အချစ်ဆိုတာ ဘာလဲ။
အချစ်ဆိုတာ လူတိုင်းပြောကြတဲ့ အရေ အ ခကွေးရပင့်စ တတ်ချစ် အချစ် လို့ အမည်ရတာ ကို ခေါ်တာလား။
အချစ်ဆိုတာ အရာဝတ္ထု တခုလား။
အချစ်ဆိုတာ မျက်စိနဲ့ မြင်လို့ ရသလား။
အချစ်ဆိုတာ မိုးတွေ သည်းသည်း မည်းမည်း ရွာ သွန်းလို့ ချမ်းအေး လှတဲ့ဒဏ် ကို ခံပြီး မိုက် ရှူးရဲစွာ ဦးတည့်
ရာမဲ့ လျှောက်နေ တဲ့ လူတယောက်ရဲ့ ခံစားချက် ကို ခေါ်သလား။
အချစ်ဆိုတာ နှလုံး သားတည့်တည့် ကို ချွန်ထက်တဲ့ မိုးကြိုး သွားနဲ့ ပြစ် ခတ်ခံစားလိုက်ရတာမျိုးလား။
အချစ်ဆိုတာ မှိုင်ရီမှုန်ငေးစွာနဲ့ အဓိပ္ပာယ်မဲ့ စိတ်ဓာတ်ကျခြင်းမျိုးလား။
အချစ်ဆိုတာ နေပူပြင်းလှတဲ့ သဲကန္တာရ အလယ် မှာအားအင် တွေပြတ်လတ်ပြီး ပူလောင်မှု ဝေဒနာ ကို
ခံစားနေရ တဲ့ အရာလား။
အချစ်ဆိုတာ ဘာဘဲ လုပ်လုပ် အားလုံးမှာ သူကိုသာ သတိရနေပါတယ် ဆိုတာမျိုးလား။
အချစ်ဆိုတာ နားထောင် လိုက်တဲ့ သီချင်းတိုင်းမှာ ထွက်ပေါ် လာတဲ့ စကားလုံး တိုင်းရဲ့ တိုင်ဆိုင်မှုမျိုးလား။
အချစ်ဆိုတာ ပုလဲလေးတွေဆီက စီးကျ နေတဲ့ မြစ်ငယ်သစ် လား။
အချစ်ဆိုတာ အသည်းနှလုံး ကို ဖောက်ထုတ်ပြီး အစိမ်းသက်သက် ဝါးမျို ခံရမှု့မျိုးလား။
အချစ်ဆိုတာ ဆုံးရှူံး မှု့ တွေရဲ့ မြစ်ဖျားခံရာနေရာလား။
အချစ်ဆိုတာ တစုံတယောက် ကို ဖွင့်ဟဝန်ခံ ပြောဆိုခြင်းသက်သက်လား။
အချစ်ဆိုတာ တည်ငြိမ်နေတဲ့ ဘဝ ကိုတုန်လှုပ်စေတဲ့ အရာလား။
အချစ်ဆိုတာ ခိုက်ခိုက်တုန်အောင်ချမ်းအေး လှတဲ့ နှင်းတော ထဲက မီးဖိုငယ်လေးတခုလား။
အချစ်ဆိုတာ မေတ္တာ တရားတွေ ကိန်းအောင်းရာ သီးသန့် နေရာလေး တခုလား။
အချစ်ဆိုတာ အကြင်နား တရားတွေ ဖြစ်တည်ရာ ကမ္ဘာငယ်ကလေးလား။
အချစ်ဆိုတာ သစ္စာ တရား တွေဖြစ်ပေါ်ရာ ကျွန်းကလေးလား။
အချစ်ဆိုတာ ပျော်ရွှင်ခြင်းတွေ ဆုံစည်းရာ အိမ်ငယ်လေးလား။
အချစ်ဆိုတာ ကြည်နူးခြင်းတွေ ပေါ်ပေါက်ရာ ထူးဆန်းတဲ့ ဒေသတခုလား။
အချစ် ဆို တာ တယောက်ကို တယောက် ဂရုတစိုက် ရှိတတ်မှု့မျိုးလား။
အချစ် ဆိုတာ သူ့အကြိုက် ကိုယ့်အကြိုက်ညှိယူတတ်ခြင်းမျိုးလား။
အချစ်ဆို တာ မေတ္တာ ရဲ့သား အကြင်နာရဲ့ ညီ သစ္စာ ရဲ့ အစ်ကို မုဒိတာရဲ့ ဦးလေး ဥပေက္ခာ ရဲ့ အစ်ဖိုးလား။
ဝေသံဿရာ လို စွန့်လွှတ်အနစ်နာခံတတ်လွန်းတဲ့အချစ်မှ အချစ်လို့ခေါ်မှာလား၊
ကျန်စစ်မင်း လို သတ္တိရှိပြီး သစ္စာတရား ကြီးမားလွန်းတဲ့အချစ်မှ အချစ်လို့ခေါ်မှာလား၊
ဆဒ္ဒန် ဆင်မင်းလို မေတ္တာ တရားကြီးမားတဲ့အချစ်မှ အချစ်လို့ခေါ်မှာလား။
ဒဿ လို အတ္တကြီးတဲ့အချစ်မှ အချစ်လို့ခေါ်မှာလား။
ရိုမီယို နဲ့ ဂျူးလိယက် လို ချစ်တတ်လွန်းတဲ့ အချစ်မှ အချစ်လား၊
ရှင်မွေးလွန်း မင်းနန္ဒာလို သေမှပေါင်းဖက်တဲ့ အချစ်မှ အချစ်လား။
ပြောပြပေးပါ။ အချစ်ဆိုတာဘာလဲဗျာ...
