11/4/08

အ မှား ပြင် ချိန်

လမ်း ငယ် လေး တ ခု၊ ပို ပြီး ပြည့် ပြည့် စုံ စုံ ပြော ရ လျှင် မ ကျဉ်း မ ကျယ် ကား တ စီး သာ သာ သွား ၍ ရ သော လမ်း ကြား ငယ် လေး တ ခု မှာ လူ ငယ် လေး တ ယောက် ကား အ သစ် လေး ကို တ ရ စပ် မောင်း လို့ လာ သည်။ည နေ က မှောင် စ ပြု နေ ပြီ မို့ လမ်း မှာ လူ တ ယောက် မျှ ပင် မ တွေ့ ရ။ သူ မောင်း လာ သော အ ရှိန် မှာ မ များ လှ ပေ မယ့် လည်း ထို ကျဉ်း မြောင်း လှ တဲ့ လမ်း ကြား လေး မှာ တော့ နည်းနည်း သိ သာ လှ သည်။ သူ ဟာ ခပ် ကြမ်း ကြမ်း မောင်း လာ ခဲ့ သော် လည်း သည် လို လမ်း ကြား တွေ မှာ က လေး တွေ ဆော့ က စား တာ များ လှ တာ မို့ သ တိ ရှိ ရှိ နှင့် မောင်း နှင်း လာ ခဲ့ တယ်။ " ဘုန်း ........." ရုတ် တရက် ခဲ လုံး တ ခု သူ့ရဲ့ကား တံခါး ဘောင် ကို လာ မှန် သံ သူ ကြား လိုက် ရ တယ်။ “ တောက် “ ကို လင်း တော် တော် ဒေါသထွက် သွား သည်။ ဘာ ရယ် မ ဟုတ် ဒီ ည နေ သူ့ သူငယ် ချင်း တွေ နဲ့ ရုပ်ရှင် အ တူ သွား ကြည့် ရန် ချိန်း ထား သည်။ အချိန် က တော့ ဖြင့် တော် တော် လေး စော နေ သေး သော် လည်း သူ က အ မြဲ စော စော ရောက် ချင် နေ သည်။ ဒါ က တော့ သူ့ အ ကျင့် တ ခု ဘဲ မဟုတ် ပါလား။ အ ခု တော့ ဘယ် အ ရပ် က ထွက် လာ တဲ့ ခဲလုံး သူ့ကား ကို လာ မှန် တယ် မသိ၊ သူ့ ကား သစ် လေး တော် တော် ပိန် သွား သ လား၊ စ သည် ဖြင့် မေး ခွန်း ပေါင်း စုံ ကို သူ ခေါင်း ထဲ အ တွေး ထဲ ကို ဝင် ရောက် လာ သည်။ ဒါ ကြောင့် သူ ကား လေး ကို လမ်း ဘေး တ နေ ရာ မှာ ထိုး ရပ် လိုက် သည်။ ကား ထိုး ရပ် ရပ် ချင်း ကောင် လေး တ ယောက် သူ့ ဆီ ကို ရေး ကြီး သုတ် ပြာ ပြေး လာ နေ သည် ကို မြင် လိုက် သည်။ အနီး အ နား မှာ လည်း သည် ကောင် လေး က လွှဲ ပြီး တ ယောက် မှ လဲ သူ မ မြင် ဒီ တော့ မ ဟုတ် မှ လွှဲ ရော သည် ကောင် လေး လက် ဆော့ လိုက် သာ ဖြစ် ရမည်။ ကို လင်း တ ယောက် စိတ် တို တို နှင့် အော် လိုက် သည်။ " မင်း ဒါ ဘာ သ ဘော လဲ။ ဘယ် လို လုပ် လိုက် တာ လဲ ကွ။ ဒါ မ နေ့ တ နေ့ က မှ ဝယ် ထား တဲ့ ကား ကွ။ ချာ တိတ် မင်း အိမ် ဘယ် မှာ လဲ။ ပြော စမ်း။ မင်း အိမ် က လူ ကြီး တွေ ကို ပြော ပြီး အ လျော် တောင်း မှ ရမယ်။ မင်း ဘာ လို့ ဒီ လို လုပ် ရတာ လဲ ကွ " အ စ ရှိ သည် ဖြင့် ကို လင်း တ ယောက် ဒေါ ပွ ပွ နှင့် တ ရ စပ် ပြော ချ လိုက် သည်။ ကောင် က လေး က မျက် နှာ ငယ် က လေး ဖြင့် တောင်း ပန် ရှာ သည်။ " အစ် ကို ကြီး ရယ် ဆော ရီး ပါ ဗျာ။ သား တောင်း ပန် ပါ တယ်။ သား ဘာ လုပ် ရမှန်း မ သိ တော့ လို့ ပါ။ " ကောင် လေး ဟာ ခေါင်း ငုံ ပြီး ဆက် ပြော လိုက် တယ်။
" ကျွန် တော် အခု လို မ လုပ် ရင် ဘယ် သူ မှ ကား ရပ် မ ပေး မှာ စိုး လို့ ပါ။ " ကောင် ငယ် လေး ရဲ့ ပါး ပြင် ပေါ် မှာ မျက် ရည် တွေ တ စိမ့် စိမ့် တ ရ စပ် လိမ့် ကျ လာ ပြီး မ လှမ်း မ ကမ်း မှာ ရှိ တဲ့ နေ ရာ တ ခု ကို လက် ညှိုး ထိုး ပြ လိုက် တော့ တယ်။ " ကျွန် ..... ကျွန် တော့် အစ် ကို " ကောင်း လေး ဟာ ငို ယို ပြီး ဆက် ပြော လိုက် တယ်။ " သူ ....သူ.... သူ့ ရဲ့.... ....ဟို ..…. (wheelchair) ဝီးလ် ချားရ် လေး ပေါ် က ပြုတ် ကျ လို့ .... ကျွန် တော်.... သူ့ ခန္ဓာ ကိုယ် ကြီး ကို ပြန် မ မှ နိုင် လို့ ပါ " လို့ ကောင်လေး ဟာ ရှိုက် ကြီး တ ငင် နဲ့ ဒေါ သ တ ကြီး ဖြစ် နေ တဲ့ ကို လင်း ကို လှမ်း ပြော လိုက် တယ်။ “ ကျေး ဇူး ပြုပြီး ကျွန် တော် ကို သူ့ (wheelchair) ဝီးလ် ချားရ် လေး ပေါ် ကို ပြန် ပြီး တင် ပေး ပါ လား ဗျာ…..သူ (wheelchair) ဝီးလ် ချားရ် ပေါ် ကပြုတ် ကျ ပြီး ပိ နေ လို့ သူ အ ရမ်း ကို နာ နေ ပါ တယ်….ပြီး တော့ သူ့ ခန္ဓာ ကိုယ် က အ ရမ်း လေး တာ ကြောင့်ကျွန် တော် မ မှ နိုင် လို့ ပါ ဗျာ။ ” ကောင်း လေး စကား ဆုံး သွား တာ နဲ့ ကို လင်း ဟာ သူ ပြော ဆို ကြိမ်း မောင်း ဖို့ ပြင် နေ တဲ့ သူ့ စကား လုံး တွေ ကို ပြော မ ထွက် နိုင် တော့ ဘဲနဲ့ လဲ ကျ နေ တဲ့ ကောင် လေး ရဲ့အ ကို ဆို သူ ဆီ ကို မြန် မြန် သွား ပြီး ထူ ပေး လိုက် တယ်။ အဲဒီ နောက် ကောင် လေး အစ်ကို ကို (wheelchair) ဝီးလ် ချားရ် ပေါ် ကို သေသေချာချာ ပြန် တင် ပေး လိုက် ပြီး သူတို့ အိမ် ရှိ ရာ အ ထိ ကို လိုက် ပို့ ပေး လိုက် တော့ တယ်။ ကောင်း လေး က သူ့ ကို ကျေး ဇူး အ ရမ်း တင် နေ ခဲ့ တယ်။ ကို လင်း တ ယောက် ကား ကောင် လေး နဲ့ သူ့ အ ကို ကို သွား ပို့ ပေး ပြီး ကား ဆီ ကို မော ပန်း နှေး ကွေး စွာ နဲ့ မ သယ် ချင် တဲ့ သူ့ ခြေ ထောက် တွေ ကို အား ပေး သယ် ရင်း ပြန် ရောက် လာ ခဲ့ တယ်။သူ့ အ တွေး ထဲ မှာ တော့ ကောင် လေး ကို ကြိမ် မောင်း မိတာ သူ ဘဲ မှား နေ လား။ ဒါ မှ မ ဟုတ် သူ့ ကား