10/13/08

စစ်ကိုင်းတိုင်းဘုဓလင်မြို့ကြောင်ပန်းတောရပဉ္စမနာယကဆရာတော်ဘုရားကြီး နောက်ဆုံး, ဆုံးမတော်မူခဲ့သော သမုတိသစ္စာ သြ၀ါဒကထာ

၁။ငယ်ငယ်ကသား ကြီးသော် အား သားအား ဖြစ်ဖို့သင့်၊
ငယ်ငယ်ကသား ကြီးသော် ကျား သားကျား မဖြစ်သင့်၊

ငယ်ငယ်ကသား ကြီးသော် ပျား သားပျား ဖြစ်ဖို့သင့်၊
ငယ်ငယ်ကသား ကြီးသော် ခါး သားခါး မဖြစ်သင့်၊

၂။ငယ်ငယ်ကသ္မီး ကြီးသော် ထီး သ္မီးထီးဖြစ်ဖို့သင့်၊
ငယ်ငယ်ကသ္မီး ကြီးသော် မီး သ္မီးမီးမဖြစ်သင့်၊

ငယ်ငယ်ကသ္မီး ကြီးသော် ဘီး သ္မီးဘီးဖြစ်ဖို့သင့်၊
ငယ်ငယ်ကသ္မီး ကြီးသော် ဂျီး သ္မီးဂျီးမဖြစ်သင့်၊

၃။ငယ်ငယ်ကဆွေမျိုး ကြီးရွှေမျိုး ရွှေမျိုးဖြစ်ဖို့သင့်၊
ငယ်ငယ်ကဆွေမျိုး ကြီးဆွေဆိုး ဆွေဆိုးမဖြစ်သင့်၊

ငယ်ငယ်ကမိတ်ဆွေ ကြီးမိတ်ရွှေ မိတ်ရွှေဖြစ်ဖို့သင့်၊
ငယ်ငယ်ကမိတ်ဆွေ ကြီးမိတ်ထွေ မိတ်ထွေမဖြစ်သင့်၊

၎။ငယ်ငယ်ကတပည့် ကြီးတပည့် တပည့်ဖြစ်ဖို့သင့်၊
ငယ်ငယ်ကတပည့် ကြီးတုပည့် တုပည့်မဖြစ်သင့်၊
ငယ်ငယ်ကတပည့် ကြီးတင်းပြည့် တင်းပြည့်မဖြစ်သင့်၊

၅။ကြီးသော် သားအား တရားလိုက်စား တရားသားဖြစ်ဖို့သင့်၊
ကြီးသော် သ္မီး ထီး တရားလိုက်ပြီး တရားသ္မီးဖြစ်ဖို့သင့်၊

၆။ကြီးသော်သားပျား တရားလိုက်စား တရားသားဖြစ်ဖို့သင့်၊
ကြီသော်သ္မီးဘီး တရားလိုက်ပြီး တရားသ္မီးဖြစ်ဖို့သင့်။

1 comment:

မြတ်သွယ် said...

မှတ်သားသွားပါတယ်
ကျေးဇူးလဲတင်ပါတယ်
တခါတလေတော့ ထီး တခါတလေတော့ မီး
ကိုယ့်ကိုယ်ကိုလည်းပူလောင်မိပါတယ်
သမီးကောင်းဖြစ်ဖို့ကြိုးစားဆဲပါ
ကိုအညတြလဲ သားကောင်းသားမြတ်ဖြစ်ပါစေ