သေချာတာ တခုက အချစ်ဆို တာ ဒုက္ခ ပါပဲ။
စာဖတ်သူအားလေးစားလျက်
အညတြ(ခေတ္တနယူးယောက်)
တက်ခ်ျလုပ်တဲ့ ငှက်ငယ်လေး ရေ 'ဒီလောက် နဲ့ ပဲကျေနပ်ပေးပါနော်။
12/13/08
12/11/08
နွားနို့တခွက်
တခါတုန်းက ဆင်းရဲသားလူငယ်လေး တယောက်ဖြစ်တဲ့ သူရ ဟာ သူ့ ရဲ့ကုန်ပစ္စည်း လေး တွေ ကိုတအိမ်ဝင် တအိမ်ထွက် လိုက်လံလည်ပတ် ရောင်းခြင်းအားဖြင့် သူ့နည်းသူ့ဟန်နဲ့ သူ့ရဲ့ကျောင်းစရိတ်ကို ကျောင်းပိတ်ရက် မှာရှာဖွေခဲ့ရတယ်။ အဲဒီလို ကျောင်းပိတ်ရက် တွေမှာ လည်ပတ်ရောင်းရင်း သူဟာ မြို့ကလေးတမြို့ ကို အရောက် မှာတော့ သူ့ရဲ့လက်ထဲမှာ ပိုက်ဆံလေး တပြားဘဲ ရှိနေခဲ့တယ်။ သူဟာ ဗိုက်အရမ်း ကို စာလောင်လှသော် လည်း ပိုက်ဆံအလုံအလောက် မရှိတာကြောင့် သူ့မှာ အခက်တွေ့ နေခဲ့တယ်။ နောက် တအိမ်ကို သူပစ္စည်း ရောင်းဖို့ အရောက်မှာတော့ သူဟာ ထမင်းတောင်းစားဖို့ ကို ဆုံးဖြတ်လိုက်တယ်။ သို့ပေမယ့်လည်း အိမ်ပေါက်ဝကို ရောက် တဲ့အခါမှာ တံခါးလာဖွင့်ပေးတဲ့ အမျိုးသမီး ငယ်ကိုကြည့် ပြီး သူဟာ ထမင်းတောင်းစား ဖို့ အစီအစဉ်ပျောက်ကွယ်သွား ခဲ့တယ်။ သူဟာထမင်းအစား ရေတခွက်ကိုသာ တောင်းဆိုလိုက်တယ်။
သူမဟာ ကိုသူရ ကို သေသေချာချာ အကဲခတ်ကြည့်လိုက်တယ်။ သူဟာဆာလောင်နေပုံ ရတာကြောင့် ရေအစား နွားနို့ အပြည့် တခွက် ယူလာပြီးပေးလိုက်တယ်။ ကိုသူရ ဟာအမျိုးသမီးယူလာပေးတဲ့ နွားနို့ ကို အေးဆေးစွာသောက်လိုက် ပြီး အမျိုးသမီး ကိုလှမ်းမေးလိုက်တယ်။ “ကျွန်တော် ဘယ်လောက်ပေးရမလဲဗျ။ ”
“ရှင်ဘာတခုမှပေးစရာ မလိုပါဘူး” လို့ သူမ လှမ်းဖြေလိုက်တယ်။ “ကျွန်မ အမေကသင်ပေးထားပါတယ်။ စေတနာနဲ့ ကူညီတာအဖိုးအခ မယူရပါဘူးရှင်”
အဲဒီနောက်မှာ လူငယ်လေးဟာ “ကျွန်တော့် ရင်ထဲကနေ ကျေးဇူးအထူးတင်ပါတယ်ဗျာ။” လို့ပြောပြီး သူမအိမ်ကနေထွက်လာခဲ့တယ်။ သူမ တိုက်လိုက်တဲ့ နို့တခွက် ဟာလူငယ်လေးဖြစ်တဲ့ ကိုသူရ အတွက်တော့ အားအင်တွေပြန်လည်ပြည့်စုံစေသာမက ကိုသူရ ရင်ထဲမှာ သူစိမ်းတယောက် ရဲ့ကူညီတတ်မှု့တွေကို ကျေးဇူးတင်နေမိတော့တယ်။
အဲဒီအဖြစ်အပျက်ဖြစ်ပြီး နှစ်တွေအတန်ကြာတဲ့နောက်မှာတော့ အဲဒီအမျိုးသမီး ဖြစ်သူဟာ အပြင်းအထန် ဖျားပါတော့တယ်။သူမတို့ မြို့ က ဆရာဝန်တွေဟာ အထွေထွေ ကုသတဲ့ သာမန်ဆရာဝန်တွေဖြစ်တာကြောင့် သူမရဲ့ ရောဂါကို ကောင်းမွန်စွာမကုသနိုင်ခဲ့ဘူး။ ဒါကြောင့် သူမကိုအနီးနားမှာရှိတဲ့ မြို့ကြီးတစ်မြို့ မှာအထူးကုဆရာဝန် တွေနဲ့ ပြသဖို့ သူမကိုလွှတ်လိုက်တယ်။
သူမ ရောက်လာတဲ့ ဆေးရုံမှာ တော့ ဒေါက်တာ သူရ ဟာ ဆေးရုံအုပ်ဆရာဝန်အဖြစ် တာဝန်ကြ နေခဲ့ ပါတယ်။ ဒေါက်တာသူရ ဟာ လူနာစာရင်းမှာ လူနာရဲ့ မြို့နာမည်လေးကြားပြီး စိတ်စောစွာနဲ့သူမရှိရာ လူနာဆောင် ကို မပြေးရုံတမယ် အပြေး ကလေးရောက် လာ ခဲ့ ပါတယ်။ သူမအနီးနားရောက်လာတဲ့ အခါမှာ သူမ ကို ချက်ခြင်းဘဲမှတ်မိလိုက်တယ်။ ဒေါက်တာ သူရ ဟာအဲဒီနေ့ မှာ အိမ်မပြန်တော့ပဲ သူမ ရဲ့ သွေးစစ်တန်းစာရွက် တွေကို သေချာစွာ စစ်ဆေးပြီး သူမရဲ့ ရောဂါကို ဒေါက်တာ သူရ ဟာအကောင်းဆုံးဖြစ်အောင် ကုသခဲ့တယ်။ ဒေါက်တာသူရ ရဲ့ ကြိုးစားပမ်းစားကုသမှု့ကြောင့် သိပ်မကြာ လှတဲ့ရက် တွေမှာ သူမရဲ့ ရောဂါဟာပျောက်ကင်းခဲ့ရတယ်။ သူမရဲ့ နောက်ဆုံးဆေးရုံ ဆင်းရမယ့် ရက် မှာတော့ ဒေါက်တာသူရဟာ ကုန်ကျစရိတ်တွက်ချက်တဲ့ဌာန မှာ သူမရဲ့ နောက်ဆုံးကုန်ကျငွေ စာရင်း ဖြတ်ပိုင်း ကို သွားယူပြီး စာရင်းဖြတ်ပိုင်းပေါ်ကစာရွက် အလည်တည့်တည့်မှာ တစုံတခုကိုရေးချလိုက်တယ်။ အဲဒီနောက်မှာ ဖြတ်ပိုင်းလေးကို သူမဆီကို ပို့လိုက်တယ်။ သူမ ဟာလူနာ ကုန်ကျငွေ ဖြတ်ပိုင်းကို ဖွင့်မကြည့်ရဲအောင်ပါဘဲ။ ဘာလို့လဲဆိုတော့ ဒီ ကုန်ကျငွေဟာ သူမတသက်လုံးရှာထားသမျှပိုက်ဆံ တွေနဲ့ ပေးဆပ်ရင်တောင် လုံလောက်မယ်လို့တောင် သူမ မထင်ထားလို့ ပါဘဲ။
သူမဟာနောက်ဆုံးမှာတော့ စိတ်အားတင်းပြီး ဖြတ် ပိုင်းလေးကို လှန်ကြည့်လိုက်တယ်။ သူမ ဖြတ်ပိုင်း လေး ကိုကြည့်ပြီး သူမမျက်လုံး မှာ တော့ မယုံကြည်နိုင်တဲ့ အရာတွေနဲ့ မျက်ရည်တွေ စီးကျနေပါတယ်။ အဲဒီမျက်ရည်တွေဟာ ပျော်ရွှင်လို့ကျတဲ့မျက်ရည်တွေဖြစ်မှာပါ။ သူမဖြတ်ပိုင်းပေါ်က ဖတ်လိုက်ရတဲ့ စာကတော့
