10/31/08

သင့် အိမ် ကို တည် ဆောက် ပါ။

အသက် အ ရွယ် ကြီး ရင့် လှ တဲ့ လက်သမား ဆရာ တ ယောက် ဟာ သူ့ အ လုပ် ကို စွန့် လွှတ် အ နား ယူ ဖို့ အချိန် ရောက် ရှိ လာ ခဲ့ တယ်။ သူ ဟာ ဒီ လက် သ မား အ လုပ် ကို စွန့် ပြီး လွတ် လွတ် လပ်လပ် ပျော် ပျော် ပါး ပါး အ တိုး ချ ပြီး မိ သား စု တွေ နဲ့ ဘဝ ကို အ ချိန် ကုန် ဖြတ် သန်း ဖို့ အ ကြောင်း၊ ပင် စင် ယူ စီ မံ ကိန်း တွေ ကို သူ့ ရဲ့ ကန် ထရိုက် တာ ကို ပြော ပြ ခဲ့ တယ်။ သူ ဟာ အ နား ယူ တော့ မှာ ဖြစ် တဲ့ အ တွက် ကြောင့် သူ ရဲ့ အ ပတ် စဉ် လ စာ လေး ကို လွှမ်း တမ်း တ နေ ရတော့ မယ် ဆို တာ တွေ ကို ရင် ဖွင့် လို့ နေ ခဲ့ တယ်။ သို့ သော် လည်း ကန် ထ ရိုက် တာ ဟာ သူ့ ရဲ့ အား ကိုး ရတဲ့ အ လုပ် သမား တ ယောက် ဆုံး ရှူံး ရ မှာ ကို စိတ် မ ကောင်း ဖြစ် နေ ခဲ့ တယ်။အဲ ဒီ နောက် မှာ တော့ လက် သ မား ဆ ရာ ကို သူ့ အ တွက် နောက် ဆုံး အ နေ နဲ့ အိမ် တ လုံး ထပ် ဆောက် ပေး ဖို့ တောင်း တောင်း ပန်ပန် နဲ့ သူ ကို မျက် နှာ သာ ပေး ရန် ခွင့် တောင်း လာ လိုက် တော့ တယ်။ လက် သမား ဆရာ ဟာ သူ မ လုပ် ပေး ရင် လဲ မ ကောင်း တတ် လို့ လုတ် ပေး ဖို့ ကို ဂတိ ပေး လိုက် ရ တယ်။ ဒါ ပေ မယ့် အ လုပ် ချိန် တိုင်း မှာ သူ ဟာ စိတ် ပါ လက် ပါ လုပ် ကိုင် မှု မ ရှိ ခဲ့ ပါ ဘူး။ အဲဒီ အ ပြင် သူ ဟာ သစ် သား အ ဟောင်း တွေ၊ ပစ္စည်း အဟောင်း တွေ နဲ့ အ ဆင့် အ တန်း နှိမ့် ကျ တဲ့ ပုံ စံ ဒီ ဇိုင်း တွေ ကို အ ဓိ က ထား ၍ အ သုံး ပြု ကာ အိမ် ကို ပြီး လျင် ပြီး ရော ဆို တဲ့ သ ဘော နဲ့ ဖြစ် သ လို ဆောက်ခဲ့ တယ်။ သူ ရဲ့ အ သက် မွေး ဝမ်း ကြောင်း ပ ညာ ကို ဒီ လို ပြု လုပ် ခြင်း ခြင့် အ ဆုံး သတ် တာ ဟာ စိတ် မ ကောင်း စ ရာ ဘဲ ဖြစ် တယ်။လက် သ မား ဆရာ ဟာ အ ချိန် တန် လို့ ဆောက် ပြီး သွား တဲ့ အ ခါ မှာ ကန် ထ ရိုက် တာ ဟာ အိမ် ကို စေ့စေ့ စပ်စပ် လာ ကြည့် ခဲ့ တယ်။ အဲ ဒီ နောက် မှာ သူ ဟာ လက် သမား ဆရာ ကြီး ကို အိမ် သော့ လှမ်း ပေး ပြီး ပြော လိုက် တယ်။
" ရော့ အိမ် သော့ ဒီ အိမ် က ခင် ဗျား အ တွက် ကျွန် တော် ရဲ့ လက် ဆောင် ပေါ့ "
လက် သမား ဆရာ ဟာ ကို အ တော် ကို အံ့ အား သင့် သွား တယ်။ သိပ် ကို ရှက် စ ရာ ကောင်း တဲ့ အ ရာ ပါဗျာ။ သူ ကိုယ် သူ ရှက် ပြီး နောင် တ များ စွာ လဲ ရ နေ ခဲ့ တယ်။ သူ ပြီး ပြီး ရော ဆို ပြီး ဆောက် ခဲ့ တဲ့ အိမ် လေး ဟာ သူ ကိုယ် တိုင် နေ ရမယ့် အိမ် ဖြစ် တယ် ဆို တာ အ စ က တည်း က သာ သူ သိ ခဲ့ ရင် သူ ဒီ ထက် ပိုပြီးေ ကာင်း အောင် ဆောက် မှာ သေ ချာ ပါ တယ်။

