10/27/08

ရောင်ပြန်ဟပ်သည်

တခါတုန်းက သား အဖ နှစ် ယောက် ဟာ တောင်တွေ နဲ့ဝန်း ရံ နေ တဲ့ တောင် ကြား လမ်း တစ်ခု ကနေ အတူ တကွ လှမ်း လျှောက် ထွက်လာ ခဲ့ ကြတယ်။ တနေ ရာ အ ရောက် မှာ သား ဖြစ် သူ က ကုန်း ဘု လေး တ ခုကို နှင်း မိပြီး ချော် လဲ သွား တယ်။ သူဟာ နာ ကျင် လွန်း တာ ကြောင့် ရုတ် တ ရက် အော် လိုက် မိတယ်။ "အား...."
အဲဒီ အခါ မှာ သူဟာ တောင် ကြား တနေ ရာ က နေ အ သံ တ သံ ကို ထပ် ခါ ထပ် ခါ ကြား လိုက် ရ တယ်။ "အား...." သူဟာ အံ့သြ စွာ နဲ့ ထပ် တ ဖန် အော် လိုက် ပြန်တယ်။" မင်း ဘယ် သူ လဲ " သူ ဟာ ထပ် ဖြေ သံ ကို ကြား ရ ပြန် တယ်။ " မင်း ဘယ်သူလဲ " အဲ ဒီ နောက် သူ ဟာ ငယ်သံ ပါ အောင် အော် လိုက် ပြန် တယ်။ " ငါ မင်း ကို လေး စား ပါ တယ် " နောက် ထပ် ဖြေ သံ ထပ်ကြား ရပြန်တယ်။ " ငါ မင်း ကို လေး စား ပါ တယ် " သား ဖြစ် သူ ဟာ ဒေါ သ ထွက် သွား ပြီး နောက် တခါ ငယ်သံ ပါ အောင် အော် လိုက် ပြန် တယ်။
" အ ရူး " နောက် ထပ် ဖြေ သံ ထပ် ကြား ရပြန် တယ်။ " အရူး " သူ ဟာ အ ဖေ ဖြစ် သူ ဖက် ကို လှည့် ပြီး မေး လိုက် တယ်။ " အဖေ ဘာ တွေ ဖြစ် နေ တာ လဲ ဗျ။ ကျွန်တော့် ကို လိုက် ပြောင် နေ တယ် တ ယောက် ယောက် တော့ " အ ဖေ ဖြစ် သူ က ပြုံး လိုက် ပြီး သူ့ သား ကို ပြော လိုက် တယ်။ " သား ရေ ဒီ မှာ ကြည့် သေသေ ချာချာ နား ထောင် နော် သား " လူကြီး ဖြစ် သူ က ထပ် တ ဖန် အော် လိုက် တယ်။ " မင်း အ တော် ဆုံး ဘဲ " ထပ် ဖြေ သံ ကို ကြား လိုက် ပြန် တယ်။ " မင်း အ တော် ဆုံး ဘဲ " လူ ငယ် လေး ဟာ အံ့ သြ သွား တယ်။ ပြီး တော့ လဲ သူ ဟာ ဘာ ကြောင့် ဒီ လို ဖြစ် ရ တယ် ဆို တာ ကို နား မ လည် ခဲ့ ဘူး။ အဲဒီ နောက် မှာ အ ဖေ ဖြစ် သူ က ဒီလို ရှင်း ပြ လိုက် တယ်။ " သား လူတွေ အား လုံး က ဒီ အ ရာ ကို ပဲ့ တင် သံ လို့ခေါ် ကြ တယ်။ သက် ရောက် မှု့ တိုင်း မှာ တန်ပြန် သက် ရောက်မှု့ ရှိတယ် ဆိုတဲ့ သဘော ပေါ့။ အမှန် တကယ် တော့ ဒီ အရာ က လူ တွေ ရဲ့ ဘဝကို ရည် ညွှန်း တာ ပါ။ မင်း ဘာ ဘဲ ပြော ပြော မင်း ပြော သ လို အ တိ အ ကျ တန်ပြန် တုန့်ပြန်မှု့ တွေ ပေး တယ်။ လူတွေ ရဲ့ ဘဝဟာ လည်း ဘဲ အမှန် တကယ် တော့ ရောင် ပြန် ဟတ် တဲ့ ကြည့် မှန် တချပ် လို ပါဘဲ။ ကိုယ် က ပြုံး ပြ ရင် မှန် ထဲက ပုံရိပ် က ပြန် ပြီး ပြုံး ပြ သလို၊ ကိုယ် က မဲ့ ပြ ရင် အဲဒီ ပုံရိပ် က ပြန်ပြီး မဲ့ ပြ လေ့ ရှိတယ်။ အဲဒီ တော့ သား ရေ မင်း အ ရည် အချင်း ပြည့်စုံတဲ့ လူ တော် တယောက် ဖြစ် ချင် တယ် ဆို ရင် မင်း မှာ အဲဒီ အ ရည် အချင်း တွေ နဲ့ ပြည့် စုံ နေ မှ ရ မယ် သား။ ပြီး တော့လည်း ဘဲ မင်း ကမ္ဘာ ကြီး ထဲ က တယောက် ယောက် ကို ချစ် တယ် ဆို ရင်၊ မင်း ရင် ထဲ မှာ အဲဒီ အ ချစ် တွေ က ကိန်း အောင်း နေ မှ ရမယ်။ အဲလို ဆက်စပ် တွေး တော ကြည့်ခြင်း အား ဖြင့် လူ့ ဘဝ ရဲ့ ပုံပန်း သဏ္ဌာန် တွေဟာ မင်း လုတ် ဆောင် ထား တာ အား လုံး ကို တ ချိန် ကြ ရင် အ ကုန် ပြန် ရ မယ် ဆို တဲ့ သ ဘော ဘဲ သား။ "

ကျွန်တော်တို့ ရဲ့ ဘဝတွေ ဟာ မတော် တဆ အ မှု့ မဲ့၊ အမှတ် မဲ့ အခါ အား လျော် စွာ ဖြစ် တတ် တဲ့ အ ရာ မဟုတ် ပါ ဘူး ဗျာ။ အမှန် တကယ် တော့ ကျွန်တော်တို့ လုပ် ဆောင် မှု့ ရဲ့ ရောင် ပြန်ထ င် ဟပ် မှု့ ဘဲ ဖြစ်တယ်။

ရောင် ပြန် ဟပ် မှု့ကို မျှော် လင့် လျက်
(အညတြ)ဘာသာပြန်
ခေတ္တ နယူးယောက်ခ်


ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/mountain_story.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

3 comments:

Anonymous said...

good and great post.pls go head.I get so many thinkings from ur post.thz so much.

Unknown said...

အဲဒါတော့ ကျွန်တော်လည်း ယုံတယ်ဗျ။

Anonymous said...

သိပ်ကို ထောက်ခံမိပါတယ်၊
လူ့သဏ္ဍန် မှန်နဲ့တူတယ်ဆိုသလို
ကျွန်တော်တို့ လုပ်သမျှ၊ ကိုင်မှသမျှ၊ တွေးသမျှတွေဟာ
ကိုယ့်လုပ်ရပ်အတိုင်း ပြန်ထင်ဟပ်မယ်ဆိုတဲ့ အတွေးလေးကို
ဥပမာလေးနဲ့ ပေးထားလို့ သဘောကျနှစ်ခြိုက်မိရင်း
ကျေးဇူးတင်နေပါကြောင်း ... ။

ခင်မင်လေးစားစွာဖြင့်