11/1/08

သစ်သား ပန်းကန်

အသက် အရွယ် ကြီး ပြီး ချိ နဲ့ နေ သော အ ဖိုး အို တစ် ယောက် ဟာ သူ့ သား၊ ချွေး မ နဲ့ သူ ရဲ့ မြေး လေး တို့ နဲ့ အ တူ သွား ရောက် နေ ထိုင် ခဲ့ တယ်။ အ ဖိုး အို ဟာ အ ရွယ် ထောက် လာ တာ ကြောင့် သူ့ လက် တွေ ဟာ တုန် ရီ နေ တယ်။အ မြင် အာ ရုံ တွေ ဟာ ဝေ ဝါး နေ တယ်။ ခြေ လှမ်း တိုင်း ဟာ လဲ နှေး ကွေး လှ ပါ တယ်။ သူ တို့ မိ သား စု ဟာ ညစာ ကို အ တူတူ စား လေ့ ရှိ ကြ ပါ တယ်။ ဒါ ပေမယ့် အ သက် အ ရွယ် အို စာ နေ တဲ့ အ ဖိုး အို ဟာ လက် တုန် ရီ နေ တာ က တ ကြောင်း၊ အ မြင် အာ ရုံ ဝေ ဝါး နေ တာ က တ ကြောင်း ကြောင့် ထ မင်း စား ရာ မှာ အေ တာ် ကို အ ခက် အ ခဲ တွေ နဲ့ ကြုံ တွေ့ နေ ရ ပါ တယ်။ ပဲ တို့ ပြောင်း ဖူး တို့ က သူ့ ဇွန်း ထဲ က နေ လိမ့် ဆင်း ကုန် ပြီး ထ မင်း စား စား ပွဲ ပေါ် မှာ ပေ ကြံ့ ရှုပ် ပွ နေ ခြင်း၊ နွား နို့ သောက် ဖို့ နွား နို့ ခွက် အား လှမ်း ယူ ရာ မှာ တုန် ချိ နေ သော သူ့ ၏ လက် ကြောင့် နွား နို့ များ မှာ စား ပွဲ ပေါ် တွင် အိုင် နေ ခြင်း အစ ရှိ သော ပြ ဿနာ များ ကြောင့် သား ဖြစ် သူ နှင့် ချွေး မ ဖြစ် သူ ကို ဒေါ သ ခဏ ခဏ ထွက် စေ ခဲ့ တယ်။ “ ငါ တို့ တ ခုခု တော့ ဒီ အ ဘိုး ကြီး ကို လုပ် သင့် ပြီး။ ငါ ဆက် ပြီး ကြည့် မ နေ ချင် တော့ ဘူး ဒီ လို နွား နို့ ဖိတ် ကျ တာ တို့၊ ထမင်း ဟင်း တွေ ပွ ကျဲ နေ တာ တို့၊ ဆူဆူညံ ညံ ပန်း ကန် နဲ့ ဇွန်း သံ တို့ ကို မ ကြား ချင် တော့ ဘူး ဒီ ထ မင်း ဝိုင်း မှာ ” လို့ သား ဖြစ် သူ က ပြော လိုက် တယ်။ အဲ ဒီ နောက် မှာ သူ တို့ လင် မ ယား နှစ် ယောက် ဟာ စားပွဲ အ သေး လေး တ လုံး ကို ထောင့် တ ခု မှာ ဆင် ထား လိုက် ကြ တယ်။ သူ တို့ မိ သား စု သုံး ယောက် ည စာ ကို ညစာ စား ထ မင်း စား ပွဲ မှာ အ တူ တ ကွ ပျော် ရွှင် စွာ စား နေ တုန်း မှာ အ ဖိုး အို ကို တော့ တ ယောက် တည်း အဲ ဒီ ထောင့်ေ န ရာ လေး မှာ ဘဲ စား စေ ခဲ့ တယ်။ အဖိုး အို ဟာ ကြွေ ပန်း ကန် ကို အ ခန့် မ သင့် စွာ နဲ့ တ ခေါက် နှစ် ခေါက် ကျ ကွဲ ပြီး တဲ့ နောက် ပိုင်း မှာ သူ့ ကို သစ် သား ပန်း ကန် လေး ကို သာ အ သုံး ပြု စေ တော့ တယ်။ အဖိုး အို ဟာ တ ယောက် တည်း အ ထီး ကျန် စွာ စား ရ တာ ကြောင့် သူ့ ရဲ့ မျက် လုံး မှာ မျက် ရည် တွေ ဝိုင်း ပြီး ရှိ နေ တာ ကို တခါ တ ရံ မှာ သူ့ မိသား စု ဝင် တွေ တွေ့ နေ ရ မှာ ပါ။ သို့ ပေ မယ့် လည်း ဇွန်း ခရင်း လေး တွေ ၊ စား စ ၇ာ လေး တွေ ကျ သွား တိုင်း သူ ဆီ ကို စူး ရှ ငြင် သာ တဲ့ စ ကား လုံး လေး တွေ ရောက် လာ စ မြဲ ပါ ဘဲ။ အဲဒီ လို အ ဖြစ် အ ပျက် တိုင်း ကို တော့ ၅ နှစ် သား ရှိ ပြီး ဖြစ် တဲ့ မြေး ဖြစ် သူ က တော့ ငြိမ် သက် စွာ ကြည့် နေ ခဲ့ တော့ တာ ပါ။ ညစာ မ စား မီ ည နေ ခင်း တ ခု မှာ သား ဖြစ် သူ ဟာ သစ် သား အ တို အ စ တွေ နဲ့ က စား နေ တာ ကို တွေ့ လိုက် တဲ့ အ ဖေ ဖြစ် သူ က ချို သာ စွာ မေး လိုက် တယ်။ " သား ရေ ဘာ တွေ လုပ် နေ တာ လဲ ကွ " ။ သား ဖြစ် သူ က ချက် ချင်း ပြန်ဖြေ လိုက် တယ်။ " အို... ဖေဖေ ရေ သား ဖေဖေ မေမေ တို့ကို သား ကြီး လာ တဲ့ အ ခါ ကျ ရင် ကျွေး ဖို့ အ တွက် သစ် သား ပန်း ကန် လေး တွေ ကို လုပ် နေ တာ ပါ " ။ သား ဖြစ် သူ ဟာ ပြုံး ရွှင် စွာ နဲ့ အ ဖြေ ပေး လိုက် ပြီး သူ လုပ် စ ၇ာ ရှိ တာ ကို ဆက် လုပ် နေ ခဲ့ တယ်။ သား ဖြစ် သူ ရဲ့ စကား ကြောင့် လင် မ ယား နှစ် ဦး ဟာ ဆွံ့ အ သွား သ လို ကြေ ကွဲ စိုး နှစ် စွာ ခံ စား လိုက် ရ တယ်။သူ တို့ ရဲ့ ပါး ပြင် ပေါ် မှာ လဲ မျက် ရည် တွေ စို ရွှဲ လို့ နေ ခဲ့ တယ်။ သူ တို့ နှစ် ယောက် ဟာ စ ကား တ ခွန်း မှ ဆက် မ ပြော ကြ တော့ ဘူး။ သူ တို့ ဘာ ကို လုပ် သင့် တယ် ဆို တာ ကို သူ တို့ ဖာ သာ သိ နေ ခဲ့ တယ်။ သူ တို့ နှစ် ယာက် ဟာ အ ဖိုး အို ရှိ ရာ ကို ပြေး လာ ပြီး သူ တို့ ကို ခွှင့် လွှတ် ပေး ဖို့ ဝန် ချ တောင်း ပန် လိုက် ကြ တော့ တယ်။ အဲဒီ ည ရဲ့ ည စာ စား တဲ့ အ ချိန် မှာ တော့ ယောင်္ကျား ဖြစ် သူ ဟာ အ ဖိုး အို ကို ညင် သာ စွာ တွဲ ခေါ် ပြီး ည စာ စား ပွဲ လေး ကို ခေါ် သွား ခဲ့ တော့ တယ်။ အဲဒီ နေ့ က စ ပြီး အ ဖိုး အို ဟာ သူ့ ရဲ့ နောက် ဆုံး အ ချိန် လေး အ ထိ သူ့ မိ သား စု နဲ့ အ တူတူ ထ မင်း စား ချိန် တိုင်း အ တူတူ စား ခွင့် ရခဲ့ တယ်။တစုံ တ ရာ ကြောင့် အ ဖိုး အို ဟာ ခရင်း လွှတ် ကျ သွား တာ တို့၊ နို့ ဖိတ် ကျ သွား တာ တို့ ဖြစ် လာ ရင် သူ တို့ လင် မ ယား နှစ် ယောက် ဟာ အ ဖိုး အို ကို ဂရု တ စိုက် စ နစ် တ ကျ ပြုစု ပေး မှု့ တွေ ကို လုပ် ပေး ခဲ့ တယ်။
က လေး တွေ ဟာ ဘယ် အရာ ကို မဆို အ မှတ် အ သား ကြီး ကြ တယ်။ အရာ ရာ တော် တော် များ များ ကို သိ မြင် တတ် လွယ် ကြ သူ တွေ ဖြစ် တယ်။ သူ တို့ လေး တွေ ရဲ့ ဦး နှောက် ဟာ အ ချိန် တော် တော် များ များ အ လုပ် လုပ် နေ ကြ တယ်။ သူ တို့ လေး တွေ ဟာ ကျွန် တော် တို့ပြော ပုံ ဆို ပုံ၊ လုပ်ပုံ ကိုင် ပုံ တွေ ကို ငယ် ရာ မှ ကြီး လာ သည် အ ထိ သူ တို့ ဘဝ သက် တမ်း တ လျှောက် လုံး အ တု ယူ တတ် ကြ တယ်။ ကျွန် တော် တို့ လဲ ဒီ နေ့ က စပြီး နေ့ တိုင်း နေ့ တိုင်း မှာ ကျွန် တော် တို့ ချစ် တဲ့ သူ တွေ ကို ဂ ရု တ စိုက် နဲ့ အ လေး ထား ဆက် ဆံ ကြ ပါ စို့ လား။

အညတြ (ခေတ္တ နယူးယောက်)
ဘာသာပြန်


ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/wooden_bowl.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

4 comments:

Anonymous said...

ဝမ်းနည်းစရာကောင်းလိုက်တာနော်
ငါအိုသွားခဲ့သော် ထဲကလိုပဲ
အဖေ အမေတွေ အိုမင်းလာရင် ဟိန်းဟောက် ဆူပူတဲ့ အသံတွေ ကြားရင် ကျွန်မ တကယ် မခံစားနိုင်ဘူး..
ကျွန်မကိုယ်တိုင်လည်း မလုပ်မိအောင် အတတ်နိုင်ဆုံး ထိန်းတယ် သစ်သားပန်းကန်လေးက တကယ့်ကို သားသမီးတိုင်း ဖတ်သင့်တဲ့ ပို့ စ်လေးပါ

WWKM said...

ဘာသာပြန်လေးမျှဝေပေးတာ ကောင်းလိုက်တာ.
ကျေးဇူးတင်မိပါတယ်။
အသိတရားလေးတစ်ခုရသွားတယ်။

Anonymous said...

အကိုရေ
သစ်သားပန်းကန်လေးကို
ဖတ်မိတဲ့အခါ ရင်ထဲမှာ ဆို့ဆို့နင့်နင့်ခံစားလိုက်ရတယ်၊
ရင်ထဲမှာလည်း အသိတရားတစ်ခုကို ရမိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဘာသာတရားနဲ့ ယဉ်ကျေးမှုအရ ဒီလိုအဖြစ်တွေ ကျွန်တော်တို့ မြန်မာပြည်မှာ မရှိသလောက်ရှားပေမယ့် ... အခု ကျွန်တော် ရောက်နေတဲ့ နိုင်ငံမှာတော့ မြင်နေ၊ ကြားနေ လက်တွေ့ဖြစ်ပျက်နေပါတယ်အကို။ ကိုယ်ချင်းစာတရားပေါ်မှာ အခြေခံပြီး ရည်ရွယ်ချက်ကောင်းလှတဲ့အတွက် အထူးပဲ သဘောကျနှစ်သက်မိသွားကြောင်းပါခင်ဗျာ ...

ခင်မင်လေးစားစွာဖြင့်

Anonymous said...

kg lite tae ...story lay bae...

read p tot ....message ma yay bae ..ma nay naing bu..

dar myo tway ..lu tine read tint tae..

excellent ..MZ

moon12345