10/31/08

သင့် အိမ် ကို တည် ဆောက် ပါ။

အသက် အ ရွယ် ကြီး ရင့် လှ တဲ့ လက်သမား ဆရာ တ ယောက် ဟာ သူ့ အ လုပ် ကို စွန့် လွှတ် အ နား ယူ ဖို့ အချိန် ရောက် ရှိ လာ ခဲ့ တယ်။ သူ ဟာ ဒီ လက် သ မား အ လုပ် ကို စွန့် ပြီး လွတ် လွတ် လပ်လပ် ပျော် ပျော် ပါး ပါး အ တိုး ချ ပြီး မိ သား စု တွေ နဲ့ ဘဝ ကို အ ချိန် ကုန် ဖြတ် သန်း ဖို့ အ ကြောင်း၊ ပင် စင် ယူ စီ မံ ကိန်း တွေ ကို သူ့ ရဲ့ ကန် ထရိုက် တာ ကို ပြော ပြ ခဲ့ တယ်။ သူ ဟာ အ နား ယူ တော့ မှာ ဖြစ် တဲ့ အ တွက် ကြောင့် သူ ရဲ့ အ ပတ် စဉ် လ စာ လေး ကို လွှမ်း တမ်း တ နေ ရတော့ မယ် ဆို တာ တွေ ကို ရင် ဖွင့် လို့ နေ ခဲ့ တယ်။ သို့ သော် လည်း ကန် ထ ရိုက် တာ ဟာ သူ့ ရဲ့ အား ကိုး ရတဲ့ အ လုပ် သမား တ ယောက် ဆုံး ရှူံး ရ မှာ ကို စိတ် မ ကောင်း ဖြစ် နေ ခဲ့ တယ်။အဲ ဒီ နောက် မှာ တော့ လက် သ မား ဆ ရာ ကို သူ့ အ တွက် နောက် ဆုံး အ နေ နဲ့ အိမ် တ လုံး ထပ် ဆောက် ပေး ဖို့ တောင်း တောင်း ပန်ပန် နဲ့ သူ ကို မျက် နှာ သာ ပေး ရန် ခွင့် တောင်း လာ လိုက် တော့ တယ်။ လက် သမား ဆရာ ဟာ သူ မ လုပ် ပေး ရင် လဲ မ ကောင်း တတ် လို့ လုတ် ပေး ဖို့ ကို ဂတိ ပေး လိုက် ရ တယ်။ ဒါ ပေ မယ့် အ လုပ် ချိန် တိုင်း မှာ သူ ဟာ စိတ် ပါ လက် ပါ လုပ် ကိုင် မှု မ ရှိ ခဲ့ ပါ ဘူး။ အဲဒီ အ ပြင် သူ ဟာ သစ် သား အ ဟောင်း တွေ၊ ပစ္စည်း အဟောင်း တွေ နဲ့ အ ဆင့် အ တန်း နှိမ့် ကျ တဲ့ ပုံ စံ ဒီ ဇိုင်း တွေ ကို အ ဓိ က ထား ၍ အ သုံး ပြု ကာ အိမ် ကို ပြီး လျင် ပြီး ရော ဆို တဲ့ သ ဘော နဲ့ ဖြစ် သ လို ဆောက်ခဲ့ တယ်။ သူ ရဲ့ အ သက် မွေး ဝမ်း ကြောင်း ပ ညာ ကို ဒီ လို ပြု လုပ် ခြင်း ခြင့် အ ဆုံး သတ် တာ ဟာ စိတ် မ ကောင်း စ ရာ ဘဲ ဖြစ် တယ်။လက် သ မား ဆရာ ဟာ အ ချိန် တန် လို့ ဆောက် ပြီး သွား တဲ့ အ ခါ မှာ ကန် ထ ရိုက် တာ ဟာ အိမ် ကို စေ့စေ့ စပ်စပ် လာ ကြည့် ခဲ့ တယ်။ အဲ ဒီ နောက် မှာ သူ ဟာ လက် သမား ဆရာ ကြီး ကို အိမ် သော့ လှမ်း ပေး ပြီး ပြော လိုက် တယ်။
" ရော့ အိမ် သော့ ဒီ အိမ် က ခင် ဗျား အ တွက် ကျွန် တော် ရဲ့ လက် ဆောင် ပေါ့ "
လက် သမား ဆရာ ဟာ ကို အ တော် ကို အံ့ အား သင့် သွား တယ်။ သိပ် ကို ရှက် စ ရာ ကောင်း တဲ့ အ ရာ ပါဗျာ။ သူ ကိုယ် သူ ရှက် ပြီး နောင် တ များ စွာ လဲ ရ နေ ခဲ့ တယ်။ သူ ပြီး ပြီး ရော ဆို ပြီး ဆောက် ခဲ့ တဲ့ အိမ် လေး ဟာ သူ ကိုယ် တိုင် နေ ရမယ့် အိမ် ဖြစ် တယ် ဆို တာ အ စ က တည်း က သာ သူ သိ ခဲ့ ရင် သူ ဒီ ထက် ပိုပြီးေ ကာင်း အောင် ဆောက် မှာ သေ ချာ ပါ တယ်။