ကျွန် တော် တို့ တ တွေ လက် သ မား ဆရာ ဘက် ကို ဝင် ကြည့် ကြ ရ အောင် လား ဗျာ။ ကျွန် တော် တို့ ဟာ ကျွန် တော် တို့ နေ ထိုင် ရ မယ့် အိမ် မှန်း မ သိ ဘဲ အိမ် ထဲ မှာ ထည့် ရ မယ့် အ ကောင်း ဆုံး ဆို တာ တွေ ကို လျစ် လျူ ရှူ ပြီး နေ့ ရှိ သ ၍ ဖြစ် သ လို ဆောက် လုပ် လာ ခဲ့ မိ တာ နောက် ဆုံး တ နေ့ မှာ အဲဒီ အိမ် ဟာ ကျွန် တော် တို့ နေ ရ မှန်း လည်း သိ ရော အ စ က နေ ပြန် ပြင် ပြီး ဒီ ထက် ကောင်း အောင် ပြန် လုပ် ဖို့ ဆို တာ မ ဖြစ် နိုင် တော့ ပါ ဘူး။ အ စ က သာ သိ ရင် ရင် ဒီ ထက် ကို အ ဆ ထောင် နဲ့ သောင်း နဲ့ ချီ ပြီး ကောင်း အောင် ဆောက် ဖြစ် မှာ သေ ချာ ပါ တယ်။ အ ခု တော့ အ နောက် ကို ကျွန် တော် တို့ ပြန် သွား လို့ လဲ မ ရဘူး။ ကျွန် တော် တို့ ဟာ လက် သ မား တွေ ဘဲ ဖြစ် ကြ တယ်။ နေ့ စဉ် နေ့ တိုင်း သံ ရိုက် ရ တယ်။ ပျဉ် ခင်း ရ တယ်။ အကာ အ ရံ တွေ ဆောက် ရ တယ်။ အ စ ရှိ က သ ဖြင့် ပေါ့ ဗျာ။ " ဘ ဝ ဆို တာ ကိုယ် နေ့ တိုင်း လုတ် ဆောင် ရ တဲ့ စီ မှန် ကိန်း ဘဲ ဖြစ် တယ် " လို့ ပညာ ရှိ တ ဦး က လည်း အ ဆို ရှိ ဖူး ပါ တယ်။ ယ နေ့ ကျွန် တော် တို့ ဘာ ကို ဆောင်ရွက် ရ မည် ဆို တဲ့ သဘော ထား ကို သိ ရှိ ရ မယ်။ ကျွန် တော် တို့ ဟာ မ နက် ဖြန် မှာ နေ ရ မယ့် အိမ် ကို ကျွန် တော် တို့ ကိုယ် တိုင်း စ နစ် တ ကျ ပ ညာ ရှိ စွာ ကူ ညီ ပြီး ဆောက် လုပ် နိုင် ရ မယ်။

အညတြ (ခေတ္တ န ယူး ယောက်)
ဘာ သာ ပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/building_your_house.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

ဘယ် အ ကောင် နှစ် မှာ သင် မွေး လဲ

၁၃၇ဝ(မြန် မာ သ က္က ရာဇ်)
2008(ခရစ် သက္က ရာဇ်)
4706(တ ရုတ် သက္က ရာဇ်)