“ ဤဖြတ်ပိုင်းအား သန့်စင်သောနွားနို့တခွက်ဖြင့် ရှင်းပြီး ”
(တစ်ပါးသူအား စေတနာဖြင့် ကူညီတတ်ခြင်းသည် မြတ်သောမင်္ဂလာ တစ်ပါးပင် ဖြစ်သည်။)
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်
ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.naute.com/inspiration/glass.phtml
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

12/5/08
စိတ်
သွားတဲ့ အခါ
စိတ်ကိုသာ
ကောင်းစွာ စောင့်ထိန်းရာ...
ရပ်တဲ့ ခါလည်း
စိတ်ကိုဘဲ
အမြဲ စောင့်ထိန်းဆဲ...
ထိုင်နေ သောခါ
စိတ်ကိုသာ
ကောင်းစွာ သတိပြုပါ...
အိပ်တဲ့ ခါလည်း
စိတ်ကိုဘဲ
အမြဲ ဆုံးမဆဲ
အချိန် တိုင်းမှာ
စိတ်ကိုဆွဲ
ထူးကဲ သတိမြဲ။
(အညံ့ပန်း)
စိတ်ကိုသာ
ကောင်းစွာ စောင့်ထိန်းရာ...
ရပ်တဲ့ ခါလည်း
စိတ်ကိုဘဲ
အမြဲ စောင့်ထိန်းဆဲ...
ထိုင်နေ သောခါ
စိတ်ကိုသာ
ကောင်းစွာ သတိပြုပါ...
အိပ်တဲ့ ခါလည်း
စိတ်ကိုဘဲ
အမြဲ ဆုံးမဆဲ
အချိန် တိုင်းမှာ
စိတ်ကိုဆွဲ
ထူးကဲ သတိမြဲ။
(အညံ့ပန်း)
12/3/08
တရုတ်စကား နဲ့ ရှမ်းစကား ကြားအလွှဲအမှား
ဘာ လိုလိုနဲ့ ဘလော့ဒ် ထဲဝင်ပြီး စာမရေးဖြစ်တာ ၅ရက် တောင်ရှိသွားပြီ။ဒီ ၅ရက်မှာ နေမထိ ထိုင်မသာ ကြီးဖြစ်ပြီး တခုခုလိုနေ သလိုပါဘဲ။ အမှန်တကယ်တော့ မေမေရောက် နေတာကတကြောင်း၊ အပျင်းကြီးနေတာကတကြောင်း၊ အလုပ်တွေဖိစီးမှုကြောင့်တကြောင်း ၊အကြောင်းကြောင်း ကြောင့်ပါ။ ဘလော့ဒ်ထဲ ဝင်ပြီး ဘာမှကို မရေးဖြစ်ဖူး ဖြစ်နေတယ်။
ဒါနဲ့ဒီညမှာတော့ တခုခုရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီတခါတော့ အဖြစ်အပျက် မှန်လေးရေးရင်ကောင်းမလားလို့ပါ။ဒီအကြောင်းကနည်းနည်း လေးတော့ရိုင်းတယ်။ဒါကြောင့် မရေးခင်မှာ စာဖတ်သူ မောင်နှမ တွေကို ကြိုပြီး ခွင့်ပန်ပါရစေ။ အမှားပါ ပြီး ရိုင်းခဲ့မယ်ဆိုရင် တော့သည်းခံပြီး ဖတ် ပါလို့ပြောပါရစေဗျာ။