ကျွန် တော် တို့ တ တွေ လက် သ မား ဆရာ ဘက် ကို ဝင် ကြည့် ကြ ရ အောင် လား ဗျာ။ ကျွန် တော် တို့ ဟာ ကျွန် တော် တို့ နေ ထိုင် ရ မယ့် အိမ် မှန်း မ သိ ဘဲ အိမ် ထဲ မှာ ထည့် ရ မယ့် အ ကောင်း ဆုံး ဆို တာ တွေ ကို လျစ် လျူ ရှူ ပြီး နေ့ ရှိ သ ၍ ဖြစ် သ လို ဆောက် လုပ် လာ ခဲ့ မိ တာ နောက် ဆုံး တ နေ့ မှာ အဲဒီ အိမ် ဟာ ကျွန် တော် တို့ နေ ရ မှန်း လည်း သိ ရော အ စ က နေ ပြန် ပြင် ပြီး ဒီ ထက် ကောင်း အောင် ပြန် လုပ် ဖို့ ဆို တာ မ ဖြစ် နိုင် တော့ ပါ ဘူး။ အ စ က သာ သိ ရင် ရင် ဒီ ထက် ကို အ ဆ ထောင် နဲ့ သောင်း နဲ့ ချီ ပြီး ကောင်း အောင် ဆောက် ဖြစ် မှာ သေ ချာ ပါ တယ်။ အ ခု တော့ အ နောက် ကို ကျွန် တော် တို့ ပြန် သွား လို့ လဲ မ ရဘူး။ ကျွန် တော် တို့ ဟာ လက် သ မား တွေ ဘဲ ဖြစ် ကြ တယ်။ နေ့ စဉ် နေ့ တိုင်း သံ ရိုက် ရ တယ်။ ပျဉ် ခင်း ရ တယ်။ အကာ အ ရံ တွေ ဆောက် ရ တယ်။ အ စ ရှိ က သ ဖြင့် ပေါ့ ဗျာ။ " ဘ ဝ ဆို တာ ကိုယ် နေ့ တိုင်း လုတ် ဆောင် ရ တဲ့ စီ မှန် ကိန်း ဘဲ ဖြစ် တယ် " လို့ ပညာ ရှိ တ ဦး က လည်း အ ဆို ရှိ ဖူး ပါ တယ်။ ယ နေ့ ကျွန် တော် တို့ ဘာ ကို ဆောင်ရွက် ရ မည် ဆို တဲ့ သဘော ထား ကို သိ ရှိ ရ မယ်။ ကျွန် တော် တို့ ဟာ မ နက် ဖြန် မှာ နေ ရ မယ့် အိမ် ကို ကျွန် တော် တို့ ကိုယ် တိုင်း စ နစ် တ ကျ ပ ညာ ရှိ စွာ ကူ ညီ ပြီး ဆောက် လုပ် နိုင် ရ မယ်။

အညတြ (ခေတ္တ န ယူး ယောက်)
ဘာ သာ ပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/building_your_house.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

4 comments:

Anonymous said...

kg lite tae......a thi pyin nyar pay ..story lay bae

Anonymous said...

kg lite tae......a thi pyin nyar pay ..story lay bae

moon12345

Anonymous said...

သင့်အိမ်ကိုတည်ဆောက်ပါဆိုတဲ့ ပိုစ့်ကလေးကို
ဖတ်မိတဲ့အခါမှတော့

ကျွန်တော်တော်တော်လေး နောက်ဆက်တွဲ အတွေးလေးတွေဝင်လာမိပါတယ်။ ကျွန်တော်ဟာ လက်သမားဆရာ လိုများဖြစ်နေမလားရယ်လို့ပေါ့။

တကယ်လို့ လက်သမားဆရာတစ်ယောက်ဖြစ်နေမယ်ဆိုရင် အခုအချိန်ကစပြီး အိမ်တစ်လုံးကို သေသေချာချာ ကျကျနနနဲ့ တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်မိသွားတယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်။ လေးလည်း လေးစားပါတယ်ခင်ဗျာ ...။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ကောင်းတယ်