11/28/08

မုန်းစရာ ကောင်းတဲ့ လူဆယ်ယောက်

တခါက အညတြဆိုတဲ့ လူတယောက် ဟာ လူ၁၀ယောက် နဲ့ အတူတူ ဘရုတ်ကလန် ဆိုတဲ့ မြို့ကလေး မှာ နေ ထိုင် ခဲ့ ပါတယ်။ တနေ့ မှာ အရမ်း သဘောထား ပြည့်ဝ တဲ့ ဆ၇ာဥာဏ် ဆိုတဲ့ ဒေါက်တာ တ ယောက် နဲ့ အမြဲ ပြုံးရွှင် ပြီး စိတ်ထား ခိုင်မာ မြင့် မြတ် တဲ့ မဝါဝါခိုင်မင်း တို့ ဇနီးမောင်နှံ ဟာ အညတြ အိမ်လေး ကို အ လည် လာ ခဲ့ ကြပါ တယ်။ အိမ် ကို အ လည်လာ တဲ့ ဆရာဥာဏ် နဲ့ မမဝါ တို့ ဟာ သူတို့ရဲ့ ချစ်စရာကောင်းလှ တဲ့ သူတို့ရဲ့ သမီး လေး ကို အ မြဲ ခေါ် လာ ခဲ့ ပါ တယ်။ သူတို့ ဟာ အညတြအိမ် လေး ကို ရောက်တိုင်း အညတြ လေး ကို မေတ္တာ တရား ပို့ပေးခြင်း၊ အားပေး ကူညီမှု့ များပေးခြင်း၊ စိတ်ဓာတ် တက်ကြွစေခြင်း၊ ပြုံးရွှင်ပျော်မြူးစေခြင်း အစရှိ သဖြင့်ဂုဏ်ပုတ် များ ပြောမ ကုန် နိုင် တဲ့ စကားတွေ နဲ့ အညတြ ကို အားပေးတမှု အထောက်အကူ ပြု ခဲ့တယ်။
တနေ့ မှာ သူတို့ မိသားစုဟာ အမြဲ လာလည် နေကြအတိုင်း အလည် ရောက်လာပြီး ရုတ်တရက် အညတြ လေး ကို မမဝါ က လှမ်းမေး လိုက်တယ်။ “မောင်လေးအညတြရေ မောင်လေးအိမ်က မောင်လေး နဲ့အ တူတူ လူ၁၀ ယောက် ရှိ တယ် သာပြောတာ ဘယ်သူကို မှ မတွေ့ ရဘူးနော်”
အညတြက “ဟုတ်တယ်ဗျ မမဝါ”
အညတြ စကားတောင် မ ဆုံးသေး ရုတ်တရက် အညတြ အိမ်ဘေး မှာနေ သော ၊ချောမောလှပပြီး သဘောထား အင်မတန် ကောင်းသော၊ ငှက်ငယ်လေး ဆိုတဲ့ ကောင်မလေး တယောက် အိမ်ထဲ ကို ဝင် လာတယ်။
ငှက်ငယ်လေး က“ဟောမမဝါ တို့ ရောက်နေတာကိုး”
ဆရာဥာဏ်ကစကားနည်းသူမို့ ဘာ မျှပြန်မပြောမိပေမယ့် မမဝါ က “အင်းဟုတ်တယ် ညီမလေးရေ အမ တို့ လည်း ရောက်နေတယ်။” ပြုံး ရွှင်စွာနဲ့ ပြန်ဖြေလိုက် တယ်။
ပြီး တော့ စကား ဆက် လိုက် တယ်။ “ဒီမှာလေ မောင်လေးအညတြ ကို မေးနေတာ သူက လူဆယ်ယောက် နဲ့ အတူတူနေတယ် တာပြောတာ လာလည်တိုင်း တယောက် မှ လဲ မတွေ့မိလို့ ဘယ်လိုဖြစ်တာ လဲလို့ မေးနေ တာ။”
ငှက်ငယ်လေး ကလဲ တဖန် “ဟုတ်တယ် အမရေ အမသာ မေးကြည့်တော့ သမီး လဲ လာတိုင်း မတွေ့လို့ မေးဖို့ ချောင်းနေ တာ။ မေး ကို မ မေးဖြစ်ဘူး ။ အခုမှ အမ နဲ့ အတူတူ နားထောင် ဖြစ် တော့ မယ်။ ကိုအညတြအိမ် ရှေ့ မှာ တံခါးဖွင့်ထား တာတွေ့ လို့ ဘယ်သူတွေ များေ၇ာက်နေလဲဆိုပြီး ဝင်ကြည့် ကြည့်တာ။”
အညတြ က ငှက်ငယ်လေးနဲ့ မမဝါ တို့ စကား ဝိုင်းကြ နေသည်ကို ကြည့် ပြီး “ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ။ အစ က ဒီ အကြောင်းအ၇ာတွေ ကို ဘယ်သူမှ မ ပြောဖို့ စိတ် ကူးထားတာဗျ။ အခု လိုမေး လာ တော့လဲ ပြောရတာပေါ့ဗျာ။ အမေးရှိရင် အ ဖြေ ရှိ ရမယ် ဆိုသလိုပေါ့ ”လို့အညတြ ကလှမ်းပြောလိုက်ပြီး ရှမ်းပြည် က ဟိုနေ့ ကမှ ရလာတဲ့ လ္ဘက်ခြောက် တွေ ကိုရေနွေး ကြမ်း အိုးလေးထဲ လှမ်း ထည့် လိုက် တယ်။ အဲဒီနောက် မှာ ထိုင်ခုန် ပေါ် ကို ခြေပြစ်လက်ပြစ် ထိုင်ချ လိုက်တော့တယ်။
အညတြ ကမှုန်ဝေရီ မှိုင်းသော မျက်နှာဖြင့် “အဖြစ်က ဒီလိုဗျ မမဝါ နဲ့ ငှက်ငယ်လေး ရေ။ ဒီ မှာလူ၁၀ယောက်ရှိတာမှန်ပါတယ်။ အဲဒီ လူ ဆယ်ယောက် လုံး ကို ကျွန် တော် အရမ်း မုန်း ပါတယ်။ သူ တို့ ၁၀ ယောက် လုံး ကို ကျွန်တော် ကွယ် ရာ မှာ နေဖို့ ပြောထား လို့ပါ။ ဒါ ကြောင့် သူတို့တွေ ဟာ ကျွန် တော် ရှိ ရင် အလိုက် တသိ ရှောင် ပေး ကြ ပါ တယ်။ကျွန် တော်နဲ့ မျက်နှာ ချင်းမဆိုင် ဖြစ် တာတောင် တော်တော်လေး ကြာသွားပါပြီ။ ကျွန်တော်တယောက်ခြင်းဆီ အကြောင်းကို သေသေချာချာ ပြော ပြမယ်ဗျာ။

