10/25/08

မိန်းမ လေးယောက်

တခါတုန်းက အလွန်ချမ်းသာတဲ့ ကုန်သည် သူဌေးကြီး တယောက် ဆီမှာ မိန်းမ လေးယောက် ရှိခဲ့တယ်။ သူဟာ သူ့ မိန်းမ တွေ ထဲ က စတုတ္ထ ကြင်ရာတော် ကို အချစ်ဆုံး ဖြစ်ပြီး သူမကို အကောင်းတကာ့ အကောင်းဆုံး အဝတ်အစားတွေ နဲ့လက်ဝတ် ရတနာ တွေကို ဆင်မြန်းပေးတဲ့ အပြင်၊ သူမကို သူက နု ညံ့ သိမ်မွှေ့ စွာ ဆက်ဆံလေ့ ရှိတယ်။ သူဟာ သူမ ကို အရမ်းကို ဂရုတစိုက် ရှိပြီး အမြဲ လို လို အရိပ် တကြည့်ကြည့် ရှိ နေတတ်တယ်။ သူဌေးကြီး ဟာ တတိယ မိန်းမ ကိုလဲဘဲ အရမ်း ကို ချစ်ခင် မြတ်နိုး ပါတယ်။ သူဟာ သူမကို သူ့ရဲ့ သူငယ်ချင်း အပေါင်း အဖော် တွေ ကြားထဲ ခေါ်သွား လေ့ရှိပြီး သူမ နဲ့ အခုလို သွား လာ နေရတာ ကို အမြဲ ဂုဏ်ယူ လေ့ရှိတယ်။ ပြီး တော့ လဲ သူမ ဟာသူ့ကို ပြစ် ပြီး တခြား လူ နောက် လိုက် သွားမှာ ကို အမြဲ စိုးရိမ် နေ တတ် ပါတယ်။ ဒုတိယ မိန်းမ ကို လဲ ကုန်သည် ကြီးဟာ ချစ်ပါတယ်။ သူမ ဟာ သူရဲ့ မိန်းမ တွေထဲမှာ တော့ စဉ်းစား ဆင်ခြင်ဥာဏ် အကောင်းဆုံး ဖြစ် တယ်။ သူမဟာ သူ အပေါ် မှာ စိတ်ရှည် လေ့ရှိ ပါ တယ်။ ဒီ အတွက် ကြောင့် သူမ ဟာ သူ့ ရဲ့ မိတ်ဆွေ ကောင်း တ ယောက် ဆိုရင် လဲ မှား မယ် မထင် ပါ ဘူး။ ဘယ် အချိန် ဘယ် အ ခါ ဖြစ်ဖြစ် သူဌေးကြီး ဟာ ပြ ဿ နာ အခက် အခဲ တွေကြုံ တိုင်း သူမ နဲ့ တိုင် ပင်လေ့ ရှိတယ်။ သူမ ကလဲ သူ့ရဲ့ ပြဿနာ တိုင်း ကို အမြဲလိုလို ကူညီ ဖြေရှင်း နိုင်ခဲ့ပါတယ်။ သူဌေးကြီး ရဲ့ ပထမ ဆုံး မိန်းမ ဟာ အိမ်ထောင်စု ကိစ္စ မှန်သမျှ နဲ့သူရဲ့ ချမ်းသာမှု မှန်သမျှကို ထိန်း သိမ်း ရတဲ့ အပြင်၊ သူမ ဟာ သူ့ရဲ့ သစ္စာ ရှိတဲ့ အပေါင်း အဖော် တ ယောက် ဘဲ ဖြစ်တယ်။ သူမ က သူဌေး ကြီး ကို ဘယ်လောက် ဘဲ လေးလေး နက် နက်ချစ်ချစ် သူဌေးကြီး က ဒီ အခု အ ခါ မှာတော့ သူမကို မချစ်တော့ပါဘူး။ သူဌေးကြီး ဟာ သူမကို အမြဲလိုလို လျစ်လျှူ ရှူနေ တတ်တယ်။
တနေ့မှာတော့ အဲဒီ ချမ်း သာတဲ့ သူဌေးကြီး ဟာ အပြင်း အထန် ဖျားပြီး သေလု မျောပါး ဖြစ် နေခဲ့တယ်။ သိပ်မကြာ ခင်မှာ သူဟာ သေ ရတော့ မယ် ဆိုတာ ကို သူ့ ဟာ သူ သိ နေ ခဲ့တယ်။ "အင်း... ငါ့မှာ မိန်းမ လေး ယောက် တောင် ရှိတယ်။ ဒါပေမယ့် ငါ သေ ရင် ငါ့ တယောက်တည်း ဖြစ် နေ တော့ မယ်။ ဘယ် လောက်များ ပျင်း စရာ ကောင်း တဲ့ ဘဝ ဖြစ် နေ မ လဲ နော်။" လို့ သူဌေးကြီး ဟာ အဲဒီလို တယောက်တည်း စဉ်းစား နေ မိတယ်။ ဒါကြောင့် လဲ သူဟာ သူ့ ရဲ့စတုတ္ထ မိန်းမ ကို မေး လိုက်တယ်။ " မင်း ကို ငါ အချစ်ဆုံး ဖြစ် တယ်။ မင်း ဟာ ငါရဲ့ သံ ယော ဇဉ် အရှိဆုံး ဆို ရင်လဲ မ မှား ပါ ဘူး။ မင်း ကို အ ကောင်း ဆုံး ဆို တာ တွေ ကို ဘဲ ငါ အ ကုန် ပေး ခဲ့တယ်။ အခု ငါ သေ ရတော့ မယ်။ မင်း ငါနဲ့ အတူတူ သေမင်း ဆီ ကို အ ဖော် အ ဖြစ် လိုက် ပေး ပါလား ဟင်။ " " လုံး ဝ မ ဖြစ် နိုင် ဘူး " လို့ ပြော ပြီး သူမဟာ သူ့ကို နောက်ထပ် စကား တခွန်း မျှ မပြောဘဲ ကျော ခိုင်း ထွက် ခွာ သွားခဲ့တယ်။ သူမရဲ့ အဖြေ ဟာ သူဌေး ကြီး ရဲ့ ရင် ဘတ် ကို အသွား ထက်တဲ့ ဓား တချောင်း က လှမ်း ထိုး လိုက် သလို တ ဆစ် ဆစ် နာကျင် နေ အောင် ခံစား လိုက် ရတယ်။ ဝမ်းနည်း နေ တဲ့ သူဌေးကြီး ဟာ နောက် ထပ် တခါ တတိယ မိန်း မ ကို မေး လိုက် ပြန်တယ်။" ငါ့ ဘဝ တ လျှောက် လုံး ငါ မင်း ကို အ ရမ်း ချစ်ခဲ့ တယ်။အခု ငါ သေ ရတော့မယ်။ မင်း ငါနဲ့ အ တူ တူ သေ မင်း ဆီကို အဖော် လိုက် ခဲ့ ပေး ပါ လား ဟာ။" " မလိုက် နိုင် ပါဘူး။ လူ့ဘဝ ကြီး က အ ရမ်း ပျော်ဖို့ ကောင်း တယ်။ ရှင် သေ သွား ရင် ကျွန် မ နောက် တယောက် ကို လက်ထပ် လိုက်မယ်။" လို့ သူမက ဒီလို ပြန်ပြောပြီး ထွက် ခွာ သွား ခဲ့တယ်။ အဲဒီလို အပြု အမူ တွေ ကြောင့် သူဌေးကြီး ဟာ ပိုပြီး စိတ် မကောင်းဖြစ်သွား ခဲ့တယ်။ အဲဒီနောက် မှာ တော့ သူက ဒုတိယ မိန်း မ ကိုမေး ပြန်တယ်။ " ငါ အကူ အညီ လို တိုင်း မင်း က ငါ့ ကို ကူညီ မှု့တွေ ပေး ခဲ့တယ်။ အခု ငါမင်း အကူ အ ညီ ကို လိုပြန် ပြီ။ ငါ နဲ့ အတူ သေ မင်း ဆီ ကို အဖော် အဖြစ် လိုက် ပေး ပါ လား။" " ကျွန်မစိတ်မကောင်းပါဘူး။ ဒါ ကို တော့ မကူညီ နိုင် ပါဘူး ရှင်။ ဒါ ပေ မယ့် ရှင် သေသွား ရင် ရှင့် ကို အုတ်ဂူ နား ထိ တော့ အ ရောက်လိုက်ပို့ ပေး ပါ့မယ်။ " လို့သူမ ပြန်ပြော လိုက်တယ်။ သူ့မိန်းမ တွေရဲ့ အဖြေတွေဟာ သူဌေးကြီး ရဲ့ ဦးခေါင်း နဲ့ ရင်ဘတ် ကို မိုးကြိုးသွား တွေနဲ့ပြစ် ချလိုက်သလို ခံစား သွား ရတယ်။ အခု အခါမှာ တော့ သူဌေးကြီး ဟာ ကူညီသူကင်း မဲ့ ခဲ့ ပြီ မ ဟုတ်ပါ လား။ အဲဒီ လို အချိန် မှာ အသံ တ ခု ထွက်လာပါတယ်။ " ကျွန်မ ရှင် နဲ့ အတူတူ သေ မင်း ဆီကို အဖော် အဖြစ် လိုက်ခဲ့ ပါ ရစေ။" သူဌေးကြီးဟာ အသံ လာ ရာ ဘက် ကို လှည့် ကြည့် လိုက် တဲ့ အ ခါ မှာ သူ့ ပြစ် ပယ် ထား တဲ့ သူ့ ရဲ့ ပထမဆုံး ဇ နီး ဖြစ် နေ တာ ကို တွေ့လိုက်ရတယ်။ သူမဟာ အရင် က လို မဟုတ်တော့ ပါ ဘူး။ အ ရမ်း ကို ပိန်လှီ လွန်း လှ ပါတယ်။ သူမ ဟာ သူ့ဒုက္ခ တွေကို အနှစ်နာခံ ရှင်း ပေး ရတာ များ လို့ ဒီ လိုဖြစ် သွား ပုံပါ။ သူဌေးကြီး ဟာ သူမ ကို စိတ် မ ကောင်း စွာ ကြည့် ပြီး သူ့ ကိုယ် သူ စိတ် နာ သွား ပါ တယ်။ ပြီးတော့" ငါဟာ မင်း ကို အစ တုန်း က ရင်း ဂရုတစိုက် ပိုပြီး ဆက်ဆံ သင့်ပါတယ်။ အခုတော့ ငါမှား ပြီ။ ငါ့ကို ခွင့်လွှတ် ပေး ပါ ကွာ" လို့ ပြောလိုက်တယ်။ အဲဒီ အချိန်မှာတော့ သူဌေးကြီး ရဲ့ ရင် ထဲမှာ လဲ နောင်တ တွေ အ ပြည့်နဲ့ သူမကို သူရဲ့ ချိနဲ့ နေ သောလက် နဲ့ ကြင် နာစွာ သိုင်း ဖက် ထား လိုက် တယ်။ မပြုံး တာ ကြာ ပြီး ဖြစ် တဲ့သူမ ဟာ နွေး ထွေး စွာ ပြုံး လျှက် သူ့ ရဲ့ ရင် ခွင် ထဲ မှာ သူမ ရဲ့ ခေါင်း ကို မှီ လျှက် ပေါ့။သူတို့ အခန်း လေး ထဲမှာ လဲ တိတ်ဆိတ်ငြိမ်သက်လျှက်၊ ပြုတင်းပေါက် ကနေ လှမ်း မြင် နေ ရတဲ့ လမင်း လေး လဲ သူတို့နှစ်ဦးကို ပြုံး ပြီး ကြည့် နေ သ ယောင်ယောင်။ အခန်း ထဲမှာတော့ ပျော်ရွှင်မှု့တွေ နဲ့ပြည့်နက်လျှက်ပေါ့။
(ဟိုး ဟိုး ခဏလေး စာ ဖတ် သူ တို့၊ ဇာတ်လမ်း က မ ပြီး သေး ဘူးဗျ။ စာထဲကို အညတြ ရောက်လာ လို့ ဟာ ဒီ ကောင် လေး တော်တော် ရှူပ်တယ်လို့ မပြော ကြ နဲ့ နော်။ ဇာတ်လမ်း က အခုမှ စတာဗျ။ဒီ ထဲက မိန်းမ လေး ယောက်ဆိုတာ ရည် ညွန်း ပြီးမှ ရေး ထားတာ ပါ။)
အမှန် တယ်တော့ လူ တိုင်း လူ တိုင်း ရဲ့ ဘဝ မှာ မိန်းမ လေးယောက် ရှိပါတယ်။
စတုတ္ထ မိန်းမ ဆိုတာ ကတော့ ကျွန်တော်တို့ ရဲ့ ခန္ဓာ ကိုယ် ပါ။ ဒီ ခန္ဓာကိုယ် ကြီး ကို အချိန် ပေး ပြီး တော့ လှပ အောင် ဘယ် လောက်ဘဲ အားထုတ် အား ထုတ် တနေ့ကျရင် (ကျွန်တော်တို့ သေတဲ့ အခါကျ ရင်)
ဒီ ခန္ဓာကိုယ် ကြီး က ကျွန်တော်တို့ ကို စွန့်ခွာ သွား မှာ ဆို တာ ပါ ဘဲ။
တတိယ မိန်း မ လား ? ကျွန်တော့်တို့ ရဲ့ ပိုင်ဆိုင်မှု့တွေပါ။ချမ်း သာ ကြွယ်ဝမှုတွေပါ။ ဥပမာ။ ။နေအိမ်၊ တိုက်တာ၊ ခြံ၊ မြေ ၊ ကား...အစရှိသဖြင့်ပေါ့ဗျာ။ ဒါတွေကကျွန်တော် တို့ သေ တဲ့အခါ ကျရင် တပါး သူ လက်ထဲ
ရောက်သွားကျတာ မဟုတ်လားဗျာ။
ဒုတိယ မိန်းမ ဆိုတာ ကတော့ ကျွန်တော်တို့ ရဲ့ မိသားစု၊ ဆွေမျိုး တွေနဲ့ သူငယ်ချင်း တွေ ဘဲဖြစ်ပါတယ်။
သူတို့တတွေကတော့ ကျွန်တော်တို့ သက်ရှိ ထင်ရှား ရှိနေစဉ်က ဘယ်လောက် ထိဘဲ နီးနီး ကပ်ကပ် ခင်ခဲ့ နေခဲ့၊ အဝေး ဆုံးမှာ ကျွန်တော် တို့ နဲ့ နေ တဲ့ တနေ့ကတော့၊ ကျွန်တော်တို့ ရဲ့ အုပ်ဂူ အထက်မှာ သာဖြစ် တယ်။
ပထမ မိန်းမ ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဝိဥာဏ် သာဖြစ်တယ်။ ကျွန်တော် တို့ ဟာ ချမ်း သာကြွယ်ဝမှု့
တွေမှာ ပျော်မွေ့ ပြီး၊ ဝိဥာဏ် ကို ဘယ်လောက်ဘဲ အမှုမဲ့ အမှတ်မဲ့ ထားထား၊ သူဟာ ကျွန် တော်တို့ နဲ့ တစ်ဖဝါး မှ မကွာ ထပ် ကြပ် လိုက်ပါ ရ စမြဲ ပါဘဲ။ တချိန်ကျရင် (သေဆုံးတဲ့ အခါ ကျ ရင်) ကျွန်တော် တို့ နဲ့ အတူတူ ဝိဥာဏ် က သေ မင်း ဆီ ကို အ လည် လိုက် ရ စမြဲပါဘဲ။ ဒါတွေ အား လုံး က ဓမ္မာတာ ကြီး ပါဘဲ ဗျာ။
့................................................................ပြီးပါပြီး......................................................................
(အညတြ)ခေတ္တ နယူးယောက်ခ်


ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/4_wives.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

10/22/08

ဖေဖေ ဆုံးမတဲ့ ဒေါသ ဆိုတာ

တခါတုန်းက လူငယ်လေး တဦးမှာ အရမ်းကို ဒေါသကြီးတဲ့ အကျင့်ဆိုးလေး တခု ရှိခဲ့တယ်။ အဲဒီ လူငယ်လေး ရဲ့အဖေ ဟာ တနေ့မှာ အကြံတခု ရလာတာနဲ့ ထို လူငယ်လေး ကို သံထုပ် တထုပ် ကို ပေးခဲ့တယ်။ အဖေ ဖြစ်သူက သား ရေ မင်း ဒေါသ ထွက်တဲ့ အခါတိုင်း မင်း ဒီသံထုပ်ကို သယ်ပြီး အိမ် နောက်ဖေးက သစ်သား ခြံစည်းရိုး မှာ ရိုက်ထည့်ပါ။ ဒီလို ရိုက်ထည့်ရင် မင်း ဒေါသ တွေကို မင်း ထိန်းချုပ် နိုင် လိမ့်မယ်လို့ ပြောခဲ့တယ်။ သား ဖြစ်သူ က အဖေ့ စကား ကို နားထောင်ပြီး သူ ဒေါသ ထွက်တိုင်း အိမ် နောက် ဖေး ကို သွားပြီး သံချောင်း တွေကို ပထမဆုံး နေ့မှာ ဘဲ ၃၇ ချောင်း မျှ ရိုက် ထည့် ခဲ့တယ်။ ရက် အနည်းငယ် ကြာသောအခါ သံချောင်း တွေက တဖြည်းဖြည်း ခြင်း ခြံစည်းရိုး ပေါ်မှာ များ သထက်များ လာခဲ့သော်လည်း သူ့ ဒေါသ ထိန်းချုပ်မှု့ တွေက လျော့ပါး မလာ ခဲ့ပါဘူး။ လူငယ် လေး အဖို့ ကတော့ သံချောင်း တွေကို သစ်သား ခြံစည်းရိုး ပေါ်မှာ ရိုက်ရ တာ ဟာ သူ့ ဒေါသ ထွက်တာ ကို ပိုပြီး လွယ်ကူ စေခဲ့ တယ်လို့ မြင်ခဲ့တယ်။ နောက်ဆုံး သစ်သား ပေါ်ကို သံ အ ချောင်း (၅၀၀)ဝင်သွား တဲ့ အထိ သူ့ ဒေါသ တွေကို မထိန်းချုပ် နိုင်တဲ့ အပြင် ဒေါသ ထွက်တာ တွေက ရပ်မသွား ခဲ့ပါဘူး။ လူငယ်လေး က သူ့အဖေ ကို သံချောင်း တွေ ကုန်သွားကြောင်း ပြောပြတဲ့ အခါ အဖေ ဖြစ်သူက သားကို ဒီလို ပြန်ပြော ခဲ့ပါတယ်။ သား ရေ ဒီတခါ သံချောင်း တွေ မရှိတော့လို့ မရိုက်နဲ့တော့။ သား ရိုက်ထားတဲ့ သံချောင်း တွေကို သား ဒေါသ ထွက် တိုင်း တချောင်းခြင်း ဆီပြန်နုတ် ပါ သား၊ အဲလို ပြန်နုတ်ရင် မင်း ဒေါသ တွေ ကို ထိန်းချုပ် နိုင်လိမ့်မယ် လို့ အကြံ ပြုခဲ့ ပြန်တယ်။ အချိန် တွေတာ ကုန် လာခဲ့တယ်။ လူငယ်လေး သံ ပြန်နုတ်တာ ကုန်သွားပြီး ဖြစ်ကြောင်း သူ့ အဖေ ကို ပြောပြမဲ့ ရက် ရောက်လာ ခဲ့သော် လည်း သူ့ဒေါသထွက်တာတွေကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဖေဖြစ်သူရောက်ရှိလာတဲ့အခါမှာ အဖေ ဖြစ်သူက သား လက် ကို ဆွဲပြီး သစ်သား ခြံစည်းရိုး ရှိရာ ကို ဦးဆောင် ခေါ်လာ ခဲ့တယ်။ ပြီး နောက် အဖေ ဖြစ်သူက သား ကို ဆုံးမ စကား ဒီလို ပြောပြ လိုက်ပါတယ်။ သား မင်း အရမ်း တော်တယ် ငါ့သား။ မင်း ကြည့်ကြည့်စမ်း ဒီ ခြံစည်းရိုး ပေါ်က သံပေါ်က်တွေ ဒီဟာတွေ အားလုံး ဟာ မင်းရဲ့ ဒေါသ ရိပ် တွေ ပါဘဲ သား။ ဒီ ခြံစည်းရိုး ဟာ ဘယ်တော့မှ အရင် ကလို အကောင်း အတိုင်း ပြန် ဖြစ် မလာ တော့ပါဘူး သား။ မင်း ဒေါသနဲ့ ပြောတာ တွေ အားလုံးဟာ မင်း ပြောလိုက် တဲ့ အပြောခံရ သူရဲ့ ရင်မှာ ဒီ သံပေါ်က်တွေ လိုမျိုး အမာရွက် တွေ ကျန်ထင် နေစေ ခဲ့တယ်သား။ မင်း ဓါး တချောင်း ယူပြီးတော့ သူတို့ ရင်ဘတ် ပေါ်မှာ အပေါ်က်လေး တွေ သွား ထွင်းသလို မျိုး ဖြစ်နေတယ် ။ မင်းဒေါသနဲ့ ပြောလိုက်တဲ့ သူကို ဘယ်လိုဘဲဖြစ်ဖြစ်၊ ဘယ်နှစ်ခါ ပဲ သွား တောင်းပန် တောင်းပန် သူ တို့ကို စိတ် ကို ထိခိုက် နာကျင် စေတဲ့ အရာကတော့ သူတို့ ရင်ထဲမှာ ကျန် နေစေခဲ့တယ် သား။ တခါတခါမှာ မင်း ဒေါသနဲ့ စိတ်လိုက် မာန်ပါ သူတပါး ဂုဏ်သိက္ခာ နဲ့ စိတ်နှလုံး ထိခိုက် နာကျင် အောင် ပြောတာ ဟာ သူတပါး ကို ကိုယ်ထိ လက်ရောက် စော်ကား တာနဲ့အတူတူ ဘဲ သား။
...........................................................၀၀၀.......................................................................