တ ရုတ် နှစ် အ လိုက် အ ကောင် များ

Ox Tiger Hare Dragon Snake Horse Sheep Monkey Rooster Dog Pig Rat
2009 2010 2011 2012 2013 2014 2015 2004 2005 2006 2007 2008
နွား ကျား ယုန် န ဂါး မြွေ မြင်း ဆိတ် မျောက် ကြက် ခွေး ဝက် ကြွက်
၂၀၀၉ ၂၀၁၀ ၂၀၁၁ ၂၀၁၂ ၂၀၁၃ ၂၀၁၄ ၂၀၁၅ ၂၀၀၄ ၂၀၀၅ ၂၀၀၆ ၂၀၀၇ ၂၀၀၈

10/30/08

နှင်း ဆီ တန် ဖိုး

ရိုး သား ဖြောင့် မတ် တဲ့ လူ တစ် ယောက် ဟာ တနေ့ မှာ နှင်းဆီ ပန်း မျိုး လေး တစ် ပင် ကို စိုက် ပျိုး ဘို့ အိမ် ကို သယ် လာ ခဲ့ ပြီး ပန်း မ ပွင့် ခင် မှာ ပန်း ပင် ကို ဂရု တ စိုတ် နေ့ စဉ် အ ချိန် မှန် ရေ လောင်း ခြင်း ဖြင့် သေ သေ ချာ ချာစနှစ် တ ကျ ကြည့် ရှု ပြီး နေ ခဲ့ တယ်။ အ ချိန် တန် ကြာ လာ တဲ့ အ ခါ မှာ ပန်း ပင် လေး ဟာ မကြာ ခင် မှာ ပွင့် တော့ မယ့် ပန်း ဖူး လေး အ ဖြစ် ကို ရောက် ရှိ လာ ခဲ့ တယ်။သို့ ပေ မယ့် လည်း ပန်း ပိုင် ရှင် ဟာ ပင်စည် ပေါ် က အဆူး တွေ ကို တွေ့ လိုက် ရ တဲ့ အ ခါ မှာ တခု တွေး မိ သွား တော့ တယ်။ " အ ရမ်း လှ ပ ပြီး မွှေး ကြိုင် တဲ့ ပန်း တ ပွင့် ဟာ ဘယ် လို မှ ဒီ လို ချွန် ထက် ပြီး အ ဆူး တွေ များ တဲ့ အ ပင် က နေ ဖြစ် လာ နိုင် မှာ မ ဟုတ် ဘူး " လို့ သူ ဟာ ကြေ ကွဲ ဝမ်း နည်း စွာ တွေး တော နေ လိုက် တယ်။ အဲ ဒီ အ တွက် ကြောင့် သူ ဟာ ပန်း ကို အ မှု မဲ့ ထား ပြီး ဂ ရု တ စိုက် ရေ လောင်း ခြင်း ကို ရပ် ဆဲ လိုက် တော့ တယ်။ အဲ ဒီ အ တွက် ကြောင့် ဘဲ သိပ် မ ကြာ ခင် မှာ ပွင့် တော့ မယ့် နှင်း ဆီ ပန်း လေး ဟာ သေ ဆုံး သွား ခဲ့ ရတယ်။

