12/16/08

စုန်ရေ

မေတ္တာ ရေစင်
တသွင်သွင်
ကြည်လင်လျက်ပင် စီးအစဉ်။

မေတ္တာ ရှင်များ
စုန်ရေလား
မခြား တူလေသာ။

မိဘ မေတ္တာ
စုန်ရေပမာ
အလား တူသည်သာ။

ဒါန ရှင်များ
စုန်ရေလား
မမှား တူသည်သာ။

ကျွေးသော လက်များ
စုန်ရေလား
မခြား တူသည်သာ။

မွေးသော လက်များ
စုန်ရေလား
မမှား တူသည်သာ။

(အညံ့ပန်း)

2 comments:

Welcome said...

တုနှုန်းမရတဲ့ မိဘမေတ္တာ တွေကတော့ စုန်ရေပါပဲ။ အဖေအမေ မရှိတော့မှ ဆန်ရေ လုပ်ချင်လို့ မရတော့ပါဘူး။ အဖေအမေ သက်ရှိ ထင်ရှားရှိတုန်း ဆန်ရေ လေးမှီဝဲခံစား သွားနိုင် အောင် ကြိုးစားကြစေချင်တယ်။

http://winzaw-mdy.blogspot.com

Anonymous said...

မေတ္တာဖွဲ့ ကဗျာတွေဟာ အစဉ်ထာဝရတည်တံ နေ့မယ့် မိုးဆမ်းပန်းငယ်တွေပါပဲ ... ။