လူဆယ်ယောက်ထဲက ပထမ ဆုံး တယောက် နာမည် က ကိုမျက်စိ တဲ့။
သူဟာ တော်တော် များများမြင် လို့ ရ တဲ့ အရာတိုင်း ကို မြင်နိုင်တဲ့ စွမ်းအား ရှိ တယ်။ သူ့ ကိုကျွန် တော် မုန်းရတဲ့ အကြောင်းရင်းကဒီ လိုပါ။
(ကိုမျက်စိ ဟာ ကျွန်တော် ကို မကောင်းတာတွေ ကို လိုက် ပြပေး ပြီး ကောင်းတာတွေ ကို လျှစ်လျှူ ရှူ ထား ခဲ့ပါတယ်။ သူပာာကျွန်တော် ငယ်ရွယ် စဉ်က ကောင်း တဲ့ အ မြင် တော်တော် များ များ ကို မျက် ကွယ် ပြု ခဲ့ ပါတယ်။ မကောင်းတာ အ ကုန် မှန်သမျှ ကို မြင်စေခဲ့ ပါတယ်။ ဒီအရာ တွေ ကို ငယ်စဉ် က ကျွန် တော် မသိခဲ့ ပေမယ့် အချိန် မနှောင်းခင်မှာ သိ ရ တဲ့အတွက် ကိုယ့် ကို ကိုယ်အား ရ ကျေနပ် ခဲ့မိပါတယ်။သို့ပေမယ့်လည်း ကျွန်တော် အ ပေါ် မှာ တာဝန် မကျေတဲ့ ကိုမျက်စိ ကို ကျွန် တော် မုန်းခဲ့ ပါတယ်။)