ဒီ အရာ ကိုကျွန် တော် တို့ ဘ ဝ တ တွေ နဲ့ ယှဉ် ကြည့် ကြ ရ အောင် လား ဗျာ။ လူတိုင်း လူ တိုင်း မှာ နှင်းဆီ လေး တ ပင် ဆီ ရှိ ကြ ပါ တယ်။ လူ တွေ တော်တော် များ များ ဟာ ကိုယ့် ကို ကိုယ် ပြန် ကြည့် ကြ ပြီး တော့ အဆူး တွေနဲ့ အပြစ် အ နာ အဆာ တွေ ဘဲ ရှိတယ် လို့ မြင် ကြ တယ်။
ဘယ် လို ကောင်း တဲ့ အရာ မှ ကျွန် တော် တို့ တွေ လုပ် ဆောင် နိုင် မှာ မ ဟုတ် ပါ ဘူး လို့ စိတ် အား ငယ် တတ် ကြ တယ်။ ကျွန် တော် တို့ ဟာ ကိုယ့် ကို ကိုယ် အ ထင် သေး စိတ် နဲ့ ဘယ် အ ရာ ကို မ ဆို ဖြစ် မ လာ နိုင် ဘူး၊ ရှိ မ လာ နိုင် ဘူး၊ ပြီး မြောက် မ အောင် မြင်နိုင် ဘူး အ စ ရှိ သ ဖြင့် သို့ လော သို့လော နဲ့ လက် လျော့ တတ်ကြ တယ်။ ကျွန် တော် တို့ မှာ ရှိ တဲ့ ကောင်း တဲ့ အ ရည် အ ချင်း တွေ ကို သ တိ မ မူ မိ ဘဲ ရေလောင်း ဖို့ ကို အ မြဲ တွေ ဝေ နေ တတ် ကြ တယ်။ ဒီ လို အ ကျိုး ဆက် တွေ ကြောင့် ကျွန် တော် တို့ ဆီ မှာ ရှိ တဲ့ ပန်း ပင် လေး တွေ ဟာ ပန်း ဖူး လေး ဘဝ (သို့) ပန်း ဖူး ဘဝ မ ရောက် ခင် မှာ ဘဲ ငြိုး နွမ်း ပြီး သေ သွား တတ်ကြ တယ်။ ပြီး တော့ ကျွန် တော် တို့ ဟာ ကျွန်တော်တို့ရဲ့ စွမ်း ဆောင်နိုင် တဲ့ အ ရာ တွေ ကို အ မှန် တ ကယ် ရှိ နေ တာ ကို လစ် လျူ ရှူ လိုက် ကြ တော့ တာ ပါ ဘဲ။
တချို့သော သူ တွေ က တော့ သူ တို့ မှာ နှင်း ဆီ ပန်း လေး တွေ ရှိ တာ မ သိ ကြ ပါ ဘူး။လူ တ ယောက် အ တွက် လက် ဝယ် ထား ရှိ သင့် တဲ့ အကောင်းဆုံး လက် ဆောင် က တော့ အဲ ဒီ လို နှင်းဆီ ပန်း ရှိ ကြောင်း မ သိ တဲ့ သူ ကို ကူ ညီ ဖေး မ သင့် တဲ့ အ ရာ ဘဲ ဖြစ် တယ်။ အခြား တ ယောက်ရဲ့ အ နာ ဂတ် ပင် စည် ပေါ် က ဆူး တွေ ကို သိမ်း ယူ ပေး ပြီး တော့ သူ တို့ရဲ့ နှင်း ဆီ ပန်း လေး တွေ ကို သူ တို့ ကြား မှာ လှ ပ မှု ရှိ အောင် ရှာ ဖွေ ပေး သင့် တယ်။ ကျွန် တော် တို့ တာ သူ တို့ မှာ ရှိ တဲ့ နှင်း ဆီ ကို ဖော် ပြ ခဲ့ မယ် ဆိုရင်သူ တို့ ဟာ သူတို့ တွေ ရဲ့ ဆူး တွေ ကို အောင် မြင် စွာ နှိမ်း နှင်း နိုင် လိမ့် မယ်။ အဲဒီ နောက် မှာ သူတို့ တွေ ရဲ့ ပန်း တွေ ဟာ အ ချိန် တိုင်း မှာ စွင့် ကား ဖွင့် ထား လာ မှာ မု ချ သေ ချာ ပါ တယ်။ကျွန် တော် တို့ ဘဝ ထဲ ကို အဲ ဒီ လို အ မှား အ မှန် တွေ ကို သိ ရှိ ပြီး စိတ် ထား မြင့် မြတ် တဲ့ လူ မျိုး တွေ ကို အသိ အ မှတ် ပြု ပြီး ကြို ဆို အား ပေး လက် ခံ သင့် တယ်။ဒီ အ ရာ က တော့ လူ တယောက် ကို ကြည့် ရှူ စောင့် ရှောက် ဖို့ အ တွက် အ ကျင့် ကောင်း လေး တ ခု ပါ ဘဲ။

(အဓိက က တော့ ဘယ် အ ရာ မျိုး မ ဆို ဘာ ဘဲ လုတ် ခဲ့ လုတ် ခဲ့ အဲ ဒီ အ ရာ ကို ပြီး မြောက် အောင် လုတ် သင့် တယ်။ ကိုယ် မှာ ရှိ နေ တဲ့ အ ရည် အ ချင်း ကို မ မြင် တာ ကြောင့် တွေ ဝေ တွန့် ဆုတ် နေ မယ့် အ စား အ နည်း ဆုံး ကြိုး စား ပြီး လုတ် ဆောင် ခြင်း ဟာ ဘာ မှ မ လုတ် ဘဲ ထိုင် နေ တာ ထက် ကို ပို ပြီး ကောင်း မှာ အ သေ အ ချာ ဘဲ မ ဟုတ် ပါ လား ဗျာ။)

