11/25/08

အခံရခက်တဲ့စကား

သူမ ဟာ ရုတ် တ ရက် ဖြတ် သွား တဲ့ သူစိမ်း ယောင်္ကျား တ ယောက် ကို မတော်တဆ တိုက် မိ သွား သည်။ " အို... ဆောရီး နော် ကျေ ဇူးပြု ပြီး ခွင့် လွှတ် ပါ။ " သူမ နုတ် ဖျား က နေ ပြော လိုက် တဲ့ စကား သံ ပါ။ သူ က လည်း " ကျွန် တော် ကော ပဲဆော ရီး ပါဗျာ။ ကျွန် တော် က ရှေ့ တည့်တည့် ကို သေချာ မ ကြည့် မိဘူး ဖြစ် သွား တယ် "။ ဟုတ် ပါ တယ် ကျွန် မ တို့ နှစ် ယောက် ဟာ တ ယောက် နဲ့ တ ယောက် မသိ ကြ ပဲ အ ရမ်း ကို ယဉ်ကျေး စွာ ပြော ဆို ဆက် ဆံ ကြ ပါ တယ်။ ကျွန် မ တို့ နှစ် ယောက် ဟာ ကိုယ် စီ နှုတ် ဆက် လိုက် ကြ ပြီး ကိုယ် ဦး တည် ၇ာ ဘက် ဆီ ကို ထွက် ခဲ့ ကြ တယ်။ ဒါ ပေ မယ့် အိမ် မှာ ကြ တော့ ကြီး သည် ဖြစ် စေ၊ ငယ် သည် ဖြစ် စေ ကျွန် မ တို့ ချစ် ခင် နှစ် သက် တဲ့ သူ တွေ ကို တော့ ဒီ လို ပြော ကြ တာ မ ဟုတ် ပါ ဘူး။ အဲ ဒီ အ ဖြစ် အ ပျက် လေး ဖြစ် ပြီး သိပ် မ ကြာ တဲ့ အဲ ဒီ နေ့ မှာ ပဲ သူ မ ဟာ မီး ဖို ချောင် မှာ ချက် ပြုတ် နေ ခဲ့ တယ်။ သိမ် မ ကြာ တဲ့ အ ချိန် လေး မှာ ပဲ သူ မ ရဲ့ သား ဖြစ် သူ ဟာ သူ မ မ သိ အောင် သူ မ နောက် မှာ ရပ် နေ ခဲ့ တယ်။ သူ မ ဟာ သူမ ရဲ့ ခန္ဓာကိုယ် ကို ရုတ် တ ရက် လှည့် လိုက် တဲ့ အခါ မှာ သား ဖြစ် သူ နဲ့ တိုက် မိ ပြီး၊ သား ဖြစ် သူ ဟာ နောက် ပြန် လှဲ ကြ မ တတ် ဖြစ် သွား ခဲ့ ရ တယ်။ သူမ ဟာ အ လုပ် ရှူပ် နေ တဲ့ ကြား ထဲ ဒီ သား က တ မှောင့် ဆို တဲ့ အ တွေး နဲ့ " ဖယ် စမ်း ။ ဖယ် စမ်း။ ငါ့ ရှေ့ က အ ခု ထွက် သွား စမ်း။ ဒီ နား မှာ လာ ရပ် မ နေ နဲ့ " အ စ ရှိ သဖြင့် အ မေ ဖြစ် သူ ဟာ မျက် မှောင် ကုတ် ပြီး အော် ပြော လိုက် တယ်။ သား ဖြစ် သူ ဟာ အ မေ့ အော် သံ ကြောင့် စိတ် မ ကောင်း ဖြစ် ပြီး အ မေ့ နား က နေ တိတ် တ ဆိတ် ထွက် ခွာ သွား ပြီး သူ့အ ခန်း ထဲ မှာ သွား လှဲ နေ ခဲ့ တယ်။ သူမ ဟာ သူမ ဘယ် လောက် ထိ အ ခံ ရ ခက် အောင် သား ဖြစ် သူ ကို အော် ပြော လိုက် တယ် ဆို တာ ကို သတိ မ မူ မိ လိုက် ပါ ဘူး။ သူ မ ဟာ လုပ် စ ရ ရှိ တာ တွေ ကို ဆက် လုပ် ပြီး ဧည့် ခန်း ထဲ ကိုေ၇ာက် လာ ခဲ့ တယ်။ ဧည့် ခန်း ထဲ မှာ ရှင်း စ ၇ာ ရှိ တာ ဆက် လက် ရှင်း ပြီး ရုတ် တရက် ဧည့် ခန်း စား ပွဲ ပေါ် ကို သူမ မျက် လုံး တွေ ရောက် သွား တော့ တယ်။ စား ပွဲ ပေါ် မှာ ပန်း စည်း လေး တ စည်း ရှိ နေ ပြီး ပန်း စည်း အ ပေါ် မှာ တော့ စာ ဖြူ လေး တ စောင် ရှိ နေ ခဲ့ တယ်။ “မေမေပန်ဖို့ သား လက်ဆောင်” တဲ့ စာ ပေါ် မှာ ရေး ထား တာ တွေ့ လိုက် ရ တယ်။ သူမ နင့် က နဲ ဖြစ် သွား တယ်။ ကျွန် မ သား ဖြစ် သူ ကို အော် ပြော မိ ခဲ့ သည်။ သား ဖြစ် သူ သူမ နောက်ေ၇ာက် နေ သည် မှာ သူ မ ကို အံ့ အား သင့် စေ မယ့် အ ကြောင်း တ ခု ခု ပြော ချင် နေ လို့ ပင် ဖြစ် မည်။ ယ ခု တော့ သား ဖြစ် သူ စိတ် မ ကောင်း ဖြစ် နေ တော့ မည်။ ဘာ ကိ စ္စ အ ကြောင်း ကြောင်း ကြောင့် သူမ မ အော် သင့် ပါ။ အ ခု တော့ ဖြင့်....... သူ မ ဟာ တွေး ရင်း စိတ် မ ကောင်း ဖြစ် လာ တယ်။ သူမ မျက် လုံး ပေါ် က လည်း မျက် ရည် စ တွေ ဆို့ နေ သည်။ သူ မ ပန်း စည်း လေး ကို ကိုင် ပြီး .... သား ရှိ ရာ အ ခန်း လေး ဆီ ကို အ ပြေး လာ ခဲ့ တယ်။ ပြီး တော့ ကုတင် ဘေး နား ထိုင် ချ လိုက် ပြီး သား ဖြစ်သူ ကို လှမ်း ခေါ် လိုက် တယ်။ “ သား ရေ သား လေး ထ ပါ အုံး ။” သူ မ က ဆက် ပြော လိုက် တယ်။ “ သား ရေ ဒီ ပန်း လေး တွေ က အ မေ့ အ တွက် လား ဟင် သား ” သား ဖြစ် သူ မျက် လုံး ပွင့် လာ ပြီး မျက် နှာ ပြုံး ရွှင် စွာ နဲ့ “ဟုတ် တယ် မေမေ။ သား ဘကြီးမျိုး တို့ ခြံ ထဲ က ဘ ကြီး ဆီ ခွင့် တောင်း ပြီး မေမေ အ တွက် ခူး လာ ခဲ့ တာ ပါ။ ဘာ လို့ လဲ ဆို တော့ မေမေ ဒီ ပန်း လေး တွေ အ ရမ်း ကြိုက် တယ် ဆို တာ ကျွန် တော် သိ တယ် လေ မေမေ ။ အ ထူး သ ဖြင့် ဒီ အ ဖြူ ရောင် လေး ကို ပေါ့ ”။ အ မေ ဖြစ် သူ သူ မ ဟာ ပြုံး ရွှင် စွာ နဲ့ ပြန် ပြော လိုက် တယ် “ဟုတ် တယ် သား ဒီ အ ဖြူ ရောင် လေး ဟာ မေမေ အ ကြိုက် ဆုံး ဘဲ သား... ” သူ မ ဟာ ပြော လဲ ပြော သူ့ သား လေး ကို လည်း လှမ်း ဖက် လိုက် ပြီး၊ သား ခေါင်း ကို ပွတ် သတ် နေ လိုက် တယ်။ သား ဖြစ် သူ အ ပေါ် စိတ် မ ကောင်း မှု့ တွေ ဖြစ် ပြီး၊ သူမ မျက် လုံး ထဲ မှ မျက် ၇ည် တွေ စီး ကျ နေ ခဲ့ တယ်။ဒါ ကို သား မ သိ မှ ဖြစ် မည်။နောက် တ ခါ သူ မ သူမသား ကို အော် ပြော တာ ကို ဆင် ခြင် မှ ဖြစ် မည်။ သူ မ ဟာ .... သူ မ မ သိ သော တ စိမ်း အ ပေါ် တွင် တောင် ကောင်း မွန် စွာ ပြော ဆို ဆက် ဆံ နိုင် သ လို သူမ အား ချစ် သော သူမ ၏ သွေး သား ရင်း အား ဒီ ထက် ပို ပြီး ကောင်း မွန် စွာ ပြော သင့် သည် ဟု ဆုံး ဖြတ် ချက် ချ မိ တော့ သည်။


အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/harsh_words.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

11 comments:

WWKM said...

သူ မ မ သိ သော တ စိမ်း အ ပေါ် တွင် တောင် ကောင်း မွန် စွာ ပြော ဆို ဆက် ဆံ နိုင် သ လို သူမ အား ချစ် သော သူမ ၏ သွေး သား ရင်း အား ဒီ ထက် ပို ပြီး ကောင်း မွန် စွာ ပြော သင့် သည် ဟု ဆုံး ဖြတ် ချက် ချ မိ တော့ သည်။


အလွန် အလွန် ကောင်းတဲ့ မှတ်သား၊ပညာယူစရာ ပို့စ်
ကောင်းလေးတစ်ခုပါ မောင်လေးရေ..
မျှဝေပေးတာကျေးဇူးပါနော်။

Welcome said...

ဘာသာပြန်ပို့စ်လေးကို နှစ်သက်စွာ ဖတ်သွား ပါတယ်၊ မျှဝေပေးလို့ ကျေးဇူးပါ-

http://winzaw-mdy.blogspot.com/

:P said...

စာလေးကောင်းပါတယ်။
အပိုဒ်ခွဲရေးရင် ပိုပြီး ဖတ်ကောင်းမလားလို့။
အခုက စာကြောင်းကျော်မသွားအောင် အားစိုက်ပြီး ဖတ်ရသလို ဖြစ်နေလို့ပါ

Dr. Nyan said...

သိပ်ကောင်းတဲ့ပို့စ်လေးပါ။ အထူးသဖြင့်ဘလော့မှာ
ပျော်ဝင်နေတတ်တဲ့ကျွန်တော်တို့ဇနီးမောင်နှံအတွက်
သတိပေးထားသလိုဘဲ။
တခါတလေသမီးလေးကအဖော်မဲ့နေတတ်တယ်လေ။
အခုတော့အပြင်မှာနဲ့သမီးအိပ်ချိန်မှဘဲဘလော့ရေးဖြစ်
တော့တယ်။

Anonymous said...

ကောင်းလိုက်တဲ့ပို့စ်ဗျာ***
မှတ်သားစရာရှိသည်များကို**
မှတ်သားသွားပါတယ်ခင်ဗျာ**

Unknown said...

မမဝါ နဲ့ ဆရာ ဥာဏ် ရေ လာ ရောက် အား ပေး သွား တာ ကျေး ဇူး တင် ပါ တယ် ခင်ဗျ။ ကို ဝင်းဇော် လည်း ပျောက် နေ တယ် နော်။အ ကြံ ပေး သွား တဲ့ ကို စင်ဒန်လာ ကို ကျေး ဇူး တင် ပါ တယ်။ ကိုစင်ဒန်လာ ဘ လော့ဒ် ကို သွား မ ရ ဘူး ဖြစ် နေ တယ် ဗျ။ ဘယ် လို ဝင် ရ လဲ မ သိ ဘူး ဗျ။

မြတ်သွယ် said...

ဘာသာပြန်ဆိုပေမယ့် မှတ်သားစရာတွေကထင်ထင်ရှားရှားရှိနေပါတယ်
တကယ်ကောင်းတယ့ိုစ်လေးပါ ကိုအညတြ
ဖြစ်တတ်တဲ့သဘောတွေပဲနော်
ပုလဲမှတ်သားသွားပါတယ်
ကြိုးစားနေမှာပါ ကိုအညတြလဲအောင်မြင်ပါစေ :D

Dream said...

ပို့စ်ကောင်းလေး လာအားပေးတယ်။ ဘာသာပြန်က
ကောင်းလွန်းတော့ မှတ်သား စရာလေးကိုရရှိသွားပါတယ်
နောက်ပြီး တခုလောက်ပြောချင်လို့ပါ။ စာလုံးတွေက
ဦးဦးရေးရင် အရမ်းချဲ နေတယ်.. စာလုံးဖောင့် ပြောင်း
လိုက်ရင် ပိုကောင်းမလားလို့ပါ။ အကြံပေးကြည့်တာပါနော်.. :P :P :

လင်းဒီပ said...

သိပ်သေချာတာပေါ့ဗျာ..
ကျွန်တော်တို့က အနီးဆုံးကလူတွေကို ချစ်ဖို့အမြဲမေ့နေတယ်
ဦးဇောတိက တစ်ခါဟောဖူးတယ်..
အတူတူနေရတဲ့ အချိန်ကို လက်ဆောင်ကောင်းတစ်ခုလို တန်ဖိုးထားပါဆိုတာလေ...

Dr Phyo Wai Kyaw said...

တော်တော်ကောင်းတယ်ဗျိုး။

Anonymous said...

သိပ်ကောင်းတယ် ညီအညတြရေ ...
လူဆိုတာက ထိရှလွယ်တဲ့ ကြွေခွက်လေးတစ်ခွက်လို မဟုတ်လား ... ဒါလိုပိုစ့်လေးတွေက စိတ်ရဲ့ အဟာရကို ပြေစေပါတယ်၊ ဖြည့်ပေးတယ်။ များများ ဖတ်ချင်တယ် ... အားပေးလျှက်ပါ ...

ခင်မင်လေးစားစွာဖြင့်