11/3/08

အမေ

ကမ္ဘာ ပေါ် မှာ အ ထူး အ မြတ် နေ့ တော် တော်များ များ ရှိ လှ ပါ တယ်။အဲဒီ နေ့ တွေ ထဲ က အ ခု အ မေ များ နေ့ ကို နီး ကပ် လာ ခဲ့ ပြီ။ ကို ဟိန်း လတ် တ ယောက် က တော့ ဖြင့် အမေ တို့ နဲ့ ခွဲ နေ ပြီး နောက် မှာ အ မြဲ အ လုပ် များ နေ ခဲ့ တယ်။ အခု လည်း အ မေ များ နေ့ မှာ ၄ နာ ရီ လောက် အမေ့ အိမ် ပြန် ဖို့ ကို ကား မောင်း မ သွား ဘဲ သူ ငယ် ချင်း တ ယောက် ရဲ့ ပါ တီ တ ခု ကို သွား ဖို့ ကို ပြင် ဆင် နေ ခဲ့ တယ်။ အ မေ ဆီ ကို တော့ လက် ဆောင် ပေး ဖို့ အ တွက် အိမ် အ ရောက် ပို့ ပေး တဲ့ စ နစ် လေး ကို ပိုက် ဆန် ပေး ပြီး လုပ် ခိုင်း မယ် လို့ စဉ်း စား ပြီး သူ့ အိမ် အ နီး မှာ ရှိ တဲ့ ပန်း ဆိုင် လေး ကို အ မေ့ အ တွက် ပန်း ဝယ် ပြီး ပို့ ခိုင်း ဖို့ သူ့ ကား လေး နဲ့ ရောက် လာ ခဲ့ တယ်။ ပန်း ဆိုင် နား ကို ရောက်တဲ့ အ ခါ မှာ သူ ဟာကား ပေါ် က ဆင်း လိုက် တယ်။ ဆိုင် ထဲ ကို မ ဝင် ခင် မှာ ၁၂ နှစ် အ ရွယ် ကောင် မ လေး တ ယောက် ပ လပ် ဖောင်း ပေါ် မှာ ရှိုက် ငို နေ တာ ကို သူ တွေ့ လိုက် ရတယ်။ သူ က လဲ မ ဆိုင် မ တွ နဲ့ ကောင် မ လေး ကို မေး လိုက် တယ်။ " အ မိ ဘာ ဖြစ် နေ တာ လဲ ဗျ " ကောင်မလေး က " ကျွန် မ နှင်း ဆီပန်း လေး ဝယ် ချင် လို့ ပါ။ ဒါ ပေ မယ့် လက် ထဲ မှာ ပြား ၅၀ ဘဲ ကျွန် မ ရှိ တယ်။ ဒါ ပေမယ့် ပန်း က ၂ ကျပ် ကျ တယ် ရှင့် " လို့ ဖြေ လိုက် တယ်။ ကို ဟိန်း လတ် ဟာ တချက် မျှ ပြုံး လိုက် ပြီး ကောင် မ လေး ကို ပြန် ပြော လိုက် တယ်။ " လာ လာ တူ မ လေး ကျွန် တော် နဲ့ လိုက် ခဲ့ ။ ကျွန် တော် အမိ အ တွက် ပန်း တန် ဖိုး ကို ဖြည့် ပြီး ဝယ် ပေး မယ်။" ကောင် မ လေး နဲ့ အ တူ ဆိုင် ထဲ ကို ရောက် လာ ပြီး ကောင်မလေး ကို ပန်း ဝယ် ပေး လိုက် တယ်။ ပြီး တော့ သူ ကိုယ် တိုင် လည်း သူ့ အ မေ အ တွက် ပန်း ဝယ် လိုက် ပြီး အိမ် အေ၇ာက် ပို့ ခိုင်း ဖို့ အ တွက် လှမ်း ပြော လိုက် ပြီး ကျသင့် ငွေ ရှင်း ကာ ထွက် လာ ခဲ့ တယ်။ ကောင် မ လေး ကို သူ က လိုက် ပို့ ပေး ဖို့ လှမ်း ပြော လိုက် တဲ့ အ ခါ မှာ "ဟုတ် ကဲ့ ရှင့် ကျွန် မ အ မေ ဆီ ကို လိုက် ပို့ ပေး ပါ နော် " လို့ ကောင် မ လေး က ပြန် ပြော လိုက် တယ်။ ကား ပေါ် ရောက် တဲ့ အ ခါ မှာ သင်္ချိုင်း ရှိ ရာ လမ်း ကို ကောင် မ လေး က လှမ်း ပြ လိုက် တယ်။ ကောင် မ လေး ဟာ သင်္ချိုင်း ကို ရောက် တဲ့ အ ခါ မှာ သူ့ မ ရဲ့ မိခင် ရှိ ရာ အုပ် ဂူ လေး ကို ပြေး သွား ပြီး အုပ်ဂူ လေး ရှေ့ မှာ ထိုင် ချ ပြီး စကား တွေ ပြော နေ တော့ တယ်။ ကို ဟိန်း လတ် ဟာ ဒါ ကိုကြည့် ပြီး တော့ ပန်း ဆိုင် လေး ဆီ ကို အ လော တ ကြီး ပြန် မောင်း လာ ခဲ့ တယ်။ သူ ဟာ အိမ် အ ရောက် ပို့ ခိုင်း ထား တဲ့ ပန်း စည်း လေး ကို ပြန် ယူ လိုက် ပြီး ၄ နာ ရီ ကား မောင်း ရမဲ့ အ မေ့ အိမ် ရှိ ရာ ဖက် ကို ဦး တည် ပြီး အ တင်း မောင်း ထွက် သွား ခဲ့ တယ်။ သူ မျက် နှာ မှာ တော့ တ ခု ခု ကို စိုး ရိမ် နေ သ လို လို၊ဝမ်း နည်း နေ သ လို လို ဖော် ပြ လို မ ရ တဲ့ အ တွေး တွေ နဲ့...............................


(အမှန် တ ကယ် တော့ လက် ရှိ အ သက် ရှင် လျက် ရှိ နေ တဲ့ ဘုရား လောက် ဘယ် အ ရာ မှ ပို အ ရေး မ ကြီး နိုင် ပါ ဘူး။ ဒါ ကြောင့် ရှင် လျက် ရှိ နေ သေး တဲ့ ဘုရား ကို ဂ ရု စိုက် ပါ။ ရို သေပါ။ တန်ဘိုး ထား ပါ။ မြတ် နိုး ပါ။)

အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/mothers_day.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

2 comments:

Anonymous said...

kg lite tae ...story lay .....
read p ..sate htel mhar .....a taw sate ma kg phit twar tae...
cus .....
may may si ko 20 hrs flight ...si p mha ,,,yoke naing ter moe par ...
su taung tine ..pyay mal so yin ....pyan naing tae wings lay ..ta sone lout ya yu chin par tae
moon12345

Anonymous said...

ဟုတ်ပါတယ် အနှိုင်းမဲ့တဲ့ မေတ္တာရှင်ကတော့ အမေပါပဲ ဗျာ ...။