(အညတြ)ခေတ္တ နယူး ယောက်
ဘာ သာ ပြန်


ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/rose_within.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

10/29/08

ကိုခဲတန် ရဲ့ ဥပမာ

ခဲတန် ပြု လုပ် သူ တစ် ယောက် ဟာ ကိုခဲတန် ကို ခဲတန် ဗူး ထဲ မ ထည့် ခင် မှာ စား ပွဲ ပေါ် မှာ တင် ပြီး အ မှာ စကား လေး တွေ မှာ နေ ပါ တယ်။
" ကိုခဲတန် ရေ မင်း ခဲ တန် ကောင်း ဖြစ် ဘို့ အ ချက် ငါး ချက် ကို သိဖို့ လို အပ် တယ်။" သူ က ကို ခဲတန် ကို လှမ်း ပြော လိုက် တယ်။
" မင်း ကို ကမ္ဘာ ကြီး ထဲ ကို မ ပို့ ခင် ဒီ အခု ပြော မဲ့ အ ရာ ကို အ မြဲ သတိ ရ နေ ပြီး ဘယ် တော့ မှ မ မေ့ ပါ နဲ့။ ဒါ ဆို ရင် မင်း ဟာ အ တော် ဆုံး အကောင်းဆုံး ခဲ တန် ဖြစ် လိမ့်မယ်။
တစ် အ ချက်။ ။မင်း ဟာ အေ ကာင်း ဆုံး အ ရာ တွေ ကို စွမ်း ဆောင် နိုင် ဖို့ မင်း ခွင့်ပြု ထား တဲ့ တစုံ တယောက် ရဲ့ လက် ကို မင်း မြဲမြဲ ဆုပ် ကိုင်း နိုင် ရ မယ်။
နှစ် အ ချက်။ ။အ ချိန်း တိုင်း အ ချိန်း တိုင်းမှာ မင်း ဟာ ပို ပြီး ကောင်း မွန် ချွန် ထက် တဲ့ ကိုခဲတန် ဖြစ်လာဘို့လိုအပ်တာ ကြောင့် နာကျင်မှု ဗဟုသုတ အတွေ့အကြုံ ပေါင်း မျိုး စုံ တွေ့ ရ မယ်။
သုံး အ ချက်။ ။မင်း ဟာ အ မှား တစုံ တရာ မှား ရေး မိတဲ့ အခါ မှာ အဲ ဒီ အမှား တွေ ကို ပြန်လည် ပြုပြင် နိုင် ရမယ်။
လေး အ ချက်။ ။အ ရေး ကြီး ဆုံး အ ရာ က တော့ မင်း ရဲ့ ရင် ထဲ က စိတ်ရင်း အ မှန် စိတ် ဓာတ် တွေ ဘဲဖြစ် တယ်။
ငါး အ ချက်။ ။မင်း အ သုံး ပြုတဲ့ စာ မျက် နှာ တိုင်း မှာ မှတ် ရာ လေး တွေ မင်း ထား သင့် တယ်။ ဘယ် လို အ ခြေေ န မျိုး မှာ ဘဲ ဖြစ် ဖြစ် မင်း နောက် မ ဆုတ် ဘဲ ရှေ့ ဆက် ရေး ချ သင့် တယ်။"
ကိုခဲတန် ဟာ သဘော ပေါက် သွား ပြီးသူ့ရင် မှာ အဲဒီ အ ချက် တွေ ကို သေ သေ ချာချာ လိုက် နာ ဖို့ သံ န္နိ ဌာန် ချ ထား ပြီး ဖြစ် ကြောင်း၊နဲ့ အမြဲ သ တိ တ ရရှိ နေ မယ် ဆို တဲ့ အ ကြောင်း ကို ဂတိ ပေး ခဲ့ ပြီး ခဲတန်ဗူး ထဲကို ဝင် သွား ခဲ့တယ်။

