10/16/08

ချစ်တာမုန်းတာဒုက္ခပါ

တဏှာအကြိုက် လှိုက်လှိုက်လှဲလှဲ
အသဲထဲဝယ် စွဲမြဲနှစ်ဝင်
မချစ်ချင်ပါ…
ပူပင်သောက မျက်ရည်စနှင့်
လွမ်းရမှာကို စိုးကြောက်သည်။

ဒေါသမဲမဲ အသဲနှလုံး
တမာဖုံးလျက် မပြုံးမရွှင်
မမုန်းချင်ပါ...
မာန်ဝင်မျက်ရှ ခက်ဒေါသနှင့်
ရန်စရှည်မှာ စိုးကြောက်သည်။

သြော်…ချစ်ခြင်း မုန်းခြင်း
အစဉ်ကင်းလျက် စိတ်ရင်းဖြူစင်
ခပ်သိမ်းသူကို ညီတူဆက်ဆံလိုတကား။
(အညံ့ပန်း)

No comments: