10/21/08

ပြန်ခဲ့ပေးပါ ဖေဖေ

သား။ ။ဖေဖေ သား မေးခွန်း တခု လောက် မေးလို့ ရမလား
အဖေ။ ။ရတယ် မေးလေ ဘာ မေးချင်လို့လဲ
သား။ ။ဖေဖေ တစ်နာရီ ကိုဖေဖေ ဘယ်လောက်ရလဲ ဖေဖေ့ အလုပ်မှာ
အဖေ။ ။ဒါမင်းနဲ့မဆိုင်ပါဘူး မင်းဘာကြောင့် ဒီမေးခွန်း မျိုးမေး ရတာလဲ
သား။ ။ကျွန်တော် ဒီလိုဘဲ သိချင်လို့ပါ။ ကျေးဇူးပြုပြီး ဖေဖေ ပြောပြပါလားဗျာ...နော် ဖေကြီး
အဖေ။ ။အင်း ငါတစ်နာရီ ကို ဒေါ်လာ ၁၀၀ လောက် ရတယ်
အို....ဆိုတဲ့ အသံနဲ့ အတူ သားဖြစ်သူ က သူ့အဖေ ကို ဒီလို ပြန်ပြော လိုက်ပါတယ်။
သား။ ။ဖေဖေ သား ကို ၆၀ လောက် ချီးပေး ပါလားဗျာ။
ဒီလို မေးခွန်းမျိုး ကိုလဲ ကြားရော အဖေဖြစ်သူ က ဒေါသ မထိန်းချုပ် နိုင်တော့သလို သူ၏ ပါးစပ်မှ လဲ ဒေါသ သံဖြင့် ဤသို့ ပြောချလိုက် သည်။
အဖေ။ ။မင်း ဘာတခုမှ အလိုက်ကန်း ဆိုးမသိဘူး။ ငါ အခု ပင်ပင်ပန်းပန်း ရှာနေတာ အားလုံးက မင်း တို့ အတွက်ကြီးဘဲ။ အဲဒါကို ရော မင်းသိလား။ ကိုယ့်ဘို့ ကိုဘဲ ကြည့်ပြီး တကိုယ်ကောင်း ဆန်တဲ့ကောင်။ မင်း အသက်အရွယ်လဲ နည်းနည်း ကြည့်အုံး။ ဒီအချိန်ထိ ဘာမဟုတ်တဲ့ အရုပ်တွေ ဝယ်ပြီး ကစား အုံး မလို့လား။ သွား မင်းငါ့ရှေ့ကအခု ချက်ခြင်း ထွက်သွားစမ်း။
သား ဖြစ်သူဟာ အဖေ ဒေါသကို အားငယ်သော မျက်လုံးများနဲ့ ကြည့်လိုက်တယ်။ အဲဒီနောက် အဖေ အရှေ့က နေအသာ တကြည်ထွက်ခဲ့ပြီး အိပ်ခန်း တံခါးကို ညှင်သာစွာ ပိတ်၍ အခန်းထဲမှာ စိတ်မကောင်းစွာ နဲ့ လဲနေခဲ့တယ်။ အဖေဖြစ်သူ ဟာ ဧည့်ခန်းထဲ ရှိ ကုလားထိုင်မှာ ဆောင့်ကြောင့်ကြီး ထိုင်၍ သူ၏ သား အကြောင်း ဒေါသကြီးစွာနဲ့တွေးရင်း ကျန်ရစ်ခဲ့တယ်။ ဒီကောင် ငါ အလိုလိုက်လို့ တော်တော်ဆိုးနေပြီ။ ငါ ဘယ်လို ဆုံးမ ရင်ကောင်းမလဲ၊ အစ ရှိသဖြင့် အဖေ ဖြစ်သူက တွေးရင်း နေမိတယ်။ တစ်နာရီ ကျော်ကြာတဲ့ အခါမှာ အဖေ ဖြစ်သူက ဒေါသပြေသွားပြီး သူ့ သား အကြောင်းကို စဉ်းစား နေမိတယ်။ အင်းလေ သူ ဒီငွေ ၆၀ ကို တခုခု ဝယ်ဖို့ ငါ့ဆီ က တောင်းတာ ဖြစ်မယ်။ သူလဲ င့ါကို ပိုက်ဆန် ခဏခဏ တောင်းဖူး တာလဲ မဟုတ်ပါဘူးလေ။ ငါ ဒီကောင်ကို သေချာ ပြောလိုက် ပါ အုံးမယ်။အဖေ ဖြစ်သူဟာ သားဖြစ်သူရဲ့ အခန်းရှေ့ သွားပြီး တံခါး ခေါက်လိုက်တယ်။ သား မင်းအိပ်နေပြီလား လို့အဖေ ဖြစ်သူ က လှမ်းပြော လိုက်တယ်။ မအိပ်သေးဘူး ဖေဖေ သား နိုးနေပါတယ် လို့ သား ဖြစ်သူက ပြန်ပြောလိုက်တယ်။ငါ အခုဘဲ စဉ်းစားနေတာ ခဏ နေတုန်းက ပြောတာ လွန်သွားလား မသိဘူး လို့ အဖေဖြစ်သူ က ပြောရင်း အခန်းထဲကို လှမ်းဝင်လိုက်တယ်။ ငါလဲ တနေကုန် အရမ်း ပင်ပန်းလာလို့ မင်းကို ပြောတာနဲနဲ ပိုဆိုးသွားတယ်။ ရော့ကွာ ဒီမှာ မင်း တောင်းတဲ့ ၆၀ ယူလိုက်တော့။ သားငယ်လေး ဟာ ဝမ်းသာ အားရသော အပြုံးလေးနဲ့ အတူ အဖေရာ အရမ်း ကျေးဇူး တင်တယ်ဗျာလို့ ပြောပြီး ခေါင်းအုံး အောက် ကို သူ့လက်ကလေး ရောက်သွားတယ်။ မှတ်စု စာအုပ် ခပ်နွမ်းနွမ်းလေးနဲ့ အတူ သူ့ လက်ကို ခေါင်းအုံး အောက်က ပြန်ထုတ် လိုက်တယ်။ အဖေ ဖြစ်သူက ပြန်လည် စိတ်တို သွားတယ်။ ဒီကောင် မှတ်စု စာအုပ် ကြားထဲမှာ တောင် ပိုက်ဆန် အများကြီး ရှိ နေတာ ငါ့ ဆီက ထပ်ပြီး တောင်းနေသေးတယ်လို့ အဖေ ဖြစ်သူက စိတ် ထဲကနေ ရေရွတ်ပြောနေမိတယ်။ သား ဖြစ်သူ က အဖေ ပေးတဲ့ ပိုက်ဆန် ကို ဘေးမှာ ချပြီး သူ့ မှတ်စု ကြားက ပိုက်ဆန် ကို ရေနေလိုက်တယ်။ အဲဒီနောက် အဖေ ဖြစ်သူကို မော့ကြည့်လိုက်တယ်။ မင်း ဘာကြောင့် ထပ်ပြီး ပိုက်ဆန် တောင်းတာလဲ မင်းမှာ လဲ ပိုက်ဆန် အများကြီး ရှိ နေသေးတာဘဲ လို့ အဖေ ဖြစ်သူက စိတ်ပျက်သော အမူအရာနဲ့ လှမ်းပြော လိုက်တယ်။ သား ဖြစ်သူက ဒီလို ပြန်ပြော လိုက်ပါတယ်။ ကျွန်တော့် မှာ လုံလုံလောက်လောက် မရှိလို့ပေါ့  ဖေကြီး ရာ။ အခုတော့ လုံလောက် သွားပါပြီ ဗျာ။ ဖေဖေ သားမှာ အခု ၁၀၀ ရှိ သွားပြီ ဗျ။သား ဖေဖေရဲ့တစ်နာရီ အချိန် ကို ဝယ်ခွင့် ပြုပါနော်။ မနက်ဖြန် အိမ်ကို စောစော ပြန်ခဲ့ ပေးပါဖေဖေ။ သားတို့ တွေဖေဖေနဲ့ ညစာ အတူတူ စားပါရစေ။ သားတို့ မိသားစုတွေ စုံစုံလင်လင်နဲ့ ထမင်းမစား ရတာ ဘယ်လောက် ရှိ သွားပြီလဲ ဗျာ။စောစော ပြန်ခဲ့ပေးပါ ဖေဖေရာ .......နော် ။
-----------------------------------------------------0000-------------------------------------------------------

ဒီစာလေးကိုဖတ်ပြီးဖေဖေ မေမေ တို့ကိုသတိရသွားတယ်ဗျာ။ဖေဖေတို့နဲ့ထမင်းလက်ဆုံမစားရတာ၇နှစ်နှစ်
ကျော်ခဲ့ပြီး။ဒါကြောင့်ဒီစာကိုဘာသာပြန်ဖြစ်သွားတယ်။ကျွန်တော်စာအရေးအသားညံ့ခဲ့မယ်ဆိုရင်စာဖတ်သူကို
ကျွန်တော့်ကိုအပြစ်မမြင်ပါနဲ့လို့ဆုတောင်းရင်....
(အညတြ)ခေတ္တ နယူးယောက်ခ်


ီဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.maneesh.co.in/ss9.html
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

3 comments:

Anonymous said...

I feel also like that.I also want to have dinner with my family in all time.but now I also cannot.miss so much my last time!!!!!!!!!!!!!!!

Unknown said...

ဒီစာကို မနိုင်းနိုင်းစနေလဲ ဘာသာပြန်ဘူးတယ်ဗျ။
ခင်ဗျား ဘာသာပြန်တာလဲတမျိုးကောင်းတာပဲဗျ။

Unknown said...

အခုလို လာ ရောက် အ သိ ပေး သွား တဲ့ ကို အညတ ရ ကို ကျေး ဇူး တင် ပါ တယ်။ မနိုင်း နိုင်း ဘာ သာ ပြန် ထား တာ မသိ ရိုး အ မှန် ပါ။