ဒေါသကြီး တဲ့ သူတိုင်း ကျွန်တော့် လို ဒီသံဝေဂ လေး ရစေချင်လို့ ဒီ ဘာသာပြန် ရေး ဖြစ်သွားခြင်းပါ။
စေတနာဖြင့်
(အညတြ)ခေတ္တ နယူးယောက်ခ်


ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.maneesh.co.in/ss34.html
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

10/21/08

ပြန်ခဲ့ပေးပါ ဖေဖေ

သား။ ။ဖေဖေ သား မေးခွန်း တခု လောက် မေးလို့ ရမလား
အဖေ။ ။ရတယ် မေးလေ ဘာ မေးချင်လို့လဲ
သား။ ။ဖေဖေ တစ်နာရီ ကိုဖေဖေ ဘယ်လောက်ရလဲ ဖေဖေ့ အလုပ်မှာ
အဖေ။ ။ဒါမင်းနဲ့မဆိုင်ပါဘူး မင်းဘာကြောင့် ဒီမေးခွန်း မျိုးမေး ရတာလဲ
သား။ ။ကျွန်တော် ဒီလိုဘဲ သိချင်လို့ပါ။ ကျေးဇူးပြုပြီး ဖေဖေ ပြောပြပါလားဗျာ...နော် ဖေကြီး
အဖေ။ ။အင်း ငါတစ်နာရီ ကို ဒေါ်လာ ၁၀၀ လောက် ရတယ်
အို....ဆိုတဲ့ အသံနဲ့ အတူ သားဖြစ်သူ က သူ့အဖေ ကို ဒီလို ပြန်ပြော လိုက်ပါတယ်။
သား။ ။ဖေဖေ သား ကို ၆၀ လောက် ချီးပေး ပါလားဗျာ။
ဒီလို မေးခွန်းမျိုး ကိုလဲ ကြားရော အဖေဖြစ်သူ က ဒေါသ မထိန်းချုပ် နိုင်တော့သလို သူ၏ ပါးစပ်မှ လဲ ဒေါသ သံဖြင့် ဤသို့ ပြောချလိုက် သည်။
အဖေ။ ။မင်း ဘာတခုမှ အလိုက်ကန်း ဆိုးမသိဘူး။ ငါ အခု ပင်ပင်ပန်းပန်း ရှာနေတာ အားလုံးက မင်း တို့ အတွက်ကြီးဘဲ။ အဲဒါကို ရော မင်းသိလား။ ကိုယ့်ဘို့ ကိုဘဲ ကြည့်ပြီး တကိုယ်ကောင်း ဆန်တဲ့ကောင်။ မင်း အသက်အရွယ်လဲ နည်းနည်း ကြည့်အုံး။ ဒီအချိန်ထိ ဘာမဟုတ်တဲ့ အရုပ်တွေ ဝယ်ပြီး ကစား အုံး မလို့လား။ သွား မင်းငါ့ရှေ့ကအခု ချက်ခြင်း ထွက်သွားစမ်း။
သား ဖြစ်သူဟာ အဖေ ဒေါသကို အားငယ်သော မျက်လုံးများနဲ့ ကြည့်လိုက်တယ်။ အဲဒီနောက် အဖေ အရှေ့က နေအသာ တကြည်ထွက်ခဲ့ပြီး အိပ်ခန်း တံခါးကို ညှင်သာစွာ ပိတ်၍ အခန်းထဲမှာ စိတ်မကောင်းစွာ နဲ့ လဲနေခဲ့တယ်။ အဖေဖြစ်သူ ဟာ ဧည့်ခန်းထဲ ရှိ ကုလားထိုင်မှာ ဆောင့်ကြောင့်ကြီး ထိုင်၍ သူ၏ သား အကြောင်း ဒေါသကြီးစွာနဲ့တွေးရင်း ကျန်ရစ်ခဲ့တယ်။ ဒီကောင် ငါ အလိုလိုက်လို့ တော်တော်ဆိုးနေပြီ။ ငါ ဘယ်လို ဆုံးမ ရင်ကောင်းမလဲ၊ အစ ရှိသဖြင့် အဖေ ဖြစ်သူက တွေးရင်း နေမိတယ်။ တစ်နာရီ ကျော်ကြာတဲ့ အခါမှာ အဖေ ဖြစ်သူက ဒေါသပြေသွားပြီး သူ့ သား အကြောင်းကို စဉ်းစား နေမိတယ်။ အင်းလေ သူ ဒီငွေ ၆၀ ကို တခုခု ဝယ်ဖို့ ငါ့ဆီ က တောင်းတာ ဖြစ်မယ်။ သူလဲ င့ါကို ပိုက်ဆန် ခဏခဏ တောင်းဖူး တာလဲ မဟုတ်ပါဘူးလေ။ ငါ ဒီကောင်ကို သေချာ ပြောလိုက် ပါ အုံးမယ်။အဖေ ဖြစ်သူဟာ သားဖြစ်သူရဲ့ အခန်းရှေ့ သွားပြီး တံခါး ခေါက်လိုက်တယ်။ သား မင်းအိပ်နေပြီလား လို့အဖေ ဖြစ်သူ က လှမ်းပြော လိုက်တယ်။ မအိပ်သေးဘူး ဖေဖေ သား နိုးနေပါတယ် လို့ သား ဖြစ်သူက ပြန်ပြောလိုက်တယ်။ငါ အခုဘဲ စဉ်းစားနေတာ ခဏ နေတုန်းက ပြောတာ လွန်သွားလား မသိဘူး လို့ အဖေဖြစ်သူ က ပြောရင်း အခန်းထဲကို လှမ်းဝင်လိုက်တယ်။ ငါလဲ တနေကုန် အရမ်း ပင်ပန်းလာလို့ မင်းကို ပြောတာနဲနဲ ပိုဆိုးသွားတယ်။ ရော့ကွာ ဒီမှာ မင်း တောင်းတဲ့ ၆၀ ယူလိုက်တော့။ သားငယ်လေး ဟာ ဝမ်းသာ အားရသော အပြုံးလေးနဲ့ အတူ အဖေရာ အရမ်း ကျေးဇူး တင်တယ်ဗျာလို့ ပြောပြီး ခေါင်းအုံး အောက် ကို သူ့လက်ကလေး ရောက်သွားတယ်။ မှတ်စု စာအုပ် ခပ်နွမ်းနွမ်းလေးနဲ့ အတူ သူ့ လက်ကို ခေါင်းအုံး အောက်က ပြန်ထုတ် လိုက်တယ်။ အဖေ ဖြစ်သူက ပြန်လည် စိတ်တို သွားတယ်။ ဒီကောင် မှတ်စု စာအုပ် ကြားထဲမှာ တောင် ပိုက်ဆန် အများကြီး ရှိ နေတာ ငါ့ ဆီက ထပ်ပြီး တောင်းနေသေးတယ်လို့ အဖေ ဖြစ်သူက စိတ် ထဲကနေ ရေရွတ်ပြောနေမိတယ်။ သား ဖြစ်သူ က အဖေ ပေးတဲ့ ပိုက်ဆန် ကို ဘေးမှာ ချပြီး သူ့ မှတ်စု ကြားက ပိုက်ဆန် ကို ရေနေလိုက်တယ်။ အဲဒီနောက် အဖေ ဖြစ်သူကို မော့ကြည့်လိုက်တယ်။ မင်း ဘာကြောင့် ထပ်ပြီး ပိုက်ဆန် တောင်းတာလဲ မင်းမှာ လဲ ပိုက်ဆန် အများကြီး ရှိ နေသေးတာဘဲ လို့ အဖေ ဖြစ်သူက စိတ်ပျက်သော အမူအရာနဲ့ လှမ်းပြော လိုက်တယ်။ သား ဖြစ်သူက ဒီလို ပြန်ပြော လိုက်ပါတယ်။ ကျွန်တော့် မှာ လုံလုံလောက်လောက် မရှိလို့ပေါ့  ဖေကြီး ရာ။ အခုတော့ လုံလောက် သွားပါပြီ ဗျာ။ ဖေဖေ သားမှာ အခု ၁၀၀ ရှိ သွားပြီ ဗျ။သား ဖေဖေရဲ့တစ်နာရီ အချိန် ကို ဝယ်ခွင့် ပြုပါနော်။ မနက်ဖြန် အိမ်ကို စောစော ပြန်ခဲ့ ပေးပါဖေဖေ။ သားတို့ တွေဖေဖေနဲ့ ညစာ အတူတူ စားပါရစေ။ သားတို့ မိသားစုတွေ စုံစုံလင်လင်နဲ့ ထမင်းမစား ရတာ ဘယ်လောက် ရှိ သွားပြီလဲ ဗျာ။စောစော ပြန်ခဲ့ပေးပါ ဖေဖေရာ .......နော် ။
-----------------------------------------------------0000-------------------------------------------------------

