10/11/09

ရလေ လိုလေ အိုတစ္ဆေ

ငယ်ငယ်တုန်းက ကလေးဘဝမှာ လူတိုင်း ဒီလိုကစားခဲ့ဘူးကြမှာပါ။

ညောင်ပင်တစ္ဆေ ဝေလေလေ

နင်ဘယ်ကိုင်းမှာနေ (ညောင်ကိုင်းမှာနေ)

နင်ဘာသီးစား (ညောင်သီးစား)

နင်ဘာရေသောက် (ညောင်ရေသောက်)

နင်ဘယ်သူ့ခြောက် (နင်တို့အားလုံးခြောက်)

(ဒါဆိုညောင်ပင်တစ္ဆေ မှာ သူတယောက်တည်းအဖို့ နေစရာ၊စားစရာ၊သောက်စရာ အပြည့်အစုံပိုလျှံစွာ

ရှိခဲ့ပါတယ်။ သူရဲ့စည်းစိမ်ဥစ္စာတွေ ခွဲဝေပေးရမှာ စိုးရိမ်တာကြောင့် ညောင်ပင်လာသူတိုင်းကို သူဟာ

လောဘကြီးစွာခြောက်လန့်စေခဲ့တယ်။)

ဒါကြောင့်ရလေလိုလေအိုတစ္ဆေ ဆိုတာ ဘယ်သောအခါမှာ ဖြည့်၍ မပြည့်နိုင်တဲ့ လောဘအိုးကြီးပါတကား။

လောဘထူထူ တစ္ဆေတူ

ရန်သူအစစ်ပေ။

အညံ့ပန်း(ပတ္တမြားမြေ)

10/6/09

ယူးအက်စ်အေ ဒီဗီ ကံစမ်းမဲ အစီအစဉ်

ယူးအက်စ်အေ ရဲ့ ၂၀၁၁ ကံစမ်းမဲ ကို (အောက်တိုဘာလ ၂ရက် ၂၀၀၉ မှ နိုဝင်ဘာ ၃၀ ရက် ၂၀၀၉ )ထိ တင်သွင်းကံစမ်းနိုင်ပါသည်။ ထိုသို့တင်သွင်းရာတွင် သင်၏ဓါတ်ပုံမှာ အဓိက ကျပါသည်။ ဓါတ်ပုံ ၏လိုအပ်ချက်များကို အောက်ပါ ဆိုဒ်တွင်ကြည့်ရှူနိုင်သည်။
http://www.dvlottery.state.gov/photo.aspx

ဖောင်ဖြည့်ရန်အဆင်သင့်ဖြစ်ပါက အောက်ပါဆိုဒ်တွင်ဝင်ဖြည့်ပါ။
http://www.dvlottery.state.gov/application.aspx

သင်၏နာမည်စာရင်းဖြင့်တစ်ကြိမ်သာဖြည့်ခွင့်ရှိသည်။ သို့ပါ၍ သင်ဝင်ရောက် ကံမစမ်း ခင်တွင် သင်မရှင်းသည့် အကြောင်းအရာကို comment နေရာတွင်မေးမြန်းနိုင်သည်။ မိတ်ဆွေအားလုံးကံကောင်းကြပါစေလို့ ဆုတောင်းလိုက်ပါသည်။

မေတ္တာဖြင့်
အညတြ(ခေတ္တနယူးယောက်)

10/4/09

ဝိပဿနာ ဖွင့်ဆိုချက်

ကျေနပ်စရာကြောင့် ဖြစ်စေ
မကျေနပ်စရာကြောင့် ဖြစ်စေ
လောကဓံကြောင့် တုန်လှုပ်နေသူမှန်သမျှ
လောက ကိုအရှုံးပေးနေသူကြီးပါဘဲ။
(မထေရ်မြတ်တပါး)


ဝိပဿနာဆိုတာ
အတိတ်ကိုလည်း မဖော်နဲ့။
အနာဂတ်ကိုလည်း မမြော်နဲ့။
ပစ္စုပန် ကိုလည်း မချော်နဲ့။
ပစ္စုပန်တိုင်းကို အဓိပ္ပါယ်ရှိရှိ ရှင်သန်ပါ။
အမှန်တရားဆိုတာ ပစ္စုပန်တိုင်းမှာရှိပါတယ်။
ပစ္စုပန်တိုင်း ကို နားလည်တာဝိပဿနာပါ။
အရှိ နဲ့ အသိ ကိုက်ညီနေတာ
အဖြစ်နဲ့ အပျက်ကိုမြင်နေတာ ဝိပဿနာပါ။

အညံ့ပန်း (ပတ္ထ္တမြားမြေ)

ကျေးဇူးရှင် ကြောင်ပန်း ပဉ္စမ နာယက ဆရာတော် ဘုရားကြီး၏ သြဝါဒမှ

ဇာတိဘေးက ပြေးမရ တွေ့ကြ ဓမ္မတာ

သြော်...

ပြုရင်း ပြင်ရင်း စောင့်ရှောက်ရင်းက

အိုခြင်း တွေ့ကြ
ကွင်းမရ

ဇာတိ ကြောက်စရာ။


သြော်...

ပြုရင်းပြင်ရင်း စောင့်ရှောက်ရင်းက

နာခြင်း တွေ့ကြ ကွင်းမရ

ဗျာတိ ကြောက်စရာ။


သြော်...

ပြုရင်းပြင်ရင်း စောင့်ရှောက်ရင်းက

သေခြင်းတွေ့ကြ ကွင်းမရ

မရဏ ကြောက်စရာ။

ဇာတိကြောင့်သာ အိုရမှာ

ဇာတိကြောင့်သာ နာရသာ

ဇာတိကြောင့်သာ သေရရှာ

သြော်... ဇာတိ ဇာတိ ဇာတိ

ကြောက်စရာပါ။

အညံ့ပန်း (ပတ္တမြားမြေ)