက်သွားခဲ့တယ်။
အမှန်တကယ် တော့ အီး မေးလ် ပိုင်ရှင်ဖြစ်သူ (အမျိုးသ္မီး) ရဲ့ ခင်ပွန်း ဖြစ်သူက မကြာသေးခင်ကမှ ဆုံးပါးသွားခဲ့တယ်။
ခင်ပွန်းသည် ဆုံးပါးသွားတာကြောင့်ဝမ်းနည်းပက်လက် ဖြစ်နေတဲ့ မုဆိုးမဖြစ်သူဟာ သူမအီးမေးလ်တွေ ကို
မစစ်ဆေးတာ ကြာသွားတာကြောင့်စစ်ဆေးနေ ခဲ့တယ်။
သူမဟာ ကွန်ပြူတာ ဖန်သားပြင်ကို ငေးမောနေခဲ့တယ့် ခဏ အကြာမှာတော့ ရုတ်တရက်
အော်ဟစ် လိုက်ပြီး ကွန်ပြူတာ ကြည့်နေတဲ့ ခုန်လေးပေါ်ကနေ ကြမ်းပြင်ပေါ် ကိုနောက်ပြန်လဲကျသွားတယ်။
သူမရဲ့ အသံကြောင့် အိမ်သူ/သား တွေဟာ သူမရဲ့ အခန်းထဲကို ဝရုန်းသုန်းကား ပြေးလာကြပြီး
အံ့အားသင့်နေတဲ့ မျက်လုံးတွေနဲ့ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ သူမ နှင့် ကွန်ပြူတာပေါ်မှာ ရေးထားတဲ့
စာသားတွေ ကို တွေ့လိုက် ကြတယ်။
ကွန်ပြူတာ ပေါ်ကစာတွေကတော့
(ချစ်လှစွာသောမိန်းမရေ....
ကိုယ် အခုမှဘဲ စာရင်းပေးလိုက်တယ်။
မိန်းမ မနက်ဖြန် ဒီကိုလာဖို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ အခုမှဘဲပြီးသွားတယ်။
မနက်ဖြန် တွေ့မယ်နော် မိန်းမ။
စာကြွင်း။ ။ မိန်းမရေ ဒီမှာတော့ တော်တော် ကို ပူတယ်။)
.................................................................................................................................
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://inspireme.net/funny_stories/101-funny-short-stories.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
(သတင်းစာထဲမှာ ဒါလေးကိုထည့်ပေးပါ။ )
.........................................................................................................
“ဟယ်လို မင်္ဂလာပါ (....) သတင်းဌာန ကပါ။” မြို့ကလေးတမြို့ ကသတင်းစာဌာန တခုမှာ သတင်းလက်ခံသူ တယောက် ဖုန်းဖြေလိုက်သောအသံဖြစ်သည်။
တဖက်ဖုန်းမှ အမျိုးသ္မီး တယောက် စကားသံကြား လိုက်ရသည်။“ဟုတ်ကဲ့ နာရေးကြောငြာထည့် ချင်လို့ပါ။ ဘယ်လိုပေးရပါသလဲ”
“စာတလုံး ကို ၅ဒေါ်လာ ပေးရပါတယ်။” မိန်းမကြီးမေးခွန်းကို တဖက်မှ ပြန်ဖြေလိုက်သည်။
“ ကောင်းပါပြီ။ ရှင့်မှာ ကျွန်မပြောတာကိုလိုက်ရေးဖို့် အဆင်သင့်ရှိပြီလား။”
“ဟုတ်ကဲ့ဗျ အဆင်သင့် ဖြစ်နေပါပြီ။”
“အို ကေ ဒါလေးကိုရေးပေးပါ။ (ကိုအေး သေသည်)”
“ဆောရီးဘဲခင်ဗျ။ကျွန်တော် တခုပြောဖို့ကျန်သွားတယ်ဗျ။ နာရေးကြေငြာက အနည်းဆုံး စာလုံး (၁၀)လုံး ထည့်ရတယ်ဗျ။ အခု ဟာက (၄)လေးလုံးပဲ ရှိသေးတယ်ဗျ။” သတင်းလက်ခံသူကပြန်ပြောလိုက်သည်။
“ဟင်းးးးးး” တဖက်က အမျိုးသ္မီး သက်ပြင်းရှည်ချ လိုက်သံဖြစ်သည်။
“ ရှင်က အရေးကြီးတာ ကိုမေ့နေတယ်” ဖုန်းစကားပြောသံ တခဏမျှ တိတ်ဆိတ်သွားသည်။ “ရှင့်မှာ ဘောလ်ပင် နှင့် စာရွက် ရှိတယ်နော်။”
“ဟုတ်ကဲ့ဗျ”
“ကောင်းပြီ ဒါကိုရေး လိုက်ပါ။ (ကိုအေး သေသည်။သူ့ကားရောင်းရန် ရှိသည်။)
...................................xxx....................xxx....................xxx.........................................................
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.inspireme.net/funny_stories/ ... tories.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
12/11/08
နွားနို့တခွက်
သူမဟာ ကိုသူရ ကို သေသေချာချာ အကဲခတ်ကြည့်လိုက်တယ်။ သူဟာဆာလောင်နေပုံ ရတာကြောင့် ရေအစား နွားနို့ အပြည့် တခွက် ယူလာပြီးပေးလိုက်တယ်။ ကိုသူရ ဟာအမျိုးသမီးယူလာပေးတဲ့ နွားနို့ ကို အေးဆေးစွာသောက်လိုက် ပြီး အမျိုးသမီး ကိုလှမ်းမေးလိုက်တယ်။ “ကျွန်တော် ဘယ်လောက်ပေးရမလဲဗျ။ ”
“ရှင်ဘာတခုမှပေးစရာ မလိုပါဘူး” လို့ သူမ လှမ်းဖြေလိုက်တယ်။ “ကျွန်မ အမေကသင်ပေးထားပါတယ်။ စေတနာနဲ့ ကူညီတာအဖိုးအခ မယူရပါဘူးရှင်”
အဲဒီနောက်မှာ လူငယ်လေးဟာ “ကျွန်တော့် ရင်ထဲကနေ ကျေးဇူးအထူးတင်ပါတယ်ဗျာ။” လို့ပြောပြီး သူမအိမ်ကနေထွက်လာခဲ့တယ်။ သူမ တိုက်လိုက်တဲ့ နို့တခွက် ဟာလူငယ်လေးဖြစ်တဲ့ ကိုသူရ အတွက်တော့ အားအင်တွေပြန်လည်ပြည့်စုံစေသာမက ကိုသူရ ရင်ထဲမှာ သူစိမ်းတယောက် ရဲ့ကူညီတတ်မှု့တွေကို ကျေးဇူးတင်နေမိတော့တယ်။
အဲဒီအဖြစ်အပျက်ဖြစ်ပြီး နှစ်တွေအတန်ကြာတဲ့နောက်မှာတော့ အဲဒီအမျိုးသမီး ဖြစ်သူဟာ အပြင်းအထန် ဖျားပါတော့တယ်။သူမတို့ မြို့ က ဆရာဝန်တွေဟာ အထွေထွေ ကုသတဲ့ သာမန်ဆရာဝန်တွေဖြစ်တာကြောင့် သူမရဲ့ ရောဂါကို ကောင်းမွန်စွာမကုသနိုင်ခဲ့ဘူး။ ဒါကြောင့် သူမကိုအနီးနားမှာရှိတဲ့ မြို့ကြီးတစ်မြို့ မှာအထူးကုဆရာဝန် တွေနဲ့ ပြသဖို့ သူမကိုလွှတ်လိုက်တယ်။