အဖြစ်ကဒီလိုပါ။တခါက မိုင်းရှူမြို့လေး ဟာအရမ်းစည်ကားပြီး ကျောက်မျက် ရတနာရောင်းဝယ်ရေး ဖြစ်ထွန်းတဲ့ မြို့ကလေးတမြို့ဖြစ်ခဲ့တယ်။အဲဒီမြို့ကလေး ဟာရုတ်တရက် စည်းကားလာ တဲ့မြို့ဖြစ်တာကြောင့် အရောင်းအဝယ်သွားရောက်လုပ် ကိုင်တဲ့ ကုန်သည် တွေဟာ ဒေသခံ လူတွေရဲ့ အိမ်အောက်မှာယာယီ ထရန် တန်းလျားခန်းတွေ ဆောက်ပြီး အဲဒီလိုအိမ်ခန်း တွေကို ဒေသခံ လူတွေဆီ ကနေ ဌားရမ်းနေထိုင်ပြီး အရောင်းအဝယ် သွားရောက်လုပ်ကိုင်ကြရပါတယ်။
ရပ်ကွက်တခုထဲက အခန်းတခုမှာတော့ တရုတ်စကားနဲ့ရှမ်းစကား ဘာသာနှစ်မျိုးတတ်တဲ့ အန်တီကြီး ကသူမရဲ့ မိတ်ဆွေ ကုန်သည် တွေနဲ့နေထိုင် ခဲ့တယ်။ သူမတို့ရဲ့ အခန်းဘေးမှာတော့ တရုတ်လူမျိုးယောကျာင်္း တယောက်က သူရဲ့ ဇနီး ဖြစ်သူ ရှမ်းမလေး နဲ့အတူနေထိုင်ခဲ့ကြတယ်။ တရုတ်လူမျိုးဖြစ်တဲ့ ယောကျာင်္း ကြီးကရှမ်းစကား အနည်းငယ်တတ် ပေမယ့်လည်း ရှမ်းလူမျိုးဖြစ်တဲ့ ဇနီးဖြစ်သူကတော့ တရုတ်စကား တခွန်းမျှ မတတ်ပါဘူး။
တနေ့မှာတော့ ဘာသာစကား နှစ်မျိုးတတ်တဲ့ အန်တီကြီး ကကျောက်ဝိုင်း ကနေ အိမ်ကို စောစော ပြန်လာခဲ့တယ်။ အိမ်အခန်းထဲ လည်းရောက် ရော ဘေးအိမ်က တရုတ်ကြီး ဟင်းချက်ထားတဲ့ အ နံ့ က တခန်းလုံး ကိုမွှေးကြိုင်နေခဲ့တယ်။ တရုပ်ကြီးဟာ ဝက်ခြေထောက် ကိုစပယ်ရှယ် ကင်နေ တဲ့ အနံ့ ကတော့ဖြင့် အန်တီကြီး တို့ အုပ်စု ကို ဗိုက်စာစေခဲ့တယ်။ဒါကြောင့်သူမတို့လည်း ဗိုက်စာစာနဲ့ စားစရာတွေကိုမြန်မြန်ချက် ပြုတ်ပြီး သူမမိတ်ဆွေတွေနဲ့ စားသောက်လိုက်ကြတယ်။
စား သောက် ပြီးတာနဲ့ အန်တီကြီး တို့ အဖွဲ့ ကအနားယူ နေကြတယ်။ တရုပ်ကြီး တို့ လင်မယားကတော့ အန်တီကြီး တို့ စားပြီးတဲ့အထိ စားရသေး ပုံ မပေါ်သေးပါဘူး။ အခန်းချင်းက ထရံ တချပ်ပဲခြားတာမို့ ဟိုဘက်ခန်းက တရုပ်ကြီး လင်မယားထမင်းစားဖို့ ထမင်းပွဲပြင်ဆင်နေ တဲ့ အသံကို ဒီဘက်ခန်းကအန်တီကြီး ကကြားနေရတယ်။ ရုတ်တရက် ဟိုဖက်ခန်းက တံခါးခေါက်သံ ကိုကြား လိုက်ရတယ်။ လူနှစ်ယောက် သုံး ယောက် ဝင်လာသံ နှင့် ရှမ်းလိုနုတ်ဆက်သံ တွေ ကို ကြားလိုက်ရတယ်။ သူတို့ပြောပုံ အရ ရှမ်းမလေးရဲ့ မောင်နဲ့ သူ့ သူငယ်ချင်းတွေ လာလည်တယ် ဆိုတာအန်တီကြီး ကသိလိုက်တယ်။