ဒုတိယက ကိုနှာခေါင်းဘဲ ဖြစ် ပါ တယ်။ ကို နှာခေါင်း ဟာလေကောင်း လေ သန့် ကို ရှူ ပေး နိုင်တဲ့ စွမ်း အား ရှိ ပါ တယ်။ (သို့ ပေ မယ့်လည်း သူ ဟာ ကိုမျက်စိ နဲ့ ပေါင်း ပြီး ကျွန် တော့် ကို ငှဲညာမှု့ မရှိပဲ လုပ် ချင် ရာ သူ လုပ် ပါ တယ်။ ဥပမာပြော ရရင်တော့ ဆေးလိပ် ပါဘဲ။ ဆေးလိပ် အ နံ့ကို ရှူ ခဲ့ မိပြီ ကျွန် တော် ကို ဆေးလိပ် သောက် တတ် အောင် ကိုနှာခေါင်း ဟာသင်ပေး ခဲ့ ပါတယ်။ ဒီ လို မကောင်းတာ ကို အတတ် သင်ခဲ့ တဲ့ ကျွန်တော် ဟာ အ ခုအခါ မှာ ဆေး လိပ် သောက် ခြင်း မရှိ သော်လည်း ကျွန် တော် ကို မကောင်း သင်ပေး ခဲ့ တဲ့ ကိုနှာခေါင်း ကို ကျွန်တော် မုန်းပါတယ်။)

တတိယ တယောက်က ကိုပါးစပ်ပါ။ သူဟာ လူတ ကာ နဲ့ ပြောဆို နိုင်တဲ့ အ စွမ်း ရှိ ပါ တယ်။(ဒါပေမယ့် တခါတလေ မှာ သူဟာ သူတပါးမခံသာအောင် ပြောချင်ရာ ကို လွှတ်ကနဲ ပြော ချတတ် ပါ တယ်။ သူဒီလို မဆင်မခြင်ပြောမှု့ တွေကြောင့် ကျွန် တော် ကို အရှက် ရစေခဲ့ တာ မနည်းပါဘူး။ဒီ လို ပြော တတ် တဲ့ အ တွက်ကြောင့် ကိုပါးစပ် ကို ကျွန်တော်မုန်း ပါတယ်။)

စတုတ္ထ ကတော့ ကိုလျှာ ပါ။ သူ ဟာ အစာအစား မျိုးစုံ ကို အရသာ ခံနိုင်တဲ့ သူ ပါ။(ဒီ လိုအရသာ ခံနိုင်တဲ့ အစွမ်းကြောင့် ကျွန် တော် ခဏခဏ စိတ် ဆင်းရဲ ပင်ပန်း ဒုက္ခ ခံ ခဲ့ ရဖူး ပါတယ်။ ဒီ အရပ် မှာ မရှိ တဲ့ ဟိုအရပ် က စား စရာ တွေ ကို အောက်မေ့ တမ်း တ နေရတဲ့ ဒုက္ခပါ။ ဒီလိုဒုက္ခဆိုးကို သူသာ မဖော်ပြ ခဲ့ရင် ကျွန်တော် သိတဲ့အရသာ တွေကိုလွှမ်းဆွတ်မိမှာ မဟုတ်ပါဘူး။ဒီလို သတိရ နေ ရလို့လဲ ကျွန်တော် ကိုလျှာ ကို သိပ်မုန်းပါတယ်။)

ပဉ္ဓမ ကတော့ ကိုသွား ပါ။ ကိုသွား ဟာ တခါတခါ မှာအစာ တွေ ကို ငရုပ် ဆုံ ထောင်း သလို ကြိတ် ပေး နေ ကြ ပါ။ (သူ ဟာမ ကောင်း တဲ့ အစာ တွေ ကို ကျွန် တော် မသိအောင် ကြိတ်ပေး ခဲ့ ဖူး ပါတယ်။ အဲဒီ အစာတွေ ကို ကျွန် တော် ဝမ်း ကို ကျွန်တော် မ သိအောင် ပို့ပေး ခဲ့ ဖူး ပါ တယ်။ ဥပမာ တခုပြော ရရင် တော့ ငယ်ငယ်တုန်း ကအ ဆိပ်ရှိ တဲ့ အသီး ကို ကိုလျှာ မြောက်ပေးမှု ကြောင့် ကိုသွား ဟာ သူကိုယ်တိုင် ကြိတ်ပေး ခဲ့ဖူးပါတယ်။ ကိုသွား ကြောင့် ကျွန်တော် ကိုသေခြင်းတရား ဆီ ကိုအလည် ရောက်ခဲ့ပေမယ့် ကျွန်တော့် ကို သူကံကောင်းထောက်မှ စွာနဲ့ ပြန် လွှတ် ခဲ့ ပါတယ်။ဒါပေမယ့် ဒီ ကိစ္စဖြစ်ပြီးနောက် ပိုင်း ကျွန်တော်ကိုသွား နဲ့ မျက်နှာခြင်း မဆိုင် တော့ပါဘူး။ဘာဘဲဖြစ်ဖြစ်ပေါ့ ဒီလို အဖြစ်တွေ ကြောင့် ကိုသွား ကို ကျွန် တော် မုန်း ပါ တယ်။)