သူမ ရောက်လာတဲ့ ဆေးရုံမှာ တော့ ဒေါက်တာ သူရ ဟာ ဆေးရုံအုပ်ဆရာဝန်အဖြစ် တာဝန်ကြ နေခဲ့ ပါတယ်။ ဒေါက်တာသူရ ဟာ လူနာစာရင်းမှာ လူနာရဲ့ မြို့နာမည်လေးကြားပြီး စိတ်စောစွာနဲ့သူမရှိရာ လူနာဆောင် ကို မပြေးရုံတမယ် အပြေး ကလေးရောက် လာ ခဲ့ ပါတယ်။ သူမအနီးနားရောက်လာတဲ့ အခါမှာ သူမ ကို ချက်ခြင်းဘဲမှတ်မိလိုက်တယ်။ ဒေါက်တာ သူရ ဟာအဲဒီနေ့ မှာ အိမ်မပြန်တော့ပဲ သူမ ရဲ့ သွေးစစ်တန်းစာရွက် တွေကို သေချာစွာ စစ်ဆေးပြီး သူမရဲ့ ရောဂါကို ဒေါက်တာ သူရ ဟာအကောင်းဆုံးဖြစ်အောင် ကုသခဲ့တယ်။ ဒေါက်တာသူရ ရဲ့ ကြိုးစားပမ်းစားကုသမှု့ကြောင့် သိပ်မကြာ လှတဲ့ရက် တွေမှာ သူမရဲ့ ရောဂါဟာပျောက်ကင်းခဲ့ရတယ်။ သူမရဲ့ နောက်ဆုံးဆေးရုံ ဆင်းရမယ့် ရက် မှာတော့ ဒေါက်တာသူရဟာ ကုန်ကျစရိတ်တွက်ချက်တဲ့ဌာန မှာ သူမရဲ့ နောက်ဆုံးကုန်ကျငွေ စာရင်း ဖြတ်ပိုင်း ကို သွားယူပြီး စာရင်းဖြတ်ပိုင်းပေါ်ကစာရွက် အလည်တည့်တည့်မှာ တစုံတခုကိုရေးချလိုက်တယ်။ အဲဒီနောက်မှာ ဖြတ်ပိုင်းလေးကို သူမဆီကို ပို့လိုက်တယ်။ သူမ ဟာလူနာ ကုန်ကျငွေ ဖြတ်ပိုင်းကို ဖွင့်မကြည့်ရဲအောင်ပါဘဲ။ ဘာလို့လဲဆိုတော့ ဒီ ကုန်ကျငွေဟာ သူမတသက်လုံးရှာထားသမျှပိုက်ဆံ တွေနဲ့ ပေးဆပ်ရင်တောင် လုံလောက်မယ်လို့တောင် သူမ မထင်ထားလို့ ပါဘဲ။
သူမဟာနောက်ဆုံးမှာတော့ စိတ်အားတင်းပြီး ဖြတ် ပိုင်းလေးကို လှန်ကြည့်လိုက်တယ်။ သူမ ဖြတ်ပိုင်း လေး ကိုကြည့်ပြီး သူမမျက်လုံး မှာ တော့ မယုံကြည်နိုင်တဲ့ အရာတွေနဲ့ မျက်ရည်တွေ စီးကျနေပါတယ်။ အဲဒီမျက်ရည်တွေဟာ ပျော်ရွှင်လို့ကျတဲ့မျက်ရည်တွေဖြစ်မှာပါ။ သူမဖြတ်ပိုင်းပေါ်က ဖတ်လိုက်ရတဲ့ စာကတော့
“ ဤဖြတ်ပိုင်းအား သန့်စင်သောနွားနို့တခွက်ဖြင့် ရှင်းပြီး ”
(တစ်ပါးသူအား စေတနာဖြင့် ကူညီတတ်ခြင်းသည် မြတ်သောမင်္ဂလာ တစ်ပါးပင် ဖြစ်သည်။)
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.naute.com/inspiration/glass.phtml
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/26/08
အသွား အပြန်
“ကယ် ကြ ပါ ဦး။ ကယ် ကြ ပါ ဦး ။” သူ ဟာ လုပ် လက်စ အ လုပ် ကို ရပ် ပြီး အ သံ လာ ရာ ဘက် ကို ဦး တည် ပြီး ပြေး လာ ခဲ့ တယ်။ အ သံ ထွက် ပေါ် လာ တဲ့ နေ ရာ ကို ရောက် လာ တဲ့ အ ခါ မှာ သူ ဟာ နွှံ နစ် နေ တဲ့ လူ ငယ် လေး တ ယောက် ကို တွေ့ လိုက် ရ တယ်။ ထို လူ ငယ် လေး ဟာ သူ့ ရဲ့ ခါး လယ် လောက် ထိ နွှံ နစ် နေ ပြီး နွှံ ထဲ မှာ ရုန်း ကန် ပြီး အော် ဟစ် အ ကူ အ ညီ တောင်း နေ ပါ တယ်။ လယ် သမား ကြီး ဖလိန်းမင်း{Fleming} ဟာ ကြောက် ရွှံ့ ထိတ် လန့် စွာ အ ကူ အ ညီ တောင်း နေ တဲ့ လူငယ် လေး ကို သေ မယ့် ဘေး က နေ ကယ် တင် လိုက် တယ်။
နောက် တ နေ့ ရောက် လာ တဲ့ အ ခါ မှာ တော့ လှ ပ ခန့် ညား တဲ့ သယ် ယူ ပို့ ဆောင် ရေး အ တွက် အ သုံး ပြု တဲ့ မြင်း လှည်း လေး တ စီး ဖလိန်းမင်း{Fleming} ရဲ့ လယ် ခင်း နား က အိမ် မှာ ထိုး စိုက် လာ တယ်။ အဲ ဒီ လှည်း ပေါ် က နေ အ ဆင့် အ တန်းမြင့် မား တဲ့ ဝတ် ကောင်း စား လှ တွေ ဝတ် ဆင် ထား တဲ့ ဂုဏ် ကျက် သ ရေ ထင် ရှား ကြီး မြတ် တယ် လို့ ထင် ရ တဲ့ လူ ခန့် ကြီး တ ယောက် ဆင်း လာ ပါ တယ်။ ပြီး နောက် မှာ အဲဒီ လူ ဟာ လယ် သမား ကြီး ဖလိန်းမင်း{Fleming} ကို သူ ဟာ မ နေ့ တုန်း က ဖလိန်းမင်း{Fleming} ကယ် လိုက် တဲ့ လူ ငယ် လေး ရဲ့ ဖ ခင် ဖြစ် ကြောင်း နုတ် ဆက် လိုက် တယ်။
" ကျွန် တော် ခင်ဗျား ကို တ ခုခု လုပ် ပေး ချင် တယ် ဗျာ ။ခင် ဗျား ဟာကျွန် တော် သား အ သက် ကို ကယ် ခဲ့ တယ် တဲ့ ကျေး ဇူး ရှင် ဖြစ် တယ် ” လို့ လူခန့် ကြီး က လယ်သမား ကြီး ကို လှမ်း ပြော လိုက် တယ်။
“ မ ဟုတ်တာ ဗျာ ။ကျွန် တော် သူ့ အ သက် ကို ကယ် လိုက် တာ တခုခု ပြန် ရ ချင် လို့ မ ဟုတ် ပါ ဘူး ဗျာ။”
စကော့တလန် လူမျိုး ဖြစ် တဲ့ လယ် သ မား ကြီး ဟာ ရိုး သား စွာ နဲ့ လက် ကို ခါ ရမ်း ပြီး တော့ ပြန် ပြော လိုက် တယ်။
တ ချိန် တည်း မှာ ဘဲ လယ် သမား ကြီး ရဲ့ သား ဟာ လယ် သမား ကြီး ရဲ့ စုတ် ချာ ညံ့ ဖျင်း လှ တဲ့ တဲ လေး ထဲ က နေ ထွက် လာ တယ်။
“အဲဒါ ခင်ဗျား သား လား ဗျ” လူခန့် ကြီး က မေး လိုက် တယ်။
“ဟုတ် ပါ တယ်” လယ် သမား ကြီး က ဝင့် ကြွား စွာ ပြန် ဖြေ လိုက် တယ်။
“ဒါ ဆို ဒီ လို လုပ် ဗျာ ။ ခင် ဗျား ကျွန် တော် ပြော တာ လက် မ ခံ ဘူး ဆို ရင် ခင်ဗျား သား ကို ကျွန် တော် ခေါ် သွား မယ်။ ပြီး ရင် သူ့ ပ ညာ ရေး ကို အ စ အ ဆုံး ကျွန် တော် တာ ဝန် ယူ ပါ ရ စေ ဗျာ။ ခင် ဗျား သား ကို ခင် ဗျား ဂုဏ် ယူ လောက် တဲ့ ပညာ တတ် ကြီး မ ဖြစ် စေချင် ဘူး လား။ ဒါ ကို တော့ ခွင့် ပြု ပါ နော်။” လို့ လူ ခန့် ကြီး က တောင်း ဆို လိုက် တယ်။
လယ် သမား ကြီး ခွင့် ပြု ချက် ရ ပြီ နောက် မှာ လူ ခန့်ကြီး ဟာ သူ့ ဂတိ အ တိုင်း လယ် သမား ကြီး ဖလိန်း မင်း{Fleming} ရဲ့ သား ဖြစ် သူ ပ ညာ ရေး ကို အ စစ အ ရာ ရာ မှာ တာ ဝန် ယူ ခဲ့ တယ်။ အ ချိန် တန် တဲ့ အ ခါ မှာ လယ် သ မား ကြီး ဖလိန်းမင်း{Fleming} သား ဟာ လန်ဒန် မှာ ရှိ တဲ့ စိန့်မယ်ရီဆေးရုံ ဆေး ပညာ ကျောင်း{St.Mary's Hospital Medical School} ကနေ ဘွဲ့ ရ ခဲ့ တယ်။
ပြီး တော့ လည်း ပဲ ဖလိန်းမင်း{Fleming} သား ဖြစ် သူ ဟာ ပင်နီစင်လင် ဆေး ကို ဆေး ပညာ မှာ ရှာ ဖွေ အ သုံး ပြု သူ (ဆာ အဲလက်ဆန်ဒါး ဖလိန်းမင်း){Sir Alexander Fleming} ဆို ပြီး ကမ္ဘာ့အ နှံ့ အ ပြား မှာ နာမည်ကြီး ထင် ရှား ကျော် ကြား ခဲ့ တယ်။