ဒီစာလေးကိုဖတ်ပြီးဖေဖေ မေမေ တို့ကိုသတိရသွားတယ်ဗျာ။ဖေဖေတို့နဲ့ထမင်းလက်ဆုံမစားရတာ၇နှစ်နှစ်
ကျော်ခဲ့ပြီး။ဒါကြောင့်ဒီစာကိုဘာသာပြန်ဖြစ်သွားတယ်။ကျွန်တော်စာအရေးအသားညံ့ခဲ့မယ်ဆိုရင်စာဖတ်သူကို
ကျွန်တော့်ကိုအပြစ်မမြင်ပါနဲ့လို့ဆုတောင်းရင်....
(အညတြ)ခေတ္တ နယူးယောက်ခ်


ီဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.maneesh.co.in/ss9.html
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

10/20/08

ဖွင့်ဟဝန်ခံခြင်း

သူ့ ရင်တွေ ခုန်နေသည်။ ဟုတ်ပါသည်။ အဲဒီနေ့ကပါ။ သူ သူမကို ပါတီတစ်ခုမှာ သူ စတွေ့ခဲ့တာပါ။ သူမ ဟာအရမ်း ကို ချောမွှေ့ လှပလွန်းပါသည်။ သူမ အလှမှာ မြင်သူတိုင်း နှစ်ခါပြန်းငေး ရလောက်အောင် လှချင်တိုင်း လှနေသူပါ။ ပြီးတော့ ဘေးမှာ အဖော် ပါပုံလည်း မရတာကြောင့် ပါတီက ယောင်္ကျားလေး တော်တော် များများ သူမဆီ ချည်းကပ်ကြ ပါတယ်။ သူကတော့ သူမကို အဝေး တနေရာကနေဘဲ ကြည့် နေခဲ့ မိပါတယ်။ သူ့ကိုလဲ မည်သူမျှ သတိထား မည့် ပုံ မပေါ်ပါဘူး။ ပါတီ အပြီးမှာတော့ သူက သူမအနား အရဲစွန့် သွားပြီး သူနဲ့ အတူ ကော်ဖီ သောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သူမကလည်း သူနဲ့ အတူတူ ကော်ဖီ သောက်ဖို့ ဂတိ ပေးပြီး ကော်ဖီဆိုင် ကို လိုက်ခဲ့တယ်။ သူမက သူကို အကဲခတ်ပြီး လေ့လာ နေခဲ့မိတယ်။ သူကြည့်ရတာ အရမ်းကို ရှက်သလိုလို၊ ကြောက်နေသလိုလို ဖြစ်နေပုံပါ။ သူကို ကြည့်ပြီး သူမကော ဘဲ အနေအထိုင် ကြပ်ခဲ့ပါတယ်။ သူမ စိတ်ထဲ မှာတော့ ကျေးဇူးပြုပြီး အိမ်ပြန်ပါရစေရှင်လို့ သူမ ပြောနေမိခဲ့တယ်။ သူနဲ့ သူမတို့ အကြား စကားသံ တွေ တိတ်ဆိတ် နေတဲ့ ခဏအကြာမှာ သူဟာ စားပွဲထိုး တယောက် ကို လှမ်းခေါ်လိုက်တယ်။ စားပွဲထိုးလေး အနားရောက်လာ တဲ့ ခဏမှာတော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆားဗူးလေး ပေးပါလား ကော်ဖီထဲကို ထည့်ဖို့လို့ သူက လှမ်းမှာလိုက်တယ်။ သူမက သူအား အံ့အားသင့်စွာနဲ့ ကြည့်ပြီး သူ့ရဲ့ ထူးဆန်းသော အကျင့်လေးကြောင့် သူမ စကား စလိုက်တယ်။
ဘာလို့ ကော်ဖီထဲ ကို သကြား မထည့်ဘဲ ဆား ထည့်သုံးတာလဲ။ သူမ မေးခွန်းကြောင့် သူက ကျွန်တော် ငယ်ငယ်တုန်းက ပင်လယ်ဘေး မှာနေတာပါ။ ကျွန်တော်က ပင်လယ် ပျော်လေးပေါ့ ကျွန်တော့် အဖေ အမေနဲ့ မောင်နှမတွေ အားလုံး အခုထိ အဲဒီ ပင်လယ်ဘေးက ရွာကလေး တရွာ မှာပေါ့။ ကျွန်တော် ဒီ အကျင့်လေး ကလဲ အဲဒီ ကနေ ရခဲ့တာပါ။ သူက အဲဒီက တဆင့် သူငယ်ငယ်တုန်းက နေထိုင်ပုံအကြောင်း၊ ကလေးဘဝတုန်းက အကြောင်းလေးတွေနဲ့ အိမ်ကို လွှမ်းဆွတ် မိနေကြောင်း တွေကို ဝေမျှပါတယ်။ သူမကလည်း သူမ ငယ်ငယ်တုန်းက အကြောင်းလေးတွေ ပြန်လည် ဝေမျှပါတယ်။ အဲဒီလိုနဲ့ သူတို့ စကားဝိုင်းလေး ဟာစိုပြေမှု့ ရှိလာတဲ့ အပြင် တယောက် အကြောင်း တယောက်သိပြီး ငယ်ပေါင်းကြီးဖော် သူငယ်ချင်း တွေလို ဖြစ်သွားခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူတို့တွေ မကြာခဏ တွေ့ဖြစ်ခဲ့ ကြတယ်။ တယောက်ပေါ် တယောက် သံယောဇဉ်လေးတွေ တွယ်ခဲ့ကြပြီး ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။ ချစ်သူ ဘဝကနေ တဆင့် ၂နှစ်အကြာမှာ လက်ထပ်ဖြစ်ခဲ့ကြတယ်။ လက်ထက်ပြီးမှာ သူမဟာ မနက်တိုင်း သူ အလုပ် မသွားမှီ ကော်ဖီဖျော် တဲ့ အခါတိုင်း က်ာဖီလေး ထဲကို သူ အရမ်းနှစ်သက်တဲ့ ဆားတွေထည့် ဖျော်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့တွေ နေလာခဲ့ကြတာ နှစ်၄၀ကျော် ကြာတဲ့နောက်မှာ သူဟာ နှလုံးသွေးတိုး ရောဂါ နဲ့ ကွယ်လွန်သွားခဲ့တယ်။ မကွယ်လွန်ခင်မှာ သူဟာ ဖွင့်ဟဝန်ခံချက် ဆိုတဲ့ စာကလေး တဆောင်ကို သူမ အတွက်ထားခဲ့တယ်။ စာထဲမှာတော့ ......
" သို့ အချစ်ဆုံး ချစ်သူလေးရယ်..
ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့ဘဝ တခုလုံး က မင်းကို လိမ်ခဲ့ မိတဲ့ င့ါအမှား တခုကို ခွင့်လွှတ်ပေးပါ။ ငါ မင်းကို တခု လိမ်ခဲ့မိ ပါတယ်။ အဲဒါကတော့ ဆားကော်ဖီ ကိစ္စပါဘဲ။ မင်း မှတ်မိအုံးမှာပါ။ မင်းနဲ့ ပထမဆုံး ငါ စတွေ့တဲ့ နေ့ကပေါ့။ ငါဟာ အဲဒီနေ့က အရမ်းကို ရှက် ကြောက် နေခဲ့မိတာပါ။ အဲဒါနဲ့ စားပွဲထိုးလေး ကို သကြား လှမ်းမှာတာ သကြားလို့ မပြောမိ ဘဲ ဆား လို့ ယောင်ရမ်းပြီး ပြောလိုက်မိတာပါ။ အမှန် တကယ်တော့ ငါသကြားလို့ ပြန်ပြီး ပြောင်းပြောချင်ပေမယ့် အခွင့် မသာခဲ့ပါဘူးဟာ။ ဒီအဖြစ်အပျက် လေးဟာလဲ ငါတို့ နှစ်ယောက်ရဲ့ ဘဝ အကြောင်းလေး တွေ စပြော စေခဲ့ မိတာ မဟုတ်လား ဟာ။ ငါ မင်းကို အမှန်အတိုင်း ရှင်းပြဖို့ အကြိမ်ပေါင်း များစွာ ကြိုးစား ခဲ့ ပါသေးတယ်။ မင်း မှတ်မိမှာပါ။ ငါ မင်းကို လုံးဝ မလိမ်ဘူး ဆိုတဲ့ ငါရဲ့ဂတိ စကားလေး ကို ငါ ချိုးဖောက်တယ်လို့ မင်းစွပ်စွဲမှာ၊ မင်းအထင်သေးမှာ၊
မင်း င့ါကို မုန်းသွားမှာ ငါ အ ရမ်း စိုးကြောက် မိလို့ပါ။ မင်း အဲလို စွပ်စွဲမှုတွေနဲ့ ငါ့ကို ခွဲသွားမှာ ကိုလည်း ငါ လုံးဝ မလိုလား ဘူး ချစ်သူရာ။ အခုတော့ ငါလည်း သေဆုံးခဲ့ပါပြီ။ ငါ ဘာတခုမှ မကြောက်တော့ လို့ မင်းကို အမှန်တွေ ငါဖွင့်ပြော ပါရစေ။ အမှန်တကယ်တော့ ငါ ဆားကော်ဖီ ကို လုံးဝ မကြိုက်ပါဘူး။ ကော်ဖီက ငန်ကြိကြိနဲ့ အရသာ ကို မရှိလှ ပါဘူးဟာ။ ဒါပေမယ့် ချစ်သူ ငါ မင်းကို သိတဲ့ နေ့ကစပြီး အဲဒီ ကော်ဖီငန်ငန်ကြီး ကို အခု ငါ သေတဲ့အထိ မညီးမညှူ သောက် ခဲ့ရပါတယ်။ ငါ မင်းကို ချစ်လွန်းလို့ လုပ်ခဲ့တဲ့ ဒီအရာကို ငါဘယ်တော့မှ နောင်တ မရပါဘူး။ မင်း ငါ့ ဘေးမှာ မင်း အမြဲ ရှိနေခဲ့တာ ကိုက ငါ့အတွက် အကြီးမားဆုံး ပျော်ရွှင်မှု့ ပါချစ်သူ။ ငါ နောက်တခါ အသက် ပြန် ရှင်ခွင့် ရခဲ့မယ် ဆိုရင် မင်းနဲ့ ပြန်ဆုံ ချင်ပါတယ်။ မင်း ဖျော်ပေးတဲ့ ကော်ဖီငန်ငန်လေး ကို ထပ်သောက်ပါ ဆိုရင်တောင် မှ ငါ မညီးမညီူဘဲ မင်းနဲ့ တသက်တာ လက်တွဲ ခွင့် လေးကို ပြန်ရချင် ပါသေး တယ် ချစ်သူ။"
သူမ မျက်ရည်စ တွေက စာပေါ်မှာ တပေါ်က်ပေါ်က် ကျနေခဲ့တယ်။ တစုံတယောက်က သာ သူမကို ဆားကော်ဖီ လေး ဘာ အရသာ ရှိလဲလို့ လှမ်းမေး ခဲ့ရင် သူမ ရင်ထဲ ဖြေဖို့ စကား ကတော့ အသင့်ရှိနေမှာပါ။ သူမ အတွက်တော့ဆားကော်ဖီလေး ဟာ အရမ်းကို ချိုမြိန် လွန်း နေမှာ အသေအချာ ပါဘဲ။
အချစ်ဟာ မေ့စရာ ကောင်းတဲ့ အရာ မဟုတ်ပါဘူး ခွင့်လွှတ် စေတဲ့ အရာပါ။
အချစ်ဟာ မြင်ရတဲ့ အရာ မဟုတ်ပါဘူး နားလည်မှု့ ပေးစေတဲ့ အရာပါ။
အချစ်ဟာ ကြားရတဲ့ အရာ မဟုတ်ပါဘူး နားထောင် စေတဲ့ အရာပါ။

(အညတြ)ခေတ္တ နယူးယောက်ခ်
ဘာသာပြန်
မှတ်ချက်။ ။ပထမဆုံး ဘာသာပြန် ရေးသားတာပါ။ စာဖတ်သူတိုင်း ပျော်ရွှင်ဝမ်းမြောက်မှု့ ရှိပါစေ။ ဤဘာသာပြန် အားအောက်ပါ ဝက်ဖ်ဆိုဒ်မှ ပြန်ဆိုထား၏။ အနည်းအကျင်း ပြန်လည် ပြုပြင်ထားသည်။
http://www.maneesh.co.in/ss7.html မူရင်းအား ဤ နေရာတွင် ပြန်လည် ကြည့်ရှုပါ။