12/5/08

စိတ်

သွားတဲ့ အခါ
စိတ်ကိုသာ
ကောင်းစွာ စောင့်ထိန်းရာ...

ရပ်တဲ့ ခါလည်း
စိတ်ကိုဘဲ
အမြဲ စောင့်ထိန်းဆဲ...

ထိုင်နေ သောခါ
စိတ်ကိုသာ
ကောင်းစွာ သတိပြုပါ...

အိပ်တဲ့ ခါလည်း
စိတ်ကိုဘဲ
အမြဲ ဆုံးမဆဲ

အချိန် တိုင်းမှာ
စိတ်ကိုဆွဲ
ထူးကဲ သတိမြဲ။
(အညံ့ပန်း)

9 comments:

WWKM said...

ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားပါတယ် မောင်လေးရေ..ကျေးဇူး. စိတ်ဟာ အလွန်အရေးကြီး
တယ်နော်.

တက်လူငယ် said...

အရာရာတိုင်းမှာ စိတ်ကသာ အဓိက အကျဆုံးပါဗျာ။

Anonymous said...

စိတ်ကအဓိက လို့ ဆိုလိုတာ ကောင်းလိုက်တာ
ဗျာ***

Anonymous said...

သိပ်ကောင်းတာပဲ... စိတ်စင်ကြယ် ကြည်လင်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ တရားကျင့်တာပါ...

Anonymous said...

ကဗျာကောင်းလေးတစ်ပုဒ်ပါ

အချိန် တိုင်းမှာ စိတ်ကို ဆွဲ ထူးကဲ

သတိမြဲ ဆောင်ပုဒ်လေးကိုမှတ်သွားပါတယ်

အချိန်း ဖြစ်နေပါတယ်

ခင်မင်လျက်

Welcome said...

ကဗျာကောင်းလေးတစ်ပုဒ်ကို ပျော်ရွှင်စွာနဲ့ ဖတ်သွားပါတယ်၊ အေးချမ်းပါစေ

http://winzaw-mdy.blogspot.com/

မြတ်သွယ် said...

ကာရံညီတဲ့ကဗျာကောင်းလေးမှာ အဓိပါယ်နဲ့လှနေတယ်နော်
စိတ်ကအဓိကပါ
လေးစားပါတယ်
အားပေးလျက်ပါ

Dream said...

စိတ်.. စိတ်.. ပါကွယ်.... အဟီး..

ကောင်းတယ်ဗျာ... အဲဒီစိတ်ကို သေသေချာချာ
အချိန်တိုင်းမှာ သတိနဲ့ စောင့်ကြည့်နေရမှာနော်...
ရိုင်းစိုင်းတဲ့နွားရိုင်းနဲ့တူတဲ့စိတ်ကို ချည်တိုင်မှာချည်ပီး
ထိန်းသလို မိမိတို့ ရဲ့စိတ်ကိုလည်း အဲဒီလိုမျိုးထိန်းရမှာနော်... မှတ်သားသွားပါတယ်
ဦးခေတ္တ

Anonymous said...

စိတ်ရဲ့အရေးကြီးပုံလေးကို ဖော်ပြသွားတာလေး
ကိုအရမ်းသဘောကျနှစ်ချိုက်မိပါတယ်ဗျာ။