တရုတ်ကြီး မိန်းမဖြစ်သူ ရှမ်းမလေးက သူ့မောင်လေးတို့အုပ်စုကိုထမင်း စားဖို့ ပြောနေသံ ကြား လိုက်ရတယ်။ ရှမ်းမလေးရဲ့ မောင်လေးအုပ်စုဟာ ထမင်းစားခေါ်တဲ့ အမဆီမှာ ထမင်းအားရပါးရ စားကြတယ်။ တရုတ်ကြီး စပယ်ရှယ် ချက်ထားတဲ့ ဟင်းတွေ ကို အ ကုန်စား လိုက်ကြတယ်။ တရုပ်ကြီးက ဘာမှ မစားရသေးတာကြောင့် မီးဖိုချောင်ထဲကနေ ဒေါသထွက်ပြီး ဆဲဆိုနေမိတယ်။
“(ကျီးပါး)နဲ လန်ပါ့ရီ” တရုတ်ကြီး က တရုတ်လို ဒီလို ဆဲဆို လိုက်တယ်။ အမှန်တကယ် က (ကျီးပါး)ဆိုတာ (xxxx) ပါ။ ဒါ ကို (ကြည်ပါ)ရှမ်းလို(ငါးကင်) ဆိုပြီး နားစွန်းနားဖျားကြားသွားတဲ့ ရှမ်းမလေး မောင် ကသူ့ သူငယ်ချင်းတွေကို
“ကီင်းကီင်း ကီင်းလွိုင် လွိုင်လဲ့။ ပီခွေ ဒီအောင်မား မြန့်ဟောက်ကီင်း (ကြည်ပါ)ဟေရ် ” ဒီလို လှမ်းပြောလိုက်တယ်။ မြန်မာလိုအဓိပ္ပာယ် ကတော့ စားစား သူငယ်ချင်းတို့ ရေဟိုမှာ ငါ့ရဲ့ ယောက်ဖ က ဒါတွေကုန်သွားရင် (ငါးကင်) တွေထပ်ယူ လာခဲ့အုံးမယ်တဲ့။ အမှန်တကယ်ကတော့ တရုတ်ကြီး ကသူ့ စပယ်ရှယ်ချက်ထားတဲ့ ဟင်းလေး တွေ ကုန်သွား လို့ (ကျီးပါး)(xxx)ဒေါသဖြစ်ပြီး ဆဲလိုက်တာပါ။ ဒါကို အလိုက်မသိတဲ့ ရှမ်းမမောင်လေးက တရုပ်ကြီး ကို (ကြည်ပါ)(ငါးကင်) ယူလာပေးတဲ့ အထိ ထိုင်စောင့် နေခဲ့တယ်။
ဒါပေမယ့် ထမင်းတွေသာကုန်သွားခဲ့တယ်။သူ့ယောက်ဖရဲ့ (ကြည်ပါ)(ကျီးပါး) ဟင်းက ရောက်မလာခဲ့ဘူး။ ဒါကြောင့် ရှမ်းမလေး မောင်ရဲ့ သူငယ်ချင်းတွေက “ဟဲ့ ရောင် သူငယ်ချင်းရေ မင်းယောက်ဖပြောတဲ့ (xxx)(ငါးကင်) လည်းရောက် မလာသေး ပါလားကွ” လှမ်းမေးလိုက်တယ်။
ဒါ တွေ ကိုကြား ပြီး ဘာသာနှစ်မျိုးတတ်တဲ့ အန်တီကြီး ကသူမ မိတ်ဆွေ တွေ ကို လှမ်း ပြောပြ ပြီး ရယ် လိုက်တာဟာ ဖြင့် အပေါ့တွေ၊ မျက်ရည်တွေ တောင်ထွက်ကုန်ကြတဲ့ အထိပါဘဲတဲ့။
မေမေပြောပြ တဲ့အဖြစ်လေးပါ။ ဘာသာစကားတခုနဲ့ တခုကြား မှာ လွှဲ မှားမှု့တွေ ရှိနိုင်တာကြောင့် ဒီလို မဖြစ်ကြပါစေ နဲ့ သတိပြုမိဖို့ကို ရယ်စရာ တခုအဖြစ်ဝေမျှလိုက်ပါတယ်။
အညတြ(ခေတ္တ နယူးယောက်)

Subscribe to:
Posts (Atom)