နှစ် အ နည်း ငယ် ကြာ တဲ့ နောက် မှာ လူခန့် ကြီး ရဲ့ သား ဟာ အ ဆုပ် ရောင် တဲ့ ရောဂါ ဝေဒနာ ဖြစ် ပေါ် ခဲ့ သော် လည်း ပင်နီစင်လင် ဆေး က ကယ် တင် နိုင် ခဲ့ တယ်။
လူခန့် ကြီး နာ မည် ဟာ (လော့ ရန်ဒေါ်ဖ် ချက်အင်းလ်) {Lord Randolph Churchill} ဖြစ် ပြီး
သူ့ သား နာ မည် က တော့ (ဆာ ဝင်စတန် ချက်အင်းလ်){Sir Winston Churchill} ဖြစ် ပါ တယ်။
တ ခါ မှာ တော့ စာ ဆို တ ယောက် က ဒီ လို ပြော ဖူး ပါ တယ်။ ကိုယ် က မ ကောင်း တာ ပဲ လုပ် လုပ် ကောင်း တာ ပဲ လုပ် လုပ် အဲဒီ အ ၇ာ က ကိုယ့် ဆီ ကို ပြန် လာ စ မြဲ ပါ ပဲ။
[ကိုယ့် ကု သိုလ် ကံ ကိုယ့် ဆီ ပြန် ကိုယ့် ထံ ပြန် ရောက် သည်။ ကိုယ့် အ ကု သိုလ် ကံ ကိုယ့် ဆီ ပြန် ကိုယ့် ထံ ပြန် ရောက် သည်။]
စေတနာဖြင့်
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/alexander_fleming.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/25/08
အခံရခက်တဲ့စကား
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/harsh_words.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/22/08
ဘရုပ်ကလန် ကြိုး တံ တား ဆောက် သူ ရဲ့ ဇွဲ

၁၈၇၀ ခုနှစ် အ စော ပိုင်း လောက် တုန်း က ဂျွန်ရော့ဘလင်း လို့ ခေါ် တဲ့ ဆောက် လုပ် ရေး အင်ဂျင်နီရာ တ ယောက် ဟာ နယူးယောက်ခ် ပြည် နယ် မှာ ရှိ တဲ့ (လောင်းအိုင်လန် ခရိုင်) နဲ့ (နယူးယောက်ခ် ခ ရိုင်) ရဲ့ အ ဓိ က ကြ တဲ့ မြို့ နယ် တ ခု ဖြစ် တဲ့ (မန်ဟန်တန်) ကို ဆက် သွယ် ဖို့ ကြိုးတံတားကြီး တ ခု ဆောက် ဖို့ ကို စိတ် ဆန္ဒ အ ရမ်း ပြင်း ပြ ခဲ့ တယ်။ သို့ ပေ မယ့် လည်း ကမ္ဘာ အနှံ့ အ ပြား မှာ ရှိ တဲ့ တံတား ဆောက် လုပ် ရာ မှာ ကျွမ်း ကျင် တဲ့ အင်ဂျင်နီယာ တော် တော်များ များ က မ ဖြစ် နိုင် ကြောင်း ဂျွန်ရော့ဘလင်း ကို ပြော ကြ ပြီး သူ့ ဆန္ဒ တွေ ကို မေ့ ပျောက် သင့် ကြောင်း တိုက် တွန်း ကြ တယ်။ လူ တွေ တော် တော် များ များ က လည်း ဒီ အ ရာ ဟာ ဘယ် လို မှ မ ပြီး မြောက် နိုင် ပါ ဘူး။ လက် တွေ့ ဆောက် ဖို့ ဘယ် လို မှ မ ဖြစ် နိုင် ပါဘူး။ ဒီ လို မျိုး ကြိုး တံ တား ကြီး ဟာ ဘယ် တုန်း က မှ ဘယ် နေ ရာ မှာ မှ မ ရှိ ခဲ့ ပါ ဘူး။ အ စ ရှိ သ ဖြင့် ဝေ ဖန် ပြော ဆို ကြ ပါ တယ်။ ဘယ် သူ တွေ ဘာ ဘဲ ပြော ပြော ပေါ့ ဂျွန်ရော့ဘလင်း ဟာ သူ့ ခေါင်း ထဲ မှာ ရှိ တဲ့ တံ တား ကြီး ပုံ ရိပ် က တော့ ပျောက် မ သွား ခဲ့ ပါ ဘူး။ သူ ဟာ ဒီ အ ကြောင်း ကို ပဲ တ ချိန် လုံး တွေး နေ တဲ့ အ ပြင် ဒီ တံ တားကြီး ဟာ သူ အ မှန် တ ကယ် ပြီး မြောက် အောင် ဆောက် လုပ် နိုင် ကြောင်း ကို သူ ရဲ့ စိတ် မှာ ခိုင် မာ စွာ ယုံ ကြည် နေ ခဲ့ တယ်။ သူဟာ သူ ရဲ့ စိတ် ကူး တွေ ကို သူ အ ယုံ ကြည် ရ ဆုံး သူ တ ယောက် နဲ့ မျှ ဝေ ချင် နေ ခဲ့ တယ်။ ဒါ ကြောင့် သူ ဟာ အင် ဂျင် နီ ယာ ပေါက် စ ဖြစ် တဲ့ သူ့ ရဲ့ သား ဝါရှင်တန် ကို သေ ချာ စွာ ရှင်း ပြ ခဲ့ တယ်။ သူ တို့ သား အ ဖ နှစ် ယောက် ဟာ ကြိုး တံ တား ကြီး ဖြစ် မြောက် ရေး ကို အ ကြိတ် အ နယ် ဆွေး နွေး ကြ ပြီး နောက် မှာ တံ တား ဆောက် လုပ် ဖို့ ကို ဆုံး ဖြတ် လိုက် ကြ တော့ တယ်။ ဒါ ကြောင့် သူ တို့ သား အ ဖ နှစ် ယောက် ဟာ ၁၈၇၀ ခုနှစ် ဇန်နဝါရီ လ ၃ ရက် နေ့ မှာ တံ တား ကြီး ကို စ တင် ဆောက် လုပ် ခဲ့ ကြ တယ်။သူ တို့ ရဲ့ အ ကောင် အ ထည် ဖော် တဲ့ စီ မံ ကိန်း ဟာ အောင် မြင် ခဲ့ ပေ မယ့် လ အ နည်း ငယ် ကြာ ပြီး နောက် ပိုင်း မှာ ပူဆွေး စရာ ကောင်း တဲ့ မ တော် တ ဆ ထိ ခိုက် ဒဏ် ရာ ရ မှု့ ဖြစ် ပွား ပြီး ဂျွန်ရော့ဘလင်း ဟာ ကွယ် လွန် သွား ခဲ့ ရ တယ်။ သား ဖြစ် သူ ဝါရှင်တန် ကတော့ ဦး နှောက် အာ ရုံ ကြော ကို ထိ ခိုက် မှု့ ခံ ရပြီး လမ်း လျှောက် နိုင် မှု့ မ ရှိ ခြင်း၊ ကိုယ် လက် လှုပ် ရှား မှု့ မ ရ နိုင် ခြင်း၊ စ ကား မ ပြော နိုင် ခြင်း အ စ ရှိ တဲ့ ကိုယ် အင်္ဂါ ချို့ တဲ့ မှု တွေ ဖြစ် ခဲ့ တယ်။ အဲ ဒီ လို အ ဖြစ် အ ပျက် တွေ ကြောင့် " ငါ တို့ တွေ ပြော သား ပဲ။ ဒီ သား အ ဖ နှစ် ယောက် က အ ရှူး တွေ ပဲ။ သူ တို့ ရဲ့ လုပ် ရပ် တွေ ဟာ မ ဖြစ် နိုင် တဲ့ အိမ် မက် တွေ ၊ မိုက် ရှူး ရဲ တဲ့ အ မြင် တွေ ဘဲ ဖြစ် တယ်။ " လို့ လူ တွေ က ပြော ဆို ပြစ် တင် ဝေဖန် ကြ တော့ တယ်။ ပြီး တော့ လည်း ပဲ ဒီ လို ကြိုး တံ တား ကြီး ဆောက် လုပ် ပုံ ဟာ ဂျွန်ရော့ဘလင်း တ ယောက် တည်း ဘယ် လို ဆောက် ရ မယ် ဆို တာ သိရှိ ခြင်း ကြောင့် အ ခု လို ရော့ဘလင်း ဆုံး ပါး သွား တဲ့ နောက် ပိုင်း မှာ ဒီ စီ မံ ကိန်း ကို ပျက် သိမ်း သင့် ကြောင်း မ ကောင်း မြင် ဝါ ဒ တွေ နဲ့ ပြစ် တင် ရှူံ့ ချ ကြ တော့ တယ်။ ဘယ် သူ တွေ ဘာ ဘဲ ပြော ပြော ပေါ့ သား ဖြစ် သူ ဝါရှင်တန် ဟာ ဒုက္ခိတ ဖြစ် သွား ပေ မယ့် လည်း သူ ရဲ့ အ တွေး ထဲ မှာ တော့ ဆုံး ပါး သွား တဲ့ ဖ ခင် ရဲ့ လို အင် ဆန္ဒ နည်း တူ တံ တား ကြီး ကို ဆောက် လုပ် ဖို့ စိတ် ဆန္ဒ ပြင်း ပြ နေ ခဲ့ တယ်။ သူ ဟာ စိတ် အား