11/12/08

မင်္ဂလာ ရှိ သော တန် ဆောင် မုန်း လ ပြည့် ည လေး (သို့) ဆေး ပေါင်း ခ တဲ့ ည လေးဖြစ် ပါ စေ။

ကျွန် တော် ငယ် ငယ် တုန်း က တော့ ဒီ လို ည ဆို ကျွန် တော့် မြို့ လေး (မိုးကုတ်) မှာ(ရွှေတံခါး ကြီး ဖွင့်ပါအုံး၊ ငွေတံခါး ကြီးဖွင့်ပါအုံး၊ .........မိသားစု ကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ) <<< ဒီ လို အော် ဟစ် ပြီး တ အိမ် ဝင် တ အိမ် ထွက် သူငယ်ချင်း အုပ် စုလိုက် ကြီး နဲ့ ပိုက်ဆန် လိုက် တောင်း နေ ကြ ပါ။ လူ ကြီး တွေ က တော့ မီး ပုံ ဖို ပြီး သူခိုးကြီး ည ဟင်း လား ၊ဘာ လား မ သိ ပါ ဘူး ချက် စား နေ ကြ ပေါ့။ ပြီးတော့ လည်း ဘဲ မ နက် အ စော ကြီး ထ ပြီး ခဲ လုံး တွေ မှ ရွှေ့ ခဲလုံး အောက် တို့ ၊ဓာတ် တိုင် အောက် တို့ မှာ (ပန့်တကူ) လိုက် ရှာ နေ ကြ ပါ။ အ ခု တော့ ဒီ လို လုပ် လို့ မ ရ တော့ ပါ ဘူး။ ၂၉ နှစ် ရှိ နေ ပြီ ဖြစ် တဲ့ ကျွန် တော့် အ သက် အ ရွယ် ကြောင့် တ ကြောင်း၊ မြို့ နဲ့ ၁၁ နှစ် ကျော် အ နေ ဝေး သွား တာ က တ ကြောင်း အ ကြောင်း ကြောင်း တွေ ကြောင့် ဒီ လို ပျော် ရွှင် မှု့ တွေ နဲ့ အ နေ ဝေး ခဲ့ ရ ပါ ပြီ။ ဘာ ဘဲ ဖြစ် ဖြစ် ပေါ့ ဒီ လို ည လေး ရောက် တိုင်း တ ချိန် က အ တိတ် တွေ ဆီ ပြန် ပြောင်း သတိ ရ နေ မိ ပါ တယ်။ မိဘ နှစ် ပါး အား ဦး ထိပ် ထား ၍ ကျွန် တော့် မြို့ သူ မြို့ သား များ၊ စာဖတ် သူများ၊သက် ရှိ သတ္တဝါ များ အား လုံး စိတ်၏ ချမ်း သာ ခြင်း၊ ကိုယ်၏ ကျန်း မာ ခြင်း နှင့် ပြည့် စုံ ကြ ပါ စေ လို့ ဆန္ဒ ပြု ဆုတောင်း မိ ပါ သည်။

အညတြ (ခေတ္တ နယူးယောက်ခ်)

5 comments:

WWKM said...

မောင်လေးအညတြ ရေ..
တန်ဆောင်မုန်းလပြည့် ညလေးအကြောင်းဖတ်ပြီးအိမ်ကို
အစ်မလည်းလွမ်းမိပါတယ်။

ဒီည သူခိုကြီးနေ့ မဟုတ်လား..ဘလော့တွေလည်ပြီးသောင်းကျန်းပေါ့ မောင်လေးရ..အဟား

ခင်မင်လျှက်
အမ၀ါ

Welcome said...

အစ်ကို
(၂၉)နှစ်ဆိုတော့ အစ်ကိုပေါ့ဗျာ
အိမ်လွမ်းစာလေးလာဖတ်ပါတယ်။ ဒီမှာ အရမ်းအေးနေလို့ သူခိုးကြီးလည်း မလုပ်နိုင် ပါဘူး
အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

Anonymous said...

အတူတူပါပဲ ကိုအညတြရယ်၊
ကျွန်တော်တော့ လပြည့်ညမှာ လမင်းကြီးကို မော်ကြည့်ရင်း အတိတ်ဟောင်းကို ပြန်ရောက်နေလို့
လွမ်းပြီးရင် လွမ်းရင်ပါပဲ ... ။
အားလုံးက အစ ပြန်ဖော်ပြီး ဖော်တဲ့အစလေးကို ဆွဲဆွဲ ထုတ်နေကြလို့ တန်ဆောင်းမုန်း လပြည့်ညဟာ
လွမ်းရင်း လွမ်းလာ လွမ်းဝင်္ကပါထဲ လွမ်းမီးထွေတောက် လွမ်းလောက်လောင်ကျွမ်း လွမ်းပြာလွမ်းကြွေ ပိုလွမ်းနေဆဲပါ ဗျာ ... ငိုချင်ရက်လက်တို့ဆိုတာ ဒါထင်ပါရဲ့ ...။

ခင်မင်လေးစားစွာဖြင့်

တက်လူငယ် said...

ကိုအညတြရေ..။ ကျနော့်ထက်အသက်ကြီးမှန်း ဒီပို့စ်ဖတ်မှသိတယ်ဗျာ။ ခွင့်လွှတ်ဗျို့။ ခလေးဘဝကအဖြစ်တွေကို ကျနော်လည်း အတူတူခံစားရပါတယ်ဗျာ။

Unknown said...

အော်... မိုးကုတ်သားကိုးဗျ...ကောင်း၏။