10/30/08

နှင်း ဆီ တန် ဖိုး

ရိုး သား ဖြောင့် မတ် တဲ့ လူ တစ် ယောက် ဟာ တနေ့ မှာ နှင်းဆီ ပန်း မျိုး လေး တစ် ပင် ကို စိုက် ပျိုး ဘို့ အိမ် ကို သယ် လာ ခဲ့ ပြီး ပန်း မ ပွင့် ခင် မှာ ပန်း ပင် ကို ဂရု တ စိုတ် နေ့ စဉ် အ ချိန် မှန် ရေ လောင်း ခြင်း ဖြင့် သေ သေ ချာ ချာစနှစ် တ ကျ ကြည့် ရှု ပြီး နေ ခဲ့ တယ်။ အ ချိန် တန် ကြာ လာ တဲ့ အ ခါ မှာ ပန်း ပင် လေး ဟာ မကြာ ခင် မှာ ပွင့် တော့ မယ့် ပန်း ဖူး လေး အ ဖြစ် ကို ရောက် ရှိ လာ ခဲ့ တယ်။သို့ ပေ မယ့် လည်း ပန်း ပိုင် ရှင် ဟာ ပင်စည် ပေါ် က အဆူး တွေ ကို တွေ့ လိုက် ရ တဲ့ အ ခါ မှာ တခု တွေး မိ သွား တော့ တယ်။ " အ ရမ်း လှ ပ ပြီး မွှေး ကြိုင် တဲ့ ပန်း တ ပွင့် ဟာ ဘယ် လို မှ ဒီ လို ချွန် ထက် ပြီး အ ဆူး တွေ များ တဲ့ အ ပင် က နေ ဖြစ် လာ နိုင် မှာ မ ဟုတ် ဘူး " လို့ သူ ဟာ ကြေ ကွဲ ဝမ်း နည်း စွာ တွေး တော နေ လိုက် တယ်။ အဲ ဒီ အ တွက် ကြောင့် သူ ဟာ ပန်း ကို အ မှု မဲ့ ထား ပြီး ဂ ရု တ စိုက် ရေ လောင်း ခြင်း ကို ရပ် ဆဲ လိုက် တော့ တယ်။ အဲ ဒီ အ တွက် ကြောင့် ဘဲ သိပ် မ ကြာ ခင် မှာ ပွင့် တော့ မယ့် နှင်း ဆီ ပန်း လေး ဟာ သေ ဆုံး သွား ခဲ့ ရတယ်။

ဒီ အရာ ကိုကျွန် တော် တို့ ဘ ဝ တ တွေ နဲ့ ယှဉ် ကြည့် ကြ ရ အောင် လား ဗျာ။ လူတိုင်း လူ တိုင်း မှာ နှင်းဆီ လေး တ ပင် ဆီ ရှိ ကြ ပါ တယ်။ လူ တွေ တော်တော် များ များ ဟာ ကိုယ့် ကို ကိုယ် ပြန် ကြည့် ကြ ပြီး တော့ အဆူး တွေနဲ့ အပြစ် အ နာ အဆာ တွေ ဘဲ ရှိတယ် လို့ မြင် ကြ တယ်။
ဘယ် လို ကောင်း တဲ့ အရာ မှ ကျွန် တော် တို့ တွေ လုပ် ဆောင် နိုင် မှာ မ ဟုတ် ပါ ဘူး လို့ စိတ် အား ငယ် တတ် ကြ တယ်။ ကျွန် တော် တို့ ဟာ ကိုယ့် ကို ကိုယ် အ ထင် သေး စိတ် နဲ့ ဘယ် အ ရာ ကို မ ဆို ဖြစ် မ လာ နိုင် ဘူး၊ ရှိ မ လာ နိုင် ဘူး၊ ပြီး မြောက် မ အောင် မြင်နိုင် ဘူး အ စ ရှိ သ ဖြင့် သို့ လော သို့လော နဲ့ လက် လျော့ တတ်ကြ တယ်။ ကျွန် တော် တို့ မှာ ရှိ တဲ့ ကောင်း တဲ့ အ ရည် အ ချင်း တွေ ကို သ တိ မ မူ မိ ဘဲ ရေလောင်း ဖို့ ကို အ မြဲ တွေ ဝေ နေ တတ် ကြ တယ်။ ဒီ လို အ ကျိုး ဆက် တွေ ကြောင့် ကျွန် တော် တို့ ဆီ မှာ ရှိ တဲ့ ပန်း ပင် လေး တွေ ဟာ ပန်း ဖူး လေး ဘဝ (သို့) ပန်း ဖူး ဘဝ မ ရောက် ခင် မှာ ဘဲ ငြိုး နွမ်း ပြီး သေ သွား တတ်ကြ တယ်။ ပြီး တော့ ကျွန် တော် တို့ ဟာ ကျွန်တော်တို့ရဲ့ စွမ်း ဆောင်နိုင် တဲ့ အ ရာ တွေ ကို အ မှန် တ ကယ် ရှိ နေ တာ ကို လစ် လျူ ရှူ လိုက် ကြ တော့ တာ ပါ ဘဲ။
တချို့သော သူ တွေ က တော့ သူ တို့ မှာ နှင်း ဆီ ပန်း လေး တွေ ရှိ တာ မ သိ ကြ ပါ ဘူး။လူ တ ယောက် အ တွက် လက် ဝယ် ထား ရှိ သင့် တဲ့ အကောင်းဆုံး လက် ဆောင် က တော့ အဲ ဒီ လို နှင်းဆီ ပန်း ရှိ ကြောင်း မ သိ တဲ့ သူ ကို ကူ ညီ ဖေး မ သင့် တဲ့ အ ရာ ဘဲ ဖြစ် တယ်။ အခြား တ ယောက်ရဲ့ အ နာ ဂတ် ပင် စည် ပေါ် က ဆူး တွေ ကို သိမ်း ယူ ပေး ပြီး တော့ သူ တို့ရဲ့ နှင်း ဆီ ပန်း လေး တွေ ကို သူ တို့ ကြား မှာ လှ ပ မှု ရှိ အောင် ရှာ ဖွေ ပေး သင့် တယ်။ ကျွန် တော် တို့ တာ သူ တို့ မှာ ရှိ တဲ့ နှင်း ဆီ ကို ဖော် ပြ ခဲ့ မယ် ဆိုရင်သူ တို့ ဟာ သူတို့ တွေ ရဲ့ ဆူး တွေ ကို အောင် မြင် စွာ နှိမ်း နှင်း နိုင် လိမ့် မယ်။ အဲဒီ နောက် မှာ သူတို့ တွေ ရဲ့ ပန်း တွေ ဟာ အ ချိန် တိုင်း မှာ စွင့် ကား ဖွင့် ထား လာ မှာ မု ချ သေ ချာ ပါ တယ်။ကျွန် တော် တို့ ဘဝ ထဲ ကို အဲ ဒီ လို အ မှား အ မှန် တွေ ကို သိ ရှိ ပြီး စိတ် ထား မြင့် မြတ် တဲ့ လူ မျိုး တွေ ကို အသိ အ မှတ် ပြု ပြီး ကြို ဆို အား ပေး လက် ခံ သင့် တယ်။ဒီ အ ရာ က တော့ လူ တယောက် ကို ကြည့် ရှူ စောင့် ရှောက် ဖို့ အ တွက် အ ကျင့် ကောင်း လေး တ ခု ပါ ဘဲ။

(အဓိက က တော့ ဘယ် အ ရာ မျိုး မ ဆို ဘာ ဘဲ လုတ် ခဲ့ လုတ် ခဲ့ အဲ ဒီ အ ရာ ကို ပြီး မြောက် အောင် လုတ် သင့် တယ်။ ကိုယ် မှာ ရှိ နေ တဲ့ အ ရည် အ ချင်း ကို မ မြင် တာ ကြောင့် တွေ ဝေ တွန့် ဆုတ် နေ မယ့် အ စား အ နည်း ဆုံး ကြိုး စား ပြီး လုတ် ဆောင် ခြင်း ဟာ ဘာ မှ မ လုတ် ဘဲ ထိုင် နေ တာ ထက် ကို ပို ပြီး ကောင်း မှာ အ သေ အ ချာ ဘဲ မ ဟုတ် ပါ လား ဗျာ။)

(အညတြ)ခေတ္တ နယူး ယောက်
ဘာ သာ ပြန်


ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/rose_within.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

1 comment:

မဆုမွန် said...

သိပ်လှတဲ့ နှင်းဆီအတွက် ဆူး ဆိုတာ မလိုအပ်ဘူး ထင်လို့ 
သတ်ရက်တာပဲ ..နှင်းဆီဆိုတာ ဆူးနဲ့မှ တင့်တယ် တယ် နှင်းဆီရဲ့ တန်ဖိုးဟာ ဆူးရှိလို့ သာ ပိုပြီး မြင့်တာဖြစ်တယ် အလွယ်တကူ ခူးယူလို့ မရအောင် သဘာဝ တရားကြီးက အလှတရားတွေအတွက် ဖန်တီးပေးထားတာဖြစ်တယ်လို့ ထင်တာပဲနော်..နှင်းဆီဘက်က တွေးကြည့်ရုံ သပ်သပ်ပါ