ထက် သန် စွာ နဲ့ သူ့ ရဲ့ အ ခင် ဆုံး သူငယ် ချင်း တွေ ကို သူ့ မျက် လုံး တွေ နဲ့ တံ တား ကြီး ကို ဆောက် လုပ် ဖို့ တောင်း ဆို ပြော ပြ ပေ မယ့် လည်း သူ တို့ တွေ ဟာ ဝါရှင်တန် ရဲ့ စီ မံ ကိန်း ကို ကြောက် အား ကြီး စွာ ညှင်း ဆို ခဲ့ ကြ တယ်။ အဲ ဒီ နောက် ပိုင်း မှာ တော့ သူ ဟာ သူ့ ဇနီး နဲ့ ဘယ် လို ဆက် သွယ် ရ မ လဲ ဆို တာ ကို စဉ်း စား မိ ပြီး သူ့ ရဲ့ လက် ချောင်း က လေး တ ချောင်း ကို လှုပ် ရှား နိုင် မှု့ ရှိ အောင် ကြိုး စား ခဲ့ တယ်။ အဲ ဒီ နောက် ပိုင်း မှာ သူ ဟာ သူ့ ဇနီး ရဲ့ လက် မောင်း ကို သူ့ လက် ချောင်း နဲ့ ထိ ပြီး ဆက် သွယ် ပြော ဆို တဲ့ သင်္ကေတ တွေ လေ့ ကျင့် လာ တာ ဟာ ဝါရှင်တန် ရဲ့ လေ့ ကျင့် မှု့ ဟာ တ နေ့ တ ခြား ပို ပြီး တိုး တက် လာ ခဲ့ တယ်။ တ နေ့ မှာ တော့ ဝါရှင်တန် ဟာ သူ့ ရဲ့ ဇနီး လက် မောင်း ကို ထိ ပြီး သူ့ ရဲ့ လက် ထောက် အင် ဂျင် နီ ယာ တွေ ကို ခေါ် ခိုင်း လိုက် တော့ တယ်။ အဲဒီ နောက် မှာ သူဟာ သူ့ ရဲ့ ဇနီး ကို ဆက် သွယ် ပြော ဆို တဲ့ နည်း နဲ့ လက် ထောက် အင်ဂျင်နီယာ တွေ ကို တံ တားကြီး ကို ဘယ် လို ဆက် လက် တည် ဆောက် ရ မယ် ဆို တာ ကိုေ ပြာ ဆို ညွှန်းကြား ခဲ့ တယ်။ ဒီ လို ကြိုး တံ တား ကြီး ကို တည် ဆောက် ရာ မှာ ဒုက္ခိတ က သူ့ ဇနီး ကို ဆက် သွယ် ညွှန်း ကြား တဲ့ နည်း ဟာ မိုက်မဲ ခြင်း တ ခုဘဲ ဖြစ် တယ် လို့ ထင် ရ ပေ မယ့် စီမံကိန်း တွေ ဟာ ပြေး လမ်း ပေါ် မှာ တ ဖန် ပြန် ရောက် လာ ခဲ့ တယ်။ ဝါ ရှင်တန် ဟာ သူ့ ရဲ့ လက် ချောင်း လေး နဲ့ သူ့ ဇနီး ကို သင်္ကေတ တွေ ပြ ပြီး တံ တား ကြီး ဆောက် လုပ် ရာ မှာ ညွှန်း ကြား လာ တာ ဟာ ၁၃ နှစ် ကြာ တဲ့ နောက် မှာ တော့ ကြိုး တံတားကြီး ဟာ အောင် မြင် စွာ ပြီး ဆုံး ခဲ့ ပါ တော့ တယ်။ ဒီ က နေ့ မှာ တော့ ဘရုပ်ကလန် ကြိုး တံ တား ကြီး ဟာ ကမ္ဘာ ပေါ် မှာ ပထမဆုံး ကြိုး တံ တား ကြီး အ ဖြစ် ခန့် ညား ထယ် ဝါ စွာ နဲ့ အောင် ပွဲ ကို ခံ နိုင် ခဲ့ ပြီး တော့ လူ သား တ ယောက် ရဲ့ စိတ် ဆန္ဒ ရည်မှန်းချက် ဟာ ဘယ် လို အ ရာ မျိုး မှ ဖြတ် ဆီး လို့ မ ရ နိုင် ဘူး လို့ အံ့ သြ ဖွယ် ကောင်း အောင် ပြ သ နေ သ လို ပါ ဘဲ လေ။ ဒီ လို လူ တ ယောက် ရဲ့ စဉ်းစားဆင် ခြင် နိုင် မှု့ နဲ့ ရိုးသား ဖြောင့်မတ် မှု ဟာ ကြည်ညိုစရာကောင်း သော အထိမ်း အမှတ် တခု ဖြစ် ခဲ့ ပါ တယ်။ ပြီး တော့ လည်း ပဲ ဝါရှင်တန် ရဲ့ ဇနီး ဟာ ၁၃ နှစ် လုံး လုံး ဒုက္ခိတ သည် အကြင် ခင်ပွန်း အ ပေါ် စိတ် ရှည် တတ် မှု့၊ လို အင် ဆန္ဒ တွေ ကို နား လည် တတ် မှု့ တွေ ဟာ အ ချစ် ဒိုင်ယာရီ မှာ မော် ကွန်း တင် ထိုက် တဲ့ အ ချစ် မျိုး ဖြစ် စံ တင် ခဲ့ ပါ တယ်။ ဒီ လို ဒုက္ခိတ တယောက် ရဲ့ မ ဖြစ် နိုင် တဲ့ ရည် မှန်း ချက် အောင် မြင် မှု့ ကတော့ ဖြင့် လူ တ ယောက် ဟာ ဘယ် တော့ မှ အ ရှူံး မ ပေး ဘူး ဆို တဲ့ သက် သေ ပြ ဖို့ အ ကောင်း ဆုံး ဥပမာ အ နေ နဲ့ ဖြစ် ခဲ့ ပါ တယ်။ ကျွန် တော် တို့ မကြာ ခဏ နေ့ စဉ် တွေ့ ကြုံ နေ ရ တဲ့ ဆီး တား ပိတ် ပင် တဲ့ အရာ အ ခု တရာ လောက် ဟာ ဂျွန်ရော့ဘလင်း လို လူ အ နေ နဲ့ ယှဉ် ကြည့် ရင် တော့ အ ရမ်း ကို သေး ငယ် နေ မှာ ပါ။ ဒီ ရဲ့ ဘရုပ်ကလန် ကြိုး တံတား ကြီး ဟာ ကျွန် တော် တို့ ရဲ့ ဘယ် လောက် ခက် ခဲ တဲ့ အ ရာ တွေ ပဲ ရှိ ရှိ မ ဖြစ် နိုင် ဘူး ဆို တာ မ ရှိ ပါဘူး ဆို တာ ကို ပြ သ နေ သ လို ပါ ဘဲ။ ကျွန် တော် တို့ တွေ ရဲ့ အိမ် မက် ဟာ ဘယ် လောက် ပဲ ကွာ ဝေး နေ ပါ စေ ခံနိုင် ရည် မှု သာ ရှိ မယ် ဆို လျှင် တ နေ့ မှာ တော့ ဘယ် အ ရာ မ ဆို အောင် မြင် နိုင် ပါ လိမ့် မယ်။

အ ထက် ပါ ပုံ ဟာ ၁၉၀၄ ခုနှစ် လောက် က ရိုက် ထား တဲ့ ဘရုပ်ကလန် ကြိုး တံ တား ပုံ ဖြစ် ပါ တယ်။

အ ထက် ပါ ပုံ ကတော့ ၁၉၉၅ ခု နှစ် မှာ ရိုက် ထား တဲ့ ပုံ ဖြစ် ပါ တယ်။
အ ပေါ် ပါ ဓါတ် ပုံ ၃ ပုံ ဟာ ကျွန် တော် ဝယ် ယူ ထား တဲ့ (Brooklyn Then And Now) စာ အုပ် မှ စကန် ဆွဲ ယူ ထား ခြင်း ဖြစ် ပါ တယ်။
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/inspiring_stories.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/19/08
လမင်း လို သ္မီး
{ ကျွန် တော် တို့ တ တွေ ဟာ လည်း လမင်း လို အ မေ ကို သိ တတ် နား လည် ကြင် နာ တတ် တဲ့ သူ တွေ အ ဖြစ် ကြိုး စား ကြ ရ အောင် လို့ ဆန္ဒ ပြု လျှက်...}
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.apples4theteacher.com/holidays/mothers-day/short-stories/how-the-moon-was-kind-to-her-mother.html
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/11/08
တန်ဖိုး
