11/22/08

ဘရုပ်ကလန် ကြိုး တံ တား ဆောက် သူ ရဲ့ ဇွဲ


၁၈၇၀ ခုနှစ် အ စော ပိုင်း လောက် တုန်း က ဂျွန်ရော့ဘလင်း လို့ ခေါ် တဲ့ ဆောက် လုပ် ရေး အင်ဂျင်နီရာ တ ယောက် ဟာ နယူးယောက်ခ် ပြည် နယ် မှာ ရှိ တဲ့ (လောင်းအိုင်လန် ခရိုင်) နဲ့ (နယူးယောက်ခ် ခ ရိုင်) ရဲ့ အ ဓိ က ကြ တဲ့ မြို့ နယ် တ ခု ဖြစ် တဲ့ (မန်ဟန်တန်) ကို ဆက် သွယ် ဖို့ ကြိုးတံတားကြီး တ ခု ဆောက် ဖို့ ကို စိတ် ဆန္ဒ အ ရမ်း ပြင်း ပြ ခဲ့ တယ်။ သို့ ပေ မယ့် လည်း ကမ္ဘာ အနှံ့ အ ပြား မှာ ရှိ တဲ့ တံတား ဆောက် လုပ် ရာ မှာ ကျွမ်း ကျင် တဲ့ အင်ဂျင်နီယာ တော် တော်များ များ က မ ဖြစ် နိုင် ကြောင်း ဂျွန်ရော့ဘလင်း ကို ပြော ကြ ပြီး သူ့ ဆန္ဒ တွေ ကို မေ့ ပျောက် သင့် ကြောင်း တိုက် တွန်း ကြ တယ်။ လူ တွေ တော် တော် များ များ က လည်း ဒီ အ ရာ ဟာ ဘယ် လို မှ မ ပြီး မြောက် နိုင် ပါ ဘူး။ လက် တွေ့ ဆောက် ဖို့ ဘယ် လို မှ မ ဖြစ် နိုင် ပါဘူး။ ဒီ လို မျိုး ကြိုး တံ တား ကြီး ဟာ ဘယ် တုန်း က မှ ဘယ် နေ ရာ မှာ မှ မ ရှိ ခဲ့ ပါ ဘူး။ အ စ ရှိ သ ဖြင့် ဝေ ဖန် ပြော ဆို ကြ ပါ တယ်။ ဘယ် သူ တွေ ဘာ ဘဲ ပြော ပြော ပေါ့ ဂျွန်ရော့ဘလင်း ဟာ သူ့ ခေါင်း ထဲ မှာ ရှိ တဲ့ တံ တား ကြီး ပုံ ရိပ် က တော့ ပျောက် မ သွား ခဲ့ ပါ ဘူး။ သူ ဟာ ဒီ အ ကြောင်း ကို ပဲ တ ချိန် လုံး တွေး နေ တဲ့ အ ပြင် ဒီ တံ တားကြီး ဟာ သူ အ မှန် တ ကယ် ပြီး မြောက် အောင် ဆောက် လုပ် နိုင် ကြောင်း ကို သူ ရဲ့ စိတ် မှာ ခိုင် မာ စွာ ယုံ ကြည် နေ ခဲ့ တယ်။ သူဟာ သူ ရဲ့ စိတ် ကူး တွေ ကို သူ အ ယုံ ကြည် ရ ဆုံး သူ တ ယောက် နဲ့ မျှ ဝေ ချင် နေ ခဲ့ တယ်။ ဒါ ကြောင့် သူ ဟာ အင် ဂျင် နီ ယာ ပေါက် စ ဖြစ် တဲ့ သူ့ ရဲ့ သား ဝါရှင်တန် ကို သေ ချာ စွာ ရှင်း ပြ ခဲ့ တယ်။ သူ တို့ သား အ ဖ နှစ် ယောက် ဟာ ကြိုး တံ တား ကြီး ဖြစ် မြောက် ရေး ကို အ ကြိတ် အ နယ် ဆွေး နွေး ကြ ပြီး နောက် မှာ တံ တား ဆောက် လုပ် ဖို့ ကို ဆုံး ဖြတ် လိုက် ကြ တော့ တယ်။ ဒါ ကြောင့် သူ တို့ သား အ ဖ နှစ် ယောက် ဟာ ၁၈၇၀ ခုနှစ် ဇန်နဝါရီ လ ၃ ရက် နေ့ မှာ တံ တား ကြီး ကို စ တင် ဆောက် လုပ် ခဲ့ ကြ တယ်။သူ တို့ ရဲ့ အ ကောင် အ ထည် ဖော် တဲ့ စီ မံ ကိန်း ဟာ အောင် မြင် ခဲ့ ပေ မယ့် လ အ နည်း ငယ် ကြာ ပြီး နောက် ပိုင်း မှာ ပူဆွေး စရာ ကောင်း တဲ့ မ တော် တ ဆ ထိ ခိုက် ဒဏ် ရာ ရ မှု့ ဖြစ် ပွား ပြီး ဂျွန်ရော့ဘလင်း ဟာ ကွယ် လွန် သွား ခဲ့ ရ တယ်။ သား ဖြစ် သူ ဝါရှင်တန် ကတော့ ဦး နှောက် အာ ရုံ ကြော ကို ထိ ခိုက် မှု့ ခံ ရပြီး လမ်း လျှောက် နိုင် မှု့ မ ရှိ ခြင်း၊ ကိုယ် လက် လှုပ် ရှား မှု့ မ ရ နိုင် ခြင်း၊ စ ကား မ ပြော နိုင် ခြင်း အ စ ရှိ တဲ့ ကိုယ် အင်္ဂါ ချို့ တဲ့ မှု တွေ ဖြစ် ခဲ့ တယ်။ အဲ ဒီ လို အ ဖြစ် အ ပျက် တွေ ကြောင့် " ငါ တို့ တွေ ပြော သား ပဲ။ ဒီ သား အ ဖ နှစ် ယောက် က အ ရှူး တွေ ပဲ။ သူ တို့ ရဲ့ လုပ် ရပ် တွေ ဟာ မ ဖြစ် နိုင် တဲ့ အိမ် မက် တွေ ၊ မိုက် ရှူး ရဲ တဲ့ အ မြင် တွေ ဘဲ ဖြစ် တယ်။ " လို့ လူ တွေ က ပြော ဆို ပြစ် တင် ဝေဖန် ကြ တော့ တယ်။ ပြီး တော့ လည်း ပဲ ဒီ လို ကြိုး တံ တား ကြီး ဆောက် လုပ် ပုံ ဟာ ဂျွန်ရော့ဘလင်း တ ယောက် တည်း ဘယ် လို ဆောက် ရ မယ် ဆို တာ သိရှိ ခြင်း ကြောင့် အ ခု လို ရော့ဘလင်း ဆုံး ပါး သွား တဲ့ နောက် ပိုင်း မှာ ဒီ စီ မံ ကိန်း ကို ပျက် သိမ်း သင့် ကြောင်း မ ကောင်း မြင် ဝါ ဒ တွေ နဲ့ ပြစ် တင် ရှူံ့ ချ ကြ တော့ တယ်။ ဘယ် သူ တွေ ဘာ ဘဲ ပြော ပြော ပေါ့ သား ဖြစ် သူ ဝါရှင်တန် ဟာ ဒုက္ခိတ ဖြစ် သွား ပေ မယ့် လည်း သူ ရဲ့ အ တွေး ထဲ မှာ တော့ ဆုံး ပါး သွား တဲ့ ဖ ခင် ရဲ့ လို အင် ဆန္ဒ နည်း တူ တံ တား ကြီး ကို ဆောက် လုပ် ဖို့ စိတ် ဆန္ဒ ပြင်း ပြ နေ ခဲ့ တယ်။ သူ ဟာ စိတ် အား ထက် သန် စွာ နဲ့ သူ့ ရဲ့ အ ခင် ဆုံး သူငယ် ချင်း တွေ ကို သူ့ မျက် လုံး တွေ နဲ့ တံ တား ကြီး ကို ဆောက် လုပ် ဖို့ တောင်း ဆို ပြော ပြ ပေ မယ့် လည်း သူ တို့ တွေ ဟာ ဝါရှင်တန် ရဲ့ စီ မံ ကိန်း ကို ကြောက် အား ကြီး စွာ ညှင်း ဆို ခဲ့ ကြ တယ်။ အဲ ဒီ နောက် ပိုင်း မှာ တော့ သူ ဟာ သူ့ ဇနီး နဲ့ ဘယ် လို ဆက် သွယ် ရ မ လဲ ဆို တာ ကို စဉ်း စား မိ ပြီး သူ့ ရဲ့ လက် ချောင်း က လေး တ ချောင်း ကို လှုပ် ရှား နိုင် မှု့ ရှိ အောင် ကြိုး စား ခဲ့ တယ်။ အဲ ဒီ နောက် ပိုင်း မှာ သူ ဟာ သူ့ ဇနီး ရဲ့ လက် မောင်း ကို သူ့ လက် ချောင်း နဲ့ ထိ ပြီး ဆက် သွယ် ပြော ဆို တဲ့ သင်္ကေတ တွေ လေ့ ကျင့် လာ တာ ဟာ ဝါရှင်တန် ရဲ့ လေ့ ကျင့် မှု့ ဟာ တ နေ့ တ ခြား ပို ပြီး တိုး တက် လာ ခဲ့ တယ်။ တ နေ့ မှာ တော့ ဝါရှင်တန် ဟာ သူ့ ရဲ့ ဇနီး လက် မောင်း ကို ထိ ပြီး သူ့ ရဲ့ လက် ထောက် အင် ဂျင် နီ ယာ တွေ ကို ခေါ် ခိုင်း လိုက် တော့ တယ်။ အဲဒီ နောက် မှာ သူဟာ သူ့ ရဲ့ ဇနီး ကို ဆက် သွယ် ပြော ဆို တဲ့ နည်း နဲ့ လက် ထောက် အင်ဂျင်နီယာ တွေ ကို တံ တားကြီး ကို ဘယ် လို ဆက် လက် တည် ဆောက် ရ မယ် ဆို တာ ကိုေ ပြာ ဆို ညွှန်းကြား ခဲ့ တယ်။ ဒီ လို ကြိုး တံ တား ကြီး ကို တည် ဆောက် ရာ မှာ ဒုက္ခိတ က သူ့ ဇနီး ကို ဆက် သွယ် ညွှန်း ကြား တဲ့ နည်း ဟာ မိုက်မဲ ခြင်း တ ခုဘဲ ဖြစ် တယ် လို့ ထင် ရ ပေ မယ့် စီမံကိန်း တွေ ဟာ ပြေး လမ်း ပေါ် မှာ တ ဖန် ပြန် ရောက် လာ ခဲ့ တယ်။ ဝါ ရှင်တန် ဟာ သူ့ ရဲ့ လက် ချောင်း လေး နဲ့ သူ့ ဇနီး ကို သင်္ကေတ တွေ ပြ ပြီး တံ တား ကြီး ဆောက် လုပ် ရာ မှာ ညွှန်း ကြား လာ တာ ဟာ ၁၃ နှစ် ကြာ တဲ့ နောက် မှာ တော့ ကြိုး တံတားကြီး ဟာ အောင် မြင် စွာ ပြီး ဆုံး ခဲ့ ပါ တော့ တယ်။ ဒီ က နေ့ မှာ တော့ ဘရုပ်ကလန် ကြိုး တံ တား ကြီး ဟာ ကမ္ဘာ ပေါ် မှာ ပထမဆုံး ကြိုး တံ တား ကြီး အ ဖြစ် ခန့် ညား ထယ် ဝါ စွာ နဲ့ အောင် ပွဲ ကို ခံ နိုင် ခဲ့ ပြီး တော့ လူ သား တ ယောက် ရဲ့ စိတ် ဆန္ဒ ရည်မှန်းချက် ဟာ ဘယ် လို အ ရာ မျိုး မှ ဖြတ် ဆီး လို့ မ ရ နိုင် ဘူး လို့ အံ့ သြ ဖွယ် ကောင်း အောင် ပြ သ နေ သ လို ပါ ဘဲ လေ။ ဒီ လို လူ တ ယောက် ရဲ့ စဉ်းစားဆင် ခြင် နိုင် မှု့ နဲ့ ရိုးသား ဖြောင့်မတ် မှု ဟာ ကြည်ညိုစရာကောင်း သော အထိမ်း အမှတ် တခု ဖြစ် ခဲ့ ပါ တယ်။ ပြီး တော့ လည်း ပဲ ဝါရှင်တန် ရဲ့ ဇနီး ဟာ ၁၃ နှစ် လုံး လုံး ဒုက္ခိတ သည် အကြင် ခင်ပွန်း အ ပေါ် စိတ် ရှည် တတ် မှု့၊ လို အင် ဆန္ဒ တွေ ကို နား လည် တတ် မှု့ တွေ ဟာ အ ချစ် ဒိုင်ယာရီ မှာ မော် ကွန်း တင် ထိုက် တဲ့ အ ချစ် မျိုး ဖြစ် စံ တင် ခဲ့ ပါ တယ်။ ဒီ လို ဒုက္ခိတ တယောက် ရဲ့ မ ဖြစ် နိုင် တဲ့ ရည် မှန်း ချက် အောင် မြင် မှု့ ကတော့ ဖြင့် လူ တ ယောက် ဟာ ဘယ် တော့ မှ အ ရှူံး မ ပေး ဘူး ဆို တဲ့ သက် သေ ပြ ဖို့ အ ကောင်း ဆုံး ဥပမာ အ နေ နဲ့ ဖြစ် ခဲ့ ပါ တယ်။ ကျွန် တော် တို့ မကြာ ခဏ နေ့ စဉ် တွေ့ ကြုံ နေ ရ တဲ့ ဆီး တား ပိတ် ပင် တဲ့ အရာ အ ခု တရာ လောက် ဟာ ဂျွန်ရော့ဘလင်း လို လူ အ နေ နဲ့ ယှဉ် ကြည့် ရင် တော့ အ ရမ်း ကို သေး ငယ် နေ မှာ ပါ။ ဒီ ရဲ့ ဘရုပ်ကလန် ကြိုး တံတား ကြီး ဟာ ကျွန် တော် တို့ ရဲ့ ဘယ် လောက် ခက် ခဲ တဲ့ အ ရာ တွေ ပဲ ရှိ ရှိ မ ဖြစ် နိုင် ဘူး ဆို တာ မ ရှိ ပါဘူး ဆို တာ ကို ပြ သ နေ သ လို ပါ ဘဲ။ ကျွန် တော် တို့ တွေ ရဲ့ အိမ် မက် ဟာ ဘယ် လောက် ပဲ ကွာ ဝေး နေ ပါ စေ ခံနိုင် ရည် မှု သာ ရှိ မယ် ဆို လျှင် တ နေ့ မှာ တော့ ဘယ် အ ရာ မ ဆို အောင် မြင် နိုင် ပါ လိမ့် မယ်။


အ ထက် ပါ ပုံ ဟာ ၁၉၀၄ ခုနှစ် လောက် က ရိုက် ထား တဲ့ ဘရုပ်ကလန် ကြိုး တံ တား ပုံ ဖြစ် ပါ တယ်။



အ ထက် ပါ ပုံ ကတော့ ၁၉၉၅ ခု နှစ် မှာ ရိုက် ထား တဲ့ ပုံ ဖြစ် ပါ တယ်။



အ ပေါ် ပါ ဓါတ် ပုံ ၃ ပုံ ဟာ ကျွန် တော် ဝယ် ယူ ထား တဲ့ (Brooklyn Then And Now) စာ အုပ် မှ စကန် ဆွဲ ယူ ထား ခြင်း ဖြစ် ပါ တယ်။

အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/inspiring_stories.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

6 comments:

Dr Phyo Wai Kyaw said...

အစ်ကိုရေ
အဲ့ဒီ သားအဖ နဲ့ အမျိုးသမီး အကြောင်းလေးကို
ဟိုးငယ်ငယ်လေးတုန်းက
တစ်ခေါက်ကြားဖူးတယ်
ခု ၁၀ကျော်ကြာပြီးမှ ပြန်ကြားရတာ
ရောင်းရင်းဟောင်းတွေကိုပြန်တွေ့လိုက်ရသလိုပဲ
အားကျမိတဲ့
သူရဲကောင်းတွေလည်းဟုတ်တယ်။

ရင်ထဲမှာတစ်မျိုးပဲ။

Anonymous said...

ထူးဆန်းအံသြဖွယ်ကောင်းလိုက်တာ ကိုအညတြရေ။
မယုံကြည်နိုင်စရာပဲကလား၊ တကယ်တော့ ဒီတံတားကြီးကို ဆောက်လုပ်ခဲ့တာဟာ မဆုတ်မနစ်တဲ့ ဇွဲလုံးလနဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ချစ်ခြင်းတရားတွေက တည်ဆောက်သွားခဲ့တာပါလားဗျာ၊ ဂျွန်ရောဘလင်းနဲ့ သားဝါရှင်တန်၊ ၀ါရှင်တန်ရဲ့ ဇနီး သူတို့ဟာ စံနမူနာ ယူထိုက်သူများ ဖြစ်နေပါကလားဗျာ။ သိပ်လည်း လေးစားနေမိပါရဲ့။ အခုအကြောင်းအရာဗဟုသုတလေးကို အခုလို ဝေမျှ ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်နေမိပါတယ်ဗျာ။

ခင်မင်လေးစားမှုများစွာဖြင့်

WWKM said...

ကျွန် တော် တို့ တွေ ရဲ့ အိမ် မက် ဟာ ဘယ် လောက် ပဲ ကွာ ဝေး နေ ပါ စေ ခံနိုင် ရည် မှု သာ ရှိ မယ် ဆို လျှင် တ နေ့ မှာ တော့ ဘယ် အ ရာ မ ဆို အောင် မြင် နိုင် ပါ လိမ့် မယ်။

ဟုတ်တာပေါ့မောင်လေးရာ.ထောက်ခံပါတယ်။
ခံနိုင်ရည်ရှိအောင်သာကြိုးစားနိုင်ရင် အောင်မြင်မှုတွေရနိုင်မှာပါကွယ်။

ခင်တဲ့
မမ၀ါ

Unknown said...

ကောင်းလိုက်တဲ့ ဘာသာပြန်ဗျာ။ ကျွန်တော် ရေးဖို့ စိတ်ကူးထားတဲ့ postတခုမှာ ဒီဆောင်းပါးကို စာညွှန်း မယ်ဗျာ.... ခွင့်ပြုပါနော်......လေးစားလျှက်

Anonymous said...

လေးစားလိုက်တာဗျာ**
အဲဒီလိုစိတ်ဓါတ်မျိုးကိုလေးစားမိတယ်**
တကယ်ကိုကောင်းတဲ့ပို့စ်တစ်ပုဒ်ပဲ**
ဖတ်ရတာ သင်ခန်းစာတွေရတယ်**
ဒိုင်ယာရီထဲမှာတော့ အဲဒီသားအဖနာမည်ပါတော့မယ်**

Anonymous said...

အားကျအတုယူမှတ်သားရပါတယ်၊
ခုလိုဘာသာပြန်ဝေငှပေးလို့လဲ
ကျေးဇူးအထူးပါဗျာ..
အစဉ်အားပေးလျက်..