ဆဌ္စမ က ကိုနား ပါ။ ကိုနား ဟာအ ရာ ဝတ္ထု လုပ်ရှား မှု့မှန် သမျှ ကို ကြား နိုင်စွမ်း ရှိ ပါ တယ်။(သူ့ဘယ် လောက် ကြားကြား ပါ ကျွန်တော့် မိဘ တွေ၊ ဆရာ/မ တွေ သင် ပြပေးတာကို ဘယ်ဘက် က နားထောင်ပြီး ညာဘက်ကနေထုတ် ပါတယ်။ သူ့ကြောင့် ကျွန်တော် ဘဝ ကြမ်းကြမ်း ကိုဖြတ် ခဲ့ ရဖူးပါတယ်။ ကျွန် တော် သာ ငယ်ငယ် တုန်း ကရင်း မိဘတွေ၊ ဆရာ/မ တွေ စကား သာနားထောင် ခဲ့ မယ်ဆိုရင် အခုလောက် ဆို ဒီ ထက် ကို ပိုပြီး ပညာတွေတတ် နေပါပြီ။ သူကြောင့် ကျွန် တော် ကြားသင့်တဲ့ ပညာကောင်းတွေ လွှတ်ခဲ့ ရဖူး ပါတယ်။ဒါကြောင့် ကိုနား ကို ကျွန်တော် သိပ်မုန်းပါတယ်။)

သတ္တမ က တော့ ကိုဝမ်းဗိုက်ပဲ ဖြစ် ပါတယ်။ ကိုဝမ်းဗိုက် ဟာ အစာ ရှိ နေရင် ငြိမ် နေ တဲ့ သဘောရှိ ပါ တယ်။( သူ ဟာအ မြဲ တော့ အ ငြိမ် မ နေ ပါဘူး။ အ စာ မရှိ ရင် ကလေး ငယ် အ ယောက် လို အ မြဲတစာစာ အော် နေတဲ့ သူပါ။ ဒီ လို တစာစာအော် နေ မှု့ တွေ ကြောင့် အ စာတွေ ကို တနေ့ နှစ် ခါ ဖြည့် ပေး နေ ခဲ့ရ ပါတယ်။ သူ့လို အ လိုက် ကမ်းဆိုး မသိတတ် မှု့ ကြောင့် အ လုပ် ကို ကျွန်တော် ပို လုပ် နေ ရပါတယ်။ ဒီ လို ဖြစ် တတ် မှု့ တွေ ကြောင့် ကိုဝမ်းဗိုက် ကို ကျွန် တော် မုန်း ပါတယ်။)

အဌမ က တော့ ကိုလက် ပဲ ဖြစ် ပါတယ်။ ကိုလက် ဟာ ဘယ် အရာမဆို ရေး နိုင်စွမ်း တဲ့ သူပါ။ (သူ့ကို တော့ ကျွန် တော် မုန်းတာအကြောင်း တခုကြောင့် ပါ။ သူဟာ ကျွန် တော် သဘော မကျတဲ့ ကိစ္စ တခုကို ကျွန်တော့် ဆန္ဒ မပါဘဲ ရေးခဲ့ ပါတယ်။ ဒီကိစ္စ နဲ့ ပက်သက်ပြီး ကျွန်တော် သူ့ ကို လုံးဝ ခွင့်မလွှတ် နိုင်ဘဲ ကျွန်တော် တို့ စကားများ ကျပြီး သူ့ကို ကျွန် တော် မုန်းသွား ခဲ့ရပါတယ်။ )