အ စည်း အ ဝေး နား ထောင် သူ တွေ ရဲ့ လက် တွေ ဟာ တန်း စီ ပြီး မြှောက် ပြ နေ တာ အ များ ကြီး ပါ ဘဲ။ အဲဒီ နောက် သူ က ဆက် ပြော လိုက် တယ်။“ ကျွန် တော် ခင် ဗျား တို့ ထဲ က တ ယောက် ကို ဘဲ ပေး မှာ ပါ။ မ ပေး ခင် မှာ ဒါ လေး ကို အ ရင် ဆုံး ဒီ လို လုပ် မယ် ဗျာ။ ” သူ ဟာ ဒေါ်လာ ကို လက် ထဲ မှာ တွန့် ကြေ သွား အောင် စုပ် နယ် လိုက် ပြီး ထပ် တ ဖန် မေး လိုက် တယ်။ “ အ ခု ကော ဘယ် သူ ရ ချင် သေး လဲ ဗျ။ ဒီ ဒေါ်လာ ကို ” မြှောက် ထား တဲ့လက် တွေ က တော့ ချ သွား ချင် မ ရှိ ပါ ဘူး။ ဆက် မြှောက် ထား ဆဲ ပါ ဘဲ။“ ကောင်း ပြီ လေ။” သူ က ဆက် ပြော လိုက် တယ်။ “ ကျွန် တော် ဒီ လို လုပ် ရင် ကော ဗျာ။ ” အဲဒီ လို ပြော ပြီး သူ ဟာ ဒေါ်လာ ကို ကြမ်း ပြင် ပေါ် ပစ် ချ လိုက် ပြီး သူ့ ရဲ့ ဖိနပ် နဲ့ တက် နှင်း လိုက် ပါ တယ်။၁၀၀ တန် ဒေါ် လာ ဟာ အ ခု အ ခါ မှာ တော့ တွန့် ကြေ ပေ တူး ပြီး ညစ် ပတ် နေ ပါ တယ်။ အဲဒီ နောက် သူ ဟာ ဒေါ်လာ ကို ပြန် ကောက် လိုက် ပါ တယ်။ “ အခု ကော ဘယ် သူ ရ ချင် သေး လဲ ဗျ။ ” အခုထိ လက် တွေ ဟာ လေ ထဲ မှာ မြှောက် ထား ဆဲ ပါ ဘဲ။ အဲဒီနောက် မှာ သူ ဟာ ဒီ လို ဆက် ပြော လိုက် ပါ တယ်။ " မိတ် ဆွေ သူငယ်ချင်း အပေါင်း တို့ …. ခင်ဗျား တို့အား လုံး ဒီ နေ့ မှာ တန်ဖိုး ရှိ တဲ့ သင် ခန်း စာ တ ခု ကို လေ့ လာ လိုက် ရ ပါ ပြီ။ ကျွန် တော် ဒီ ဒေါ်လာ လေး ကို ဘာ ဘဲ လုပ် လုပ် ခင်ဗျား တို့ ဒီ ဒေါ်လာ ကို ရ ချင် နေ တုန်း ပါ ဘဲ။ ဘာ လို့ လဲ ဆို တော့ ဒီ ဒေါ် လာ ရဲ့ တန် ဖိုး က ကျ သွား ခြင်း မ ရှိ လို့ ပါ ဘဲ။ ဒီ ဒေါ် လာ ကို ဘာ ဘဲ လုပ် လုပ် ဒေါ်လာ ဟာ ၁၀၀ တန်ပါ သေး တယ်။ ”
ကျွန် တော် တို့ ဘဝတွေ ရဲ့ အ ချိန် တော် တော် များ များ မှာ ကျွန် တော် တို့ ဟာ ၁၀၀ တန် လေး လို ပါ ဘဲ။ ကျွန် တော် တို့ ဘဝ ခရီး လမ်း ပေါ် မှာ ကျွန် တော် တို့ ရဲ့ အ ဖြစ် အ ပျက် အ ခြေ အ နေ တွေ ပေါ် မူ တည် တဲ့ ဆုံး ဖြတ် ချက် အ မှား တွေ ရဲ့ အောက် မှာ ကျ ရှူံး ခဲ့ ရ ဖူး တယ်။ ကြေ မွ ခံ ခဲ့ ရ ဖူး တယ်။ တ ကိုယ် ကောင် ဆန် သမား တွေ ရဲ့ နှင်း ချေ ဖျက် ဆီး မှု့ ကြောင့် တွန့် လိမ် ကောက် ကွေး တဲ့ ဘဝ မှာ စုတ် ပြတ် သတ် ခံ ခဲ့ ရ ဖူး တယ်။ ဒီ လို အ ဖြစ် တွေ ကြောင့် ကျွန် တော် တို့ ဟာ ကိုယ့် ကို ကိုယ် အ သုံး မကျ လှ ပါ ဘူး၊ တန် ဖိုး မရှိ လှ ပါ ဘူး ဆိုပြီး ထင် တတ် ကြ ပါ တယ်။ အ မှန် တ ကယ် တော့ ကျွန် တော် တို့ ဘာ ဘဲ ဖြစ် ခဲ့ ဖြစ် ခဲ့၊ ဘာ တွေ ဘဲ ဖြစ် လာ ဖြစ် လာ ကျွန် တော် တို့ ရဲ့ တန် ဖိုး၊ ကျွန် တော် တို့ ရဲ့ အ ရည် အချင်း ဟာ ကျ သွား ခြင်း မရှိ ပါ ဘူး။ ကျွန် တော် တို့ တွေ ဟာ အ မြဲ လို လို ကိုယ့် ကို ကိုယ် သ တိ ပေး နေ ရ မှာ က ကျွန် တော် တို့ သာ လျင် ထူး ချွန် သူ များ ဖြစ် ကြ ပါ တယ်။
(မှန်မာန ထောင် လွှား ပြီး ငါ ဆို သော အ တ္တ စွဲ အား ရည် ရွယ် ခြင်း မ ဟုတ် ပါ။ အားပေးခြင်း မျှ သာ ဖြစ်၏။)
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/inspiring_stories.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/9/08
စာ နာ စိတ်
ကျွန် တော် တို့ ကမ္ဘာ မှာ လည်း ဒီ လို စာ နာ စိတ် နဲ့ ညာ တာ နား လည် မှု့ တွေ ပေး နိုင် တဲ့ လူ တွေ လို အပ် တယ် ဆို တာ မ ဟုတ် ပါ လား ဗျာ။
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/puppies_for_sale.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/4/08
အ မှား ပြင် ချိန်
" ကျွန် တော် အခု လို မ လုပ် ရင် ဘယ် သူ မှ ကား ရပ် မ ပေး မှာ စိုး လို့ ပါ။ " ကောင် ငယ် လေး ရဲ့ ပါး ပြင် ပေါ် မှာ မျက် ရည် တွေ တ စိမ့် စိမ့် တ ရ စပ် လိမ့် ကျ လာ ပြီး မ လှမ်း မ ကမ်း မှာ ရှိ တဲ့ နေ ရာ တ ခု ကို လက် ညှိုး ထိုး ပြ လိုက် တော့ တယ်။ " ကျွန် ..... ကျွန် တော့် အစ် ကို " ကောင်း လေး ဟာ ငို ယို ပြီး ဆက် ပြော လိုက် တယ်။ " သူ ....သူ.... သူ့ ရဲ့.... ....ဟို ..…. (wheelchair) ဝီးလ် ချားရ် လေး ပေါ် က ပြုတ် ကျ လို့ .... ကျွန် တော်.... သူ့ ခန္ဓာ ကိုယ် ကြီး ကို ပြန် မ မှ နိုင် လို့ ပါ " လို့ ကောင်လေး ဟာ ရှိုက် ကြီး တ ငင် နဲ့ ဒေါ သ တ ကြီး ဖြစ် နေ တဲ့ ကို လင်း ကို လှမ်း ပြော လိုက် တယ်။ “ ကျေး ဇူး ပြုပြီး ကျွန် တော် ကို သူ့ (wheelchair) ဝီးလ် ချားရ် လေး ပေါ် ကို ပြန် ပြီး တင် ပေး ပါ လား ဗျာ…..သူ (wheelchair) ဝီးလ် ချားရ် ပေါ် ကပြုတ် ကျ ပြီး ပိ နေ လို့ သူ အ ရမ်း ကို နာ နေ ပါ တယ်….ပြီး တော့ သူ့ ခန္ဓာ ကိုယ် က အ ရမ်း လေး တာ ကြောင့်ကျွန် တော် မ မှ နိုင် လို့ ပါ ဗျာ။ ” ကောင်း လေး စကား ဆုံး သွား တာ နဲ့ ကို လင်း ဟာ သူ ပြော ဆို ကြိမ်း မောင်း ဖို့ ပြင် နေ တဲ့ သူ့ စကား လုံး တွေ ကို ပြော မ ထွက် နိုင် တော့ ဘဲနဲ့ လဲ ကျ နေ တဲ့ ကောင် လေး ရဲ့အ ကို ဆို သူ ဆီ ကို မြန် မြန် သွား ပြီး ထူ ပေး လိုက် တယ်။ အဲဒီ နောက် ကောင် လေး အစ်ကို ကို (wheelchair) ဝီးလ် ချားရ် ပေါ် ကို သေသေချာချာ ပြန် တင် ပေး လိုက် ပြီး သူတို့ အိမ် ရှိ ရာ အ ထိ ကို လိုက် ပို့ ပေး လိုက် တော့ တယ်။ ကောင်း လေး က သူ့ ကို ကျေး ဇူး အ ရမ်း တင် နေ ခဲ့ တယ်။ ကို လင်း တ ယောက် ကား ကောင် လေး နဲ့ သူ့ အ ကို ကို သွား ပို့ ပေး ပြီး ကား ဆီ ကို မော ပန်း နှေး ကွေး စွာ နဲ့ မ သယ် ချင် တဲ့ သူ့ ခြေ ထောက် တွေ ကို အား ပေး သယ် ရင်း ပြန် ရောက် လာ ခဲ့ တယ်။သူ့ အ တွေး ထဲ မှာ တော့ ကောင် လေး ကို ကြိမ် မောင်း မိတာ သူ ဘဲ မှား နေ လား။ ဒါ မှ မ ဟုတ် သူ့ ကား လေး ကို ဖြေး ဖြေး သာ မောင်း ခဲ့ ရင် ဒီ လို ဖြစ် လာ မှာ မ ဟုတ် ပါ ဘူး၊ အစ ရှိ သ ဖြင့် အ တွေး ပေါင်းစုံ နဲ့ စဉ်း စားပြီး ပြန် ရောက် လာ ခဲ့ သည်။ ကား နား ရောက် တော့ သူ့ ကား ကို သေသေ ချာ ချာ ကြည့် လိုက် သည်။ ပိန် ကျုံး နေ တဲ့ သူ့ ကား သစ် လေး တံ ခါး ဘောင် ဟာ ခဲ လုံး မှန် ထား မှန်း အ ရမ်း ကို သိ သာ ပါ သည်။ သူ ဟာ အဲ ဒီ တံ ခါး ကို ပြန် ပြီး ပြင် ဆင် မှု့ မ လုပ် ခဲ့ ဘဲ နဲ့ ဒီ အ တိုင်း ထား ခဲ့ ပါ တယ်။ ပိန် ကျုံး နေ တဲ့ တံ ခါး ဘောင် လေး ကို တွေ့ တိုင်း အ ခု လို အ သိ တ ရား ရ စေ တဲ့ အ တွေး လေး တွေ ကို သူ့ ကိုယ် သူ ပြန် ပြီး သတိ ပေး စေ ချင် လို့ ဘဲ ဖြစ် တယ်။ အဲ ဒါ က တော့ ဖြင့်
“ မင်း ဘဝ ခရီး ကြီး ရဲ့ အချိန် တွေ ကို အ ရမ်း မြန် မြန် ကြီး မ ဖြတ် သန်း ချင် ပါ နဲ့။ တ စုံ တ ယောက် က ကောင်း တာ၊ မ ကောင်း တာ၊ ဖြစ် တာ ၊ ပျက် တာ တို့ ကို ပြော ခွင့်ရ ဘို့ အ တွက် သူ့ တို့ ကို သတိ ထား မိ စေ ဖို့ ၊ ခဲ လုံး နဲ့ မင်း ကို ပေါ်က် ပြီး မှ ခေါ် ရ လောက် အောင်၊ အ နာ တ ရ ဖြစ် ပြီး မှ သိ စေ ရ လောက် အောင် မ ဖြစ် စေ ပါ နဲ့ ” ဟူ ၍ ပင် ဖြစ် သည်။
(တခါ တ လေ အ မြဲ တမ်း လို လို မှာ ကျွန် တော် တို့ ဟာ တ စုံတခု အ ဖြစ် အ ပျက် လေး တွေ ကို နား ထောင် ဖို့ အ ချိန် မ ရှိ ဖြစ် ပြီး အ လျင် စ လို လုပ် တတ် ကြ တယ်။ အဲဒီ လို အ လျင် စ လို လုပ် ရင် မ လို အပ် တဲ့ အ မှား တွေ ခဏခဏ ဖြစ် တတ် ကြ ပါ တယ်။ဒီ လို အ မှား တွေ ဖြစ် ပြီး မှ နောင် တ ရ တတ် တဲ့ ကျွန် တော် တို့ တွေ ဟာ အ မှား မ ဖြစ် ခင် မှာ ကြို တင် ကာ ကွယ် ကြ မယ် ဆို ရင် ဖြင့် ဘဝ ကြီး ဟာ ပိုပြီး ပျော် စရာ အ တိ ဖြစ် နေ မှာ မ ဟုတ် ပါ လား ဗျာ။ မှား တာ ကို သိ ရက် နဲ့ မိုက် တဲ့ လူ က တ ချိန် မှာ ထောင် နန်း စံ ရ ပြီး ၊ ထောင် ထဲ မှာ အ သိ တ ရား လေး တွေ ယူ ပြီး မှ ပြန် ထွက် လာ ကြ ရ တယ်။ တ ကယ် လို့ အဲ ဒီ မှား တာ ကို သိ ရင် အဲ ဒီ အ မှား တွေ ကို မ လုပ် မိ စေ ဖို့ ဆင် ခြင် လိုက် ရင် ထောင် ထဲ ကို သွား ဖို့ ဆို တာ အ ဝေး ကြီး ဘဲ မ ဟုတ် ပါ လား။ ဒီ အ ရာ တွေ အား လုံး ဟာ ကျွန် တော် တို့ ရဲ့ ကိုယ် ပိုင် ရွေး ချယ် မှု့ ဘဲ ဖြစ် ပါ တယ်။)
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/wait_for_the_brick.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/3/08
အမေ
(အမှန် တ ကယ် တော့ လက် ရှိ အ သက် ရှင် လျက် ရှိ နေ တဲ့ ဘုရား လောက် ဘယ် အ ရာ မှ ပို အ ရေး မ ကြီး နိုင် ပါ ဘူး။ ဒါ ကြောင့် ရှင် လျက် ရှိ နေ သေး တဲ့ ဘုရား ကို ဂ ရု စိုက် ပါ။ ရို သေပါ။ တန်ဘိုး ထား ပါ။ မြတ် နိုး ပါ။)
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/mothers_day.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
11/1/08
သစ်သား ပန်းကန်
က လေး တွေ ဟာ ဘယ် အရာ ကို မဆို အ မှတ် အ သား ကြီး ကြ တယ်။ အရာ ရာ တော် တော် များ များ ကို သိ မြင် တတ် လွယ် ကြ သူ တွေ ဖြစ် တယ်။ သူ တို့ လေး တွေ ရဲ့ ဦး နှောက် ဟာ အ ချိန် တော် တော် များ များ အ လုပ် လုပ် နေ ကြ တယ်။ သူ တို့ လေး တွေ ဟာ ကျွန် တော် တို့ပြော ပုံ ဆို ပုံ၊ လုပ်ပုံ ကိုင် ပုံ တွေ ကို ငယ် ရာ မှ ကြီး လာ သည် အ ထိ သူ တို့ ဘဝ သက် တမ်း တ လျှောက် လုံး အ တု ယူ တတ် ကြ တယ်။ ကျွန် တော် တို့ လဲ ဒီ နေ့ က စပြီး နေ့ တိုင်း နေ့ တိုင်း မှာ ကျွန် တော် တို့ ချစ် တဲ့ သူ တွေ ကို ဂ ရု တ စိုက် နဲ့ အ လေး ထား ဆက် ဆံ ကြ ပါ စို့ လား။
အညတြ (ခေတ္တ နယူးယောက်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/wooden_bowl.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
10/31/08
သင့် အိမ် ကို တည် ဆောက် ပါ။
" ရော့ အိမ် သော့ ဒီ အိမ် က ခင် ဗျား အ တွက် ကျွန် တော် ရဲ့ လက် ဆောင် ပေါ့ "
လက် သမား ဆရာ ဟာ ကို အ တော် ကို အံ့ အား သင့် သွား တယ်။ သိပ် ကို ရှက် စ ရာ ကောင်း တဲ့ အ ရာ ပါဗျာ။ သူ ကိုယ် သူ ရှက် ပြီး နောင် တ များ စွာ လဲ ရ နေ ခဲ့ တယ်။ သူ ပြီး ပြီး ရော ဆို ပြီး ဆောက် ခဲ့ တဲ့ အိမ် လေး ဟာ သူ ကိုယ် တိုင် နေ ရမယ့် အိမ် ဖြစ် တယ် ဆို တာ အ စ က တည်း က သာ သူ သိ ခဲ့ ရင် သူ ဒီ ထက် ပိုပြီးေ ကာင်း အောင် ဆောက် မှာ သေ ချာ ပါ တယ်။
ကျွန် တော် တို့ တ တွေ လက် သ မား ဆရာ ဘက် ကို ဝင် ကြည့် ကြ ရ အောင် လား ဗျာ။ ကျွန် တော် တို့ ဟာ ကျွန် တော် တို့ နေ ထိုင် ရ မယ့် အိမ် မှန်း မ သိ ဘဲ အိမ် ထဲ မှာ ထည့် ရ မယ့် အ ကောင်း ဆုံး ဆို တာ တွေ ကို လျစ် လျူ ရှူ ပြီး နေ့ ရှိ သ ၍ ဖြစ် သ လို ဆောက် လုပ် လာ ခဲ့ မိ တာ နောက် ဆုံး တ နေ့ မှာ အဲဒီ အိမ် ဟာ ကျွန် တော် တို့ နေ ရ မှန်း လည်း သိ ရော အ စ က နေ ပြန် ပြင် ပြီး ဒီ ထက် ကောင်း အောင် ပြန် လုပ် ဖို့ ဆို တာ မ ဖြစ် နိုင် တော့ ပါ ဘူး။ အ စ က သာ သိ ရင် ရင် ဒီ ထက် ကို အ ဆ ထောင် နဲ့ သောင်း နဲ့ ချီ ပြီး ကောင်း အောင် ဆောက် ဖြစ် မှာ သေ ချာ ပါ တယ်။ အ ခု တော့ အ နောက် ကို ကျွန် တော် တို့ ပြန် သွား လို့ လဲ မ ရဘူး။ ကျွန် တော် တို့ ဟာ လက် သ မား တွေ ဘဲ ဖြစ် ကြ တယ်။ နေ့ စဉ် နေ့ တိုင်း သံ ရိုက် ရ တယ်။ ပျဉ် ခင်း ရ တယ်။ အကာ အ ရံ တွေ ဆောက် ရ တယ်။ အ စ ရှိ က သ ဖြင့် ပေါ့ ဗျာ။ " ဘ ဝ ဆို တာ ကိုယ် နေ့ တိုင်း လုတ် ဆောင် ရ တဲ့ စီ မှန် ကိန်း ဘဲ ဖြစ် တယ် " လို့ ပညာ ရှိ တ ဦး က လည်း အ ဆို ရှိ ဖူး ပါ တယ်။ ယ နေ့ ကျွန် တော် တို့ ဘာ ကို ဆောင်ရွက် ရ မည် ဆို တဲ့ သဘော ထား ကို သိ ရှိ ရ မယ်။ ကျွန် တော် တို့ ဟာ မ နက် ဖြန် မှာ နေ ရ မယ့် အိမ် ကို ကျွန် တော် တို့ ကိုယ် တိုင်း စ နစ် တ ကျ ပ ညာ ရှိ စွာ ကူ ညီ ပြီး ဆောက် လုပ် နိုင် ရ မယ်။
အညတြ (ခေတ္တ န ယူး ယောက်)
ဘာ သာ ပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/building_your_house.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
10/30/08
နှင်း ဆီ တန် ဖိုး
ဒီ အရာ ကိုကျွန် တော် တို့ ဘ ဝ တ တွေ နဲ့ ယှဉ် ကြည့် ကြ ရ အောင် လား ဗျာ။ လူတိုင်း လူ တိုင်း မှာ နှင်းဆီ လေး တ ပင် ဆီ ရှိ ကြ ပါ တယ်။ လူ တွေ တော်တော် များ များ ဟာ ကိုယ့် ကို ကိုယ် ပြန် ကြည့် ကြ ပြီး တော့ အဆူး တွေနဲ့ အပြစ် အ နာ အဆာ တွေ ဘဲ ရှိတယ် လို့ မြင် ကြ တယ်။
ဘယ် လို ကောင်း တဲ့ အရာ မှ ကျွန် တော် တို့ တွေ လုပ် ဆောင် နိုင် မှာ မ ဟုတ် ပါ ဘူး လို့ စိတ် အား ငယ် တတ် ကြ တယ်။ ကျွန် တော် တို့ ဟာ ကိုယ့် ကို ကိုယ် အ ထင် သေး စိတ် နဲ့ ဘယ် အ ရာ ကို မ ဆို ဖြစ် မ လာ နိုင် ဘူး၊ ရှိ မ လာ နိုင် ဘူး၊ ပြီး မြောက် မ အောင် မြင်နိုင် ဘူး အ စ ရှိ သ ဖြင့် သို့ လော သို့လော နဲ့ လက် လျော့ တတ်ကြ တယ်။ ကျွန် တော် တို့ မှာ ရှိ တဲ့ ကောင်း တဲ့ အ ရည် အ ချင်း တွေ ကို သ တိ မ မူ မိ ဘဲ ရေလောင်း ဖို့ ကို အ မြဲ တွေ ဝေ နေ တတ် ကြ တယ်။ ဒီ လို အ ကျိုး ဆက် တွေ ကြောင့် ကျွန် တော် တို့ ဆီ မှာ ရှိ တဲ့ ပန်း ပင် လေး တွေ ဟာ ပန်း ဖူး လေး ဘဝ (သို့) ပန်း ဖူး ဘဝ မ ရောက် ခင် မှာ ဘဲ ငြိုး နွမ်း ပြီး သေ သွား တတ်ကြ တယ်။ ပြီး တော့ ကျွန် တော် တို့ ဟာ ကျွန်တော်တို့ရဲ့ စွမ်း ဆောင်နိုင် တဲ့ အ ရာ တွေ ကို အ မှန် တ ကယ် ရှိ နေ တာ ကို လစ် လျူ ရှူ လိုက် ကြ တော့ တာ ပါ ဘဲ။
တချို့သော သူ တွေ က တော့ သူ တို့ မှာ နှင်း ဆီ ပန်း လေး တွေ ရှိ တာ မ သိ ကြ ပါ ဘူး။လူ တ ယောက် အ တွက် လက် ဝယ် ထား ရှိ သင့် တဲ့ အကောင်းဆုံး လက် ဆောင် က တော့ အဲ ဒီ လို နှင်းဆီ ပန်း ရှိ ကြောင်း မ သိ တဲ့ သူ ကို ကူ ညီ ဖေး မ သင့် တဲ့ အ ရာ ဘဲ ဖြစ် တယ်။ အခြား တ ယောက်ရဲ့ အ နာ ဂတ် ပင် စည် ပေါ် က ဆူး တွေ ကို သိမ်း ယူ ပေး ပြီး တော့ သူ တို့ရဲ့ နှင်း ဆီ ပန်း လေး တွေ ကို သူ တို့ ကြား မှာ လှ ပ မှု ရှိ အောင် ရှာ ဖွေ ပေး သင့် တယ်။ ကျွန် တော် တို့ တာ သူ တို့ မှာ ရှိ တဲ့ နှင်း ဆီ ကို ဖော် ပြ ခဲ့ မယ် ဆိုရင်သူ တို့ ဟာ သူတို့ တွေ ရဲ့ ဆူး တွေ ကို အောင် မြင် စွာ နှိမ်း နှင်း နိုင် လိမ့် မယ်။ အဲဒီ နောက် မှာ သူတို့ တွေ ရဲ့ ပန်း တွေ ဟာ အ ချိန် တိုင်း မှာ စွင့် ကား ဖွင့် ထား လာ မှာ မု ချ သေ ချာ ပါ တယ်။ကျွန် တော် တို့ ဘဝ ထဲ ကို အဲ ဒီ လို အ မှား အ မှန် တွေ ကို သိ ရှိ ပြီး စိတ် ထား မြင့် မြတ် တဲ့ လူ မျိုး တွေ ကို အသိ အ မှတ် ပြု ပြီး ကြို ဆို အား ပေး လက် ခံ သင့် တယ်။ဒီ အ ရာ က တော့ လူ တယောက် ကို ကြည့် ရှူ စောင့် ရှောက် ဖို့ အ တွက် အ ကျင့် ကောင်း လေး တ ခု ပါ ဘဲ။
(အဓိက က တော့ ဘယ် အ ရာ မျိုး မ ဆို ဘာ ဘဲ လုတ် ခဲ့ လုတ် ခဲ့ အဲ ဒီ အ ရာ ကို ပြီး မြောက် အောင် လုတ် သင့် တယ်။ ကိုယ် မှာ ရှိ နေ တဲ့ အ ရည် အ ချင်း ကို မ မြင် တာ ကြောင့် တွေ ဝေ တွန့် ဆုတ် နေ မယ့် အ စား အ နည်း ဆုံး ကြိုး စား ပြီး လုတ် ဆောင် ခြင်း ဟာ ဘာ မှ မ လုတ် ဘဲ ထိုင် နေ တာ ထက် ကို ပို ပြီး ကောင်း မှာ အ သေ အ ချာ ဘဲ မ ဟုတ် ပါ လား ဗျာ။)
(အညတြ)ခေတ္တ နယူး ယောက်
ဘာ သာ ပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/rose_within.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
10/29/08
ကိုခဲတန် ရဲ့ ဥပမာ
" ကိုခဲတန် ရေ မင်း ခဲ တန် ကောင်း ဖြစ် ဘို့ အ ချက် ငါး ချက် ကို သိဖို့ လို အပ် တယ်။" သူ က ကို ခဲတန် ကို လှမ်း ပြော လိုက် တယ်။
" မင်း ကို ကမ္ဘာ ကြီး ထဲ ကို မ ပို့ ခင် ဒီ အခု ပြော မဲ့ အ ရာ ကို အ မြဲ သတိ ရ နေ ပြီး ဘယ် တော့ မှ မ မေ့ ပါ နဲ့။ ဒါ ဆို ရင် မင်း ဟာ အ တော် ဆုံး အကောင်းဆုံး ခဲ တန် ဖြစ် လိမ့်မယ်။
တစ် အ ချက်။ ။မင်း ဟာ အေ ကာင်း ဆုံး အ ရာ တွေ ကို စွမ်း ဆောင် နိုင် ဖို့ မင်း ခွင့်ပြု ထား တဲ့ တစုံ တယောက် ရဲ့ လက် ကို မင်း မြဲမြဲ ဆုပ် ကိုင်း နိုင် ရ မယ်။
နှစ် အ ချက်။ ။အ ချိန်း တိုင်း အ ချိန်း တိုင်းမှာ မင်း ဟာ ပို ပြီး ကောင်း မွန် ချွန် ထက် တဲ့ ကိုခဲတန် ဖြစ်လာဘို့လိုအပ်တာ ကြောင့် နာကျင်မှု ဗဟုသုတ အတွေ့အကြုံ ပေါင်း မျိုး စုံ တွေ့ ရ မယ်။
သုံး အ ချက်။ ။မင်း ဟာ အ မှား တစုံ တရာ မှား ရေး မိတဲ့ အခါ မှာ အဲ ဒီ အမှား တွေ ကို ပြန်လည် ပြုပြင် နိုင် ရမယ်။
လေး အ ချက်။ ။အ ရေး ကြီး ဆုံး အ ရာ က တော့ မင်း ရဲ့ ရင် ထဲ က စိတ်ရင်း အ မှန် စိတ် ဓာတ် တွေ ဘဲဖြစ် တယ်။
ငါး အ ချက်။ ။မင်း အ သုံး ပြုတဲ့ စာ မျက် နှာ တိုင်း မှာ မှတ် ရာ လေး တွေ မင်း ထား သင့် တယ်။ ဘယ် လို အ ခြေေ န မျိုး မှာ ဘဲ ဖြစ် ဖြစ် မင်း နောက် မ ဆုတ် ဘဲ ရှေ့ ဆက် ရေး ချ သင့် တယ်။"
ကိုခဲတန် ဟာ သဘော ပေါက် သွား ပြီးသူ့ရင် မှာ အဲဒီ အ ချက် တွေ ကို သေ သေ ချာချာ လိုက် နာ ဖို့ သံ န္နိ ဌာန် ချ ထား ပြီး ဖြစ် ကြောင်း၊နဲ့ အမြဲ သ တိ တ ရရှိ နေ မယ် ဆို တဲ့ အ ကြောင်း ကို ဂတိ ပေး ခဲ့ ပြီး ခဲတန်ဗူး ထဲကို ဝင် သွား ခဲ့တယ်။
အ ခု တော့ ကျွန် တော် တို့ ကို ကျွန် တော် တို့ (ကိုခဲတန်) နေ ရာ က ဝင် ပြီး နေ ရအောင်။
တတ် နိုင် သ လောက် အတော် ဆုံး လူ ဖြစ် အောင် ကျွန် တော် တို့ ကို ကျွန် တော် တို့ ကြိုး စား တဲ့ အ ခါ မှာ ကို ခဲ တန် ရဲ့ ဥပမာ လေး ကို အ မြဲသ တိ ရ ကျင့် သုံး သင့် တယ်။
တစ်။ ။ ကျွန် တော် တို့ တ တွေ ဟာ ပညာရေး၊ စီးပွားရေး အ စ ရှိ တဲ့ အလုပ်ကြီး အ ကိုင် ကြီး တွေ ကို လုတ် ဆောင် တဲ့ အခါ မှာ ဗုဒ္ဓ ဘုရား ရှင် တော် မြတ် ရဲ့ အ ဆုံး အ မ အောက် မှာ ဆုံး မ ထား ရှိ ခဲ့ တဲ့ မြင့် မြတ် တဲ့ စိတ် ထား ကလေး တွေ နဲ့ ဆောင် ရွက် လျှင်ဘယ် အ ရာ ကို မ ဆို ပြီး မြောက်အောင် မြင် နိုင် မှာ ဖြစ် တယ်။
နှစ်။ ။ အ ချိန်း တိုင်း အ ချိန်း တိုင်းမှာ ကျွန် တော် တို့ ဟာ ထက် မြက် နေ ဖို့ အ တွက် လို အပ် တာ ကြောင့် ကျွန် တော် တို့ ရဲ့ ဘဝ မှာ နာကျင်မှု ဝေဒနာ အ ခက် အ ခဲ ပေါင်း မျိုး စုံ ဗဟုသုတ အတွေ့အကြုံ တွေ ကို ကျော် ဖြတ် ဖို့ အ တွက် စိတ် ဓာတ် မြင့် မား သန် မာ နေ ဖို့ လို အပ် တယ် ။
သုံး။ ။ ကျွန် တော် တို့ ဟာ ဘာ အ မှား ဘဲ လုပ် ခဲ့ လုပ် ခဲ့ ကိုယ် လုပ် မိ တဲ့ အမှား တွေ ကို ပြုပြင်နိုင် တဲ့ အ စွမ်း ရှိ ရမယ်။
လေး။ ။ အ ရေး ကြီး ဆုံး အ ပိုင်း က တော့ ကျွန် တော် တို့ ရဲ့ ရင် ထဲ က စိတ် ရင်း ကောင်း စေ တ နာ အ မှန် တွေ ထား တတ် ဖို့ ဘဲ ဖြစ် တယ်။
ငါး။ ။ဘယ် အ ရပ် မျက် နှာ မှာ ဘဲ ကျွန် တော် တို့ ဘ ဝ တိုး တက် မှု့ အ တွက် လျှောက် လှမ်း၊ လျှောက် လှမ်း ရောက် ရာ အ ရပ် မှာ မိတ် ဆွေ ကောင်း ထား ရ မယ်။ ဘယ် လို အ ခြေ အေ န အ ထား မျိုး မှာ ဘဲ ဖြစ် ဖြစ် ကျွန် တော် တို့ ဟာ ဆုံး ဖြတ် ချက် ချ ပြီး ရင် နောက် မ ဆုတ် ဘဲ ကျွန် တော် တို့ အ လုတ် ကို ပြီး ဆုံး အောင် လုတ် သင့် တယ်။
ဒီ (ကိုခဲတန်) ဥပမာ ဟာ ကျွန် တော် တို့ ဦး တည် ချက် ကို ပြီး မြောက် လှုံ့ဆော် စေ တဲ့ အ ပြင် ကျွန် တော် တို့ ကို ထူး ခြား တဲ့ လူတော် လူ ကောင်း တွေ ဖြစ် စေ ပါ တယ်။
ခြုံငုံ ပြော ရရင် တော့ ဘဝ ကြီး ဟာ အ ဓိပ္ပာယ် ပြည့် စုံ မှု မရှိ ဘူး၊ ဘာ တစ် ခု မှ ကိုယ့် အစွမ်း အစ နဲ့ ဖြစ် အောင် မ လုပ် နိုင် ဘူး အစ ရှိ တဲ့ အ တွေး တွေ ကို စိတ် ပျက် လက် ပျက် နှင့် တွေး တော စေ တဲ့ အရာ ကို ကျွန် တော် တို့ ကို ကျွန် တော် တို့ ဘယ် သော အ ခါ မှ ခွင့် မ ပြု သင့် ဘူး။
(အညတြ)ဘာသာပြန်
ခေတ္တ နယူးယောက်ခ်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/parable_of_the_pencil.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။
10/28/08
လက်ဆောင် ကောင်း
အ မှန် တကယ် တော့ ကျွန် တော် တို့ အ ယောက် ဆီ တိုင်း မှာ ဒီ လို အ ဖိုး မ ပြတ် နိုင် တဲ့ အာရုံ ခံ စား မှု့ လက် ဆောင် ဗူး မျိုး ကို ကျွန် တော် တို့ ရဲ့ မိဘ၊ ဆွေမျိုး၊ ညီ အစ် ကို မောင် နှ မ၊ နဲ့ သူ ငယ်ချင်း ဆီ တိုင်း က ရ ပြီး သား ဘဲ ဖြစ် တယ်။ ဒီ လို ရိုးရှင်း ပြီး တန်ဘိုး မ ဖြတ် နိုင် တဲ့ အရာ မျိုး ကို လက် ရှိ မကွာ ကိုယ် နဲ့ အ တူ အမြဲ ဆုတ် ကိုင် ထား ပြီး ပြဿနာ အ ခက် အ ခဲ တွေ နဲ့ကြုံတိုင်း အား အ င် အ သစ် တွေ ရယူကြ ပါ စို့လား ။
်
(ဤဘာ သာ ပြန် အား မမမွန်း ၏ အ ကြံ ပြုချက် အရ ဇာတ် ကောင် အ နေ အ ထား အား စာ ဖတ် ရာ ၌ အ ဆင် ပြေ စေ ရန် ရွှေ့ ပြောင်း ထား သည်။ ကို ဝေ မင်း ဆီ မှ လည်း အကြံ ရယူရာ ဤ အ ခု စာ မူ မှာ စာ ဖတ် သူ တို့ အား ပို ၍ အ ဆင် ပြေ ကြောင်း သိ ရ ၍ ဤ ဘာ သာ ပြန် အား မျှဝေလိုက် သည်။ မမ မွန်း နှင့် ကို ဝေ မင်း အား ကျေး ဇူး အ ထူး တင် ရှိ ပါ သည်။)
(အညတြ)ခေတ္တ နယူး ယောက်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။ ဇာတ် ကောင် အ နေ အ ထား ပြန်လည် ပြုပြင် ထား သည်။
http://www.indianchild.com/a_box_full_of_kisses.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။