အ ခု တော့ ကျွန် တော် တို့ ကို ကျွန် တော် တို့ (ကိုခဲတန်) နေ ရာ က ဝင် ပြီး နေ ရအောင်။
တတ် နိုင် သ လောက် အတော် ဆုံး လူ ဖြစ် အောင် ကျွန် တော် တို့ ကို ကျွန် တော် တို့ ကြိုး စား တဲ့ အ ခါ မှာ ကို ခဲ တန် ရဲ့ ဥပမာ လေး ကို အ မြဲသ တိ ရ ကျင့် သုံး သင့် တယ်။
တစ်။ ။ ကျွန် တော် တို့ တ တွေ ဟာ ပညာရေး၊ စီးပွားရေး အ စ ရှိ တဲ့ အလုပ်ကြီး အ ကိုင် ကြီး တွေ ကို လုတ် ဆောင် တဲ့ အခါ မှာ ဗုဒ္ဓ ဘုရား ရှင် တော် မြတ် ရဲ့ အ ဆုံး အ မ အောက် မှာ ဆုံး မ ထား ရှိ ခဲ့ တဲ့ မြင့် မြတ် တဲ့ စိတ် ထား ကလေး တွေ နဲ့ ဆောင် ရွက် လျှင်ဘယ် အ ရာ ကို မ ဆို ပြီး မြောက်အောင် မြင် နိုင် မှာ ဖြစ် တယ်။
နှစ်။ ။ အ ချိန်း တိုင်း အ ချိန်း တိုင်းမှာ ကျွန် တော် တို့ ဟာ ထက် မြက် နေ ဖို့ အ တွက် လို အပ် တာ ကြောင့် ကျွန် တော် တို့ ရဲ့ ဘဝ မှာ နာကျင်မှု ဝေဒနာ အ ခက် အ ခဲ ပေါင်း မျိုး စုံ ဗဟုသုတ အတွေ့အကြုံ တွေ ကို ကျော် ဖြတ် ဖို့ အ တွက် စိတ် ဓာတ် မြင့် မား သန် မာ နေ ဖို့ လို အပ် တယ် ။
သုံး။ ။ ကျွန် တော် တို့ ဟာ ဘာ အ မှား ဘဲ လုပ် ခဲ့ လုပ် ခဲ့ ကိုယ် လုပ် မိ တဲ့ အမှား တွေ ကို ပြုပြင်နိုင် တဲ့ အ စွမ်း ရှိ ရမယ်။
လေး။ ။ အ ရေး ကြီး ဆုံး အ ပိုင်း က တော့ ကျွန် တော် တို့ ရဲ့ ရင် ထဲ က စိတ် ရင်း ကောင်း စေ တ နာ အ မှန် တွေ ထား တတ် ဖို့ ဘဲ ဖြစ် တယ်။
ငါး။ ။ဘယ် အ ရပ် မျက် နှာ မှာ ဘဲ ကျွန် တော် တို့ ဘ ဝ တိုး တက် မှု့ အ တွက် လျှောက် လှမ်း၊ လျှောက် လှမ်း ရောက် ရာ အ ရပ် မှာ မိတ် ဆွေ ကောင်း ထား ရ မယ်။ ဘယ် လို အ ခြေ အေ န အ ထား မျိုး မှာ ဘဲ ဖြစ် ဖြစ် ကျွန် တော် တို့ ဟာ ဆုံး ဖြတ် ချက် ချ ပြီး ရင် နောက် မ ဆုတ် ဘဲ ကျွန် တော် တို့ အ လုတ် ကို ပြီး ဆုံး အောင် လုတ် သင့် တယ်။

ဒီ (ကိုခဲတန်) ဥပမာ ဟာ ကျွန် တော် တို့ ဦး တည် ချက် ကို ပြီး မြောက် လှုံ့ဆော် စေ တဲ့ အ ပြင် ကျွန် တော် တို့ ကို ထူး ခြား တဲ့ လူတော် လူ ကောင်း တွေ ဖြစ် စေ ပါ တယ်။
ခြုံငုံ ပြော ရရင် တော့ ဘဝ ကြီး ဟာ အ ဓိပ္ပာယ် ပြည့် စုံ မှု မရှိ ဘူး၊ ဘာ တစ် ခု မှ ကိုယ့် အစွမ်း အစ နဲ့ ဖြစ် အောင် မ လုပ် နိုင် ဘူး အစ ရှိ တဲ့ အ တွေး တွေ ကို စိတ် ပျက် လက် ပျက် နှင့် တွေး တော စေ တဲ့ အရာ ကို ကျွန် တော် တို့ ကို ကျွန် တော် တို့ ဘယ် သော အ ခါ မှ ခွင့် မ ပြု သင့် ဘူး။

(အညတြ)ဘာသာပြန်
ခေတ္တ နယူးယောက်ခ်


ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/parable_of_the_pencil.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။