10/28/08

လက်ဆောင် ကောင်း

သိပ်မကြာ သေး ခင် ကာ လ တုန်း ကပေါ့ ဖ ခင် တယောက် ဟာ ငါး နှစ် အရွယ် သမီး လေး တယောက် ကို အိမ် မှာ ရှိ တဲ့ လက် ဆောင် ပစ္စည်း ထုပ် တဲ့ ရွှေ ရောင် စက္ကူ လေး တွေ နဲ့ ထုတ် ပြီး မွေး နေ့လက်ဆောင် တ ခု ကို သူမ မွေး နေ့ မှာ ပေး ခဲ့ တယ်။ ကောင် မလေး ဟာ သူမ ရဲ့ အ ဖေ ပေး တဲ့ လက် ဆောင် ဗူး ကို ဖွင့် ကြည့် လိုက် တဲ့ အ ခါ မှာ တော့ သူမ ကို ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် စေ ခဲ့ တယ်။ သူမ က ဖခင် ဖြစ် သူကို အော် ပြော လိုက် တယ်။ " အဖေ မ သိ ဘူး လား အဖေ သူများ တ ကာ ကို လက် ဆောင် ပေး မယ် ဆို တ စုံ တ ခု တော့ ဗူး ထဲ မှာ ရှိသင့် တာ ပေါ့ အခု တော့ ဘာ မှ လည်း မ ရှိဘူး" ။ ဖခင် ဖြစ် သူ ဟာ သမီး ဖြစ် သူ ကို အား ငယ်စွာ နဲ့ ကြည့် လိုက် ပြီး " အို သမီး ရယ်...အဲဒီ ဗူး ထဲ မှာ ဗလာ မ ဟုတ် ပါ ဘူး သမီး ရာ။ ဖေဖေ့ နုတ် ခမ်း နဲ့ အ နှမ်း တွေ အ များ ကြီး ထည့် ထား ပါ တယ် သမီး ရယ်။ အဲဒီ အ နှမ်း တွေ အား လုံး က သမီး အ တွက် ကြီး ပါ ဘဲ သမီး။ " သမီး ဖြစ် သူ ဟာ အ ရမ်း ကို စိတ် မ ကောင်း ဖြစ် သွား ပြီး သူမရဲ့ လက် ကို သူ မ အ ဖေ ပ ခုန်း ပေါ် ကို တွဲခို ပြီး ဖခင် ကို အ သာ တ ကြည် နှမ်း ရှိုက် လိုက် တယ်။ ပြီး တော့ ဖခင် ရဲ့ နား နား ကို ကပ် လိုက် ပြီး သမီး လေး ကို ခွင့်လွှတ် ဖို့ တောင်း ပန်စ ကားတိုး တိုး လေး ကပ်ပြော လိုက် တယ်။ ဒီ အ ဖြစ် အ ပျက် က တော့ သမီး ဖြစ် သူ ဟာသူ မ တ သက် စိတ် မ ကောင်း ဖြစ် စေ ခဲ့ တယ်။ သမီး ဖြစ် သူ ဟာ သူ့ ဖခင် အ နှမ်း တွေ ပါ တဲ့ ဗူး လေး ကို သူ့ ကု တင် ခေါင်း ရင်း က ဗီ ဒို ပေါ် မှာ တ သက် လုံး သိမ်း ထား ခဲ့ တယ်။ သူ မ ဟာ ပြ ဿနာ တခုခု ကြုံတိုင်း သူ့ ဖ ခင် ရဲ့ အ နှမ်း တွေ ပါ တဲ့ ဗူး လေး ကို ထုတ် ပြီး အား အင် အ သစ် တွေ ရယူ ခဲ့ တယ်။


အ မှန် တကယ် တော့ ကျွန် တော် တို့ အ ယောက် ဆီ တိုင်း မှာ ဒီ လို အ ဖိုး မ ပြတ် နိုင် တဲ့ အာရုံ ခံ စား မှု့ လက် ဆောင် ဗူး မျိုး ကို ကျွန် တော် တို့ ရဲ့ မိဘ၊ ဆွေမျိုး၊ ညီ အစ် ကို မောင် နှ မ၊ နဲ့ သူ ငယ်ချင်း ဆီ တိုင်း က ရ ပြီး သား ဘဲ ဖြစ် တယ်။ ဒီ လို ရိုးရှင်း ပြီး တန်ဘိုး မ ဖြတ် နိုင် တဲ့ အရာ မျိုး ကို လက် ရှိ မကွာ ကိုယ် နဲ့ အ တူ အမြဲ ဆုတ် ကိုင် ထား ပြီး ပြဿနာ အ ခက် အ ခဲ တွေ နဲ့ကြုံတိုင်း အား အ င် အ သစ် တွေ ရယူကြ ပါ စို့လား ။



(ဤဘာ သာ ပြန် အား မမမွန်း ၏ အ ကြံ ပြုချက် အရ ဇာတ် ကောင် အ နေ အ ထား အား စာ ဖတ် ရာ ၌ အ ဆင် ပြေ စေ ရန် ရွှေ့ ပြောင်း ထား သည်။ ကို ဝေ မင်း ဆီ မှ လည်း အကြံ ရယူရာ ဤ အ ခု စာ မူ မှာ စာ ဖတ် သူ တို့ အား ပို ၍ အ ဆင် ပြေ ကြောင်း သိ ရ ၍ ဤ ဘာ သာ ပြန် အား မျှဝေလိုက် သည်။ မမ မွန်း နှင့် ကို ဝေ မင်း အား ကျေး ဇူး အ ထူး တင် ရှိ ပါ သည်။)
(အညတြ)ခေတ္တ နယူး ယောက်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။ ဇာတ် ကောင် အ နေ အ ထား ပြန်လည် ပြုပြင် ထား သည်။
http://www.indianchild.com/a_box_full_of_kisses.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

2 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

hi, moeset

ပြဿနာ အ ခက် အ ခဲ တွေ နဲ့ကြုံတိုင်း...အား အ င် အ သစ် တွေ ရယူ.နိုင်တဲ့ လက် ဆောင်ကောင်း ကို မိုး ဇက် ဆီ ကရပြီ.....thankz a lot for your story .moeset

moon12345