နဝမလူ ကတော့ ကိုခြေ ဖြစ်ပါတယ်။ (ကိုခြေ ဟာ ပြောစကား ဆိုစကား နား မထောင်ပါဘူး။ ပြီးတော့ အ ရမ်း အပြင်းကြီး သူပါ။ သူဟာ ကျွန် တော် နဲ့ အတူတူ လမ်းလျှောက် သွားတိုင်း အမြဲညောင်းတယ် ဆိုပြီး ငြီးပြ ပါ တယ်။ ကျွန် တော် သွားချင် သလောက် သူမသွားနိုင် ပါဘူး။ သူကြောင့် ကျွန်တော် အပျင်းကြီး တဲ့ ရောဂါဖြစ်ခဲ့ ရပါတယ်။ ဒါ ကြောင့် ကျွန်တော် ကိုခြေ ကို မုန်းပါတယ်။)

ဒဿမ ကတော့ ကိုဦးနှောဏ် ဘဲဖြစ် ပါတယ်။ သူ့ကတော့ ဒီ ၁၀ယောက် ထဲမှာ ကျွန် တော် အမုန်းဆုံး လူ ဆိုတာ ကျွန် တော် ရဲရဲ ကြီး ပြောရဲပါတယ်။(သူဟာ ဦးနှောဏ် ကောင်းသလောက် ကျွန်တော် ကို အရာရာ မှာ အမြဲ အနိုင်ယူတတ်ပါတယ်။ ကျွန် တော် ဆုံးဖြတ်ချက် တခုခု ချတိုင်း ကျွန် တော် သူနဲ့ အတူတူ အမြဲ တိုင်ပင် ရပါတယ်။ သူဟာ တခါတုန်း က ကြီးကျယ်တဲ့ အမှား တခုကို ဆုံးဖြတ်ချက်ချ ပေးခဲ့ဖူးပါတယ်။ သူ့ကြောင့် ကျွန်တော့် ဘဝ တော်တော်လေး ကြမ်းတမ်းခဲ့ ဘူးပါတယ်။ ဒါကြောင့် ကျွန်တော် ကိုဦးနှောဏ် ကိုသိပ် မုန်းပါတယ်။)”
စကား ရှည် ကြီး ကိုပြောလိုက်သော အညတြ မှာ စကားဆုံး သွား မှ ဆရာဥာဏ်သမီး လေး ဆရာ လက် ပေါ် မှာ အိပ်ပျော် နေ သည် ကို သတိထား လိုက် မိသည်။ သူဟာမျက် နှာထား ပျက်သွား ပြီး “ဟာမမဝါ ရေသမီးလေးတော့ ကျွန် တော် စကား ကောင်း နေ တာနဲ့ ဆရာလက်ပေါ်မှာ တောင်အိပ်ပျော်သွား ပြီ။ ဆောရီးဗျာ။ကျွန် တော်လည်း ပြောချင်နေ တာ နဲ့ အားပါးတရပြောလိုက်တာ ရေနွေးကြမ်းတွေတောင်အေးကုန်ပြီ။”
မမဝါ ကလည်း အညတြ အားနာနေသည် ကို ကြည့် ပြီးစကားချိုသွေး လိုက်သည်။
“ဟာရပါတယ်။မောင်လေး အညတြ ရယ် အမတို့က မနက်ဖြန် အလုပ် မရှိဘူး။ မင်းအကို ဒေါက်တိုလည်း မနက်ဖြန်နားတယ်။ ဒီတော့ ကိစ္စမရှိပါဘူး။ သမီးလေးက တော့ ကျောင်းမှာ ပင်ပန်းလာတာ ဖြစ် မှာ ပါ။ ကဲကဲ အ မ တို့ လည်း ဗိုက်စာလာပြီ” မမဝါ က ပြော ပြီး ဆရာဥာဏ် လှမ်းပြောလိုက်တယ်။
“မောင်ရေဒီည ဘယ်မှာသွား စားမလဲ။ ဖူဂျီ တောင် ပေါ် မှာ အမေရိကန် သမ္မတ အိုဘားမား နဲ့ ရေ ခဲမှုန့် သွား စား ဖို့် ချိန်းထားတာ သွား မလား။ ဒါ မှ မဟုတ် အင်္ဂလန်က အဲလီဇဘတ်ဘုရင်မ နဲ့ အော်ဇီက ဟာဘာ တံတားကြီး ပေါ် မှာ ညစာသွား စား မလား မောင်” ဆရာဥာဏ် လည်း စဉ်းစားသလို လုပ် နေရင်း ပြန် ပြော မည်အပြု မှာ အညတြက စကား ဖြတ် ပြော လိုက်တယ်။
“ မမဝါ တို့ ဆရာတို့ ရေ ချိန်းထား တာ လေး ကို ဖြတ် ပေး လိုက် ပါလား ဗျာကျေးဇူး ပြု ပြီး တော့ ပေါ့။ ဒီ မှာ ကျွန် တော် ကဆရာကြိုက်တတ် တဲ့ တိုဖူးနွေးလေး ကို ချက်ထား တယ် ဗျ။ ဒီ မှာ ဘဲ ကျွန် တော် နဲ အတူတူ စား သွား ပါ ဗျာ နော်”
အညတြ ပြော လိုက် သော စကား ကို ကြား လိုက်သော ဆရာဥာဏ် ကလည်း အားနားစွာ ဖြင့် “အင်းလေ ဒါ ဆို ဟိုအစီ အ စဉ်တွေ ဖြတ် လိုက် ပါ တော့ ။ သူတို့ နဲ့ က ဘယ် အ ချိန်သွား စားစား ရတယ်။ ဒီ ည အညတြ အိမ် မှာ ဘဲစားကြ တာ ပေါ့ နော်။ ”
ငှက် ငယ်လေး က လည်း စကား အရှည် ကြီး ပြော လိုက် သော အညတြ ကြောင့် အိမ် ချင် မူး တူး ဖြစ် နေ ပြီး အညတြ ကို လှမ်း ပြော လိုက်တယ်။
“ကဲ ကိုအညတြ ရေ ကျွန် မလည်း သွားတော့မယ်။”
အညတြ က “ငှက်ငယ်ရယ် ဒီ မှာ ဆရာတို့် ဇနီးမောင်နှံ တောင် သူတို့ ကိစ္စ တွေ ဖြတ် ပြီး ညစာစား မလို့ ။ငှက်ငယ်လေး လဲ တခါတည်း ဒီ မှာ စားသွားနော်။” မမဝါကလည်း ငှက်ငယ်လေး ကို လှမ်းပြော လိုက် တယ်။ “ဟုတ် သားဘဲ ညီမရယ် ဒီ မှာ အ တူတူစား ကြ မယ်လေ နော်။”
အဲဒီ နောက် မှာ တော့ မမဝါ ၊ဆရာဥာဏ်၊ နှင့် ငှက်ငယ်လေး တို့ ဘလော့က် အ ကြောင်း တွေ ပြော ပြီး ကျန် ရစ် ခဲ့ ကြ တယ်။
အညတြ တ ယောက် ကတော့ ဖြင့် အေးသွား သော ရေနွေးကြမ်း အိုး ကို မယူ ကာ မီး ဖို ခန်းထဲ သို့ မြန် မြန် ဝင် ရောက် သွား တော့ သည်။
သူ၏အ တွေး တွင် တော့းးး အ ရေး ထဲဒီ ရေနွေး ကြမ်း အိုး က အေး သွား သေး တယ်။ ငါ ပြော လိုက် တာ ဒီ လောက် များကြာသွား သ လား ကွာ။ သူများ တွေ တော့ ပြော စရာ ဖြစ် ကုန် ပြီ .............

စာဖတ်သူအားလေးစားလျက်
အညတြ(ခေတ္တနယူးယောက်)

ဒီ စာ ကိုတက်ခ်ျလုပ်တဲ့ မမဝါ နဲ့ ငှက်ငယ်လေး ရေ 'ဒီလောက် နဲ့ ပဲကျေနပ်ပေးပါနော်။
ကျွန် တော် လည်း နောက် နှစ် ယောက် ကို ထပ် တက်ခ်ျ လိုက်တယ်။
တယောက် က (၇) နှစ် နှစ် ကျော် ခင်လာခဲ့တဲ့ မမနိုင်းနိုင်းစနေ ပါ။
နောက်တယောက် က လေးလုံးစပ် တဲ့နေရာ မှာ ဆရာတပါး လို တော် လှ တဲ့ အကိုတော် အိမ်မက်ရှင် ပါ။
ရေးပေးကြပါအုံး။

11 comments:

Anonymous said...

ဟာ ... ညီအညတြရေ ... စိတ်ကူးကောင်းပါပေ့ဗျာ၊ ဟုတ်တယ် အဲအရာတွေက မုန်းလောက်တယ် မုန်းလည်း မုန်းထိုက်ပါပေတယ်၊ အခုလို ဇာတ်လမ်းဝတ္ထုတိုလေးနဲ့ ချယ်မှုန်းမုန်းဖန် ထားတာကို ဖတ်ပြီး အတော်သဘောကျသွားတယ်၊ အကို့ကို တက်ထားတာတွေ့တော့ .... :O ။

ခင်မင်လေးစားစွာဖြင့်

Dr. Nyan said...

အင်း..ထိုဖူးနွေးနဲ့ရေနွေးကြမ်းတကယ်သုံးဆောင်
လိုက်ရသလိုဘဲ။
ကောင်းလေစွ..
အကောင်းတွေချည်းရေးထားတော့စာထဲကလိုသာ
ဖြစ်ချင်လိုက်သေးတော့တယ်။
မနက်ဖြန်တကယ်ဖူဂျီတောင်ဖက်သွားမယ်။
အိုဘားမားတော့မပါဘူး။

WWKM said...

ဟဟား နာ့မောင်လေးတော်ပါပေတယ်.
တက်ဂ်ကြွေးလည်း ရေးပေးတယ်.
ရေနွေးကြမ်းလေးနဲ့လည်းဧည့်ခံတယ်။
တိုဖူနွေးလေးပါ ချက်ကျွေးသေးတော့.. ဟတ်ဟတ်.
ဒီလောက်သဘောကောင်းတဲ့ မောင်လေး...ကောင်မလေးချောချောနဲ့ ဖူစာဆုံပါစေကွယ်။း)

ဟုတ်ပြီ..နက်ဖြန်ဖူဂျီတောင်သွားရင် အိုဘားမားကို
ကားမောင်ခိုင်းဘို့ ခေါ်သွားဦးမှပဲ..မောင်လေးပြောမှပဲ
သတိရတယ်..ဟတ်ဟတ်. အိုဘားမားဆိုတာ.အိုနေတဲ့ မြန်မာလူမျိုးကြီးကိုပြောတာနော်. အဟီး

ငှက်ငယ်လေး said...

ဟားဟ နာ့အကို ကတော့ပြောပြီး....
ချောတယ်လို့ ပြောလို့  သဘောကောင်းကောင်းနဲ့ မုန့် ဝယ်ကြွေးဦးမယ်....ဟီးး
အထုလောလောဆယ်တော့ တိုဖူးနွေးလေး ကို စားတွားရယ်နော်...

tag လေးကို သူများတွေနဲ့ မတူ တမူထူးအောင်ရေးပေးတဲ့ အတွက် ကျေးကျေးအများကြီးနော်း)

Anonymous said...

ပိုစ့်ကို သဘောကျသွားတယ်

Dr Phyo Wai Kyaw said...

တော်ပါပေတယ်။

Welcome said...

တစ်ဝကြီး ဖတ်သွားတယ်။

http://winzaw-mdy.blogspot.com/

thihanyein said...

တယ်လည်းတွေးတတ် ရေးတတ်တဲ့သူပဲဗျာ

မြတ်သွယ် said...

လက်ဖျားတောင်ခါပါပေတယ် ကိုအညတြရယ်
မိဘမေတ္တာသာမက တက်ဂ်ပို့စ်လေးကိုတောင် ဆန်းသစ်တဲ့ပုံစံ ပြီးတော့မုန်းတာတွေကလဲထူးဆန်းတယ်
သဘောလဲကျတယ် အတွေးလေးကတကယ်ကောင်းတယ်
တချို့အကြောင်းတွေမှာ လေးနက်မှုကိုခံစားလိုက်ရသလားလို့
အဆင်ပြေပါစေ ကိုအညတြ

Anonymous said...

ပို့ စ်ကိုအစကနေ အဆုံးထိတင်မကပဲ နောက်တစ်ကြိမ် ထပ်ဖတ်ချင်အောင် ရေးသားတာကိုကြည့်ပြီး အရမ်းသဘောကျသွားတယ်။ ဖတ်လို့  အရမ်းကောင်းပါတယ်။ နောက်တစ်ကြိမ် လာခဲ့ဦးမယ်အစ်ကို... !( colorlessrain )

Anonymous said...

ရေးထားတာတော်တော်ကောင်းတယ်ဗျာ...
သဘောကျတယ်၊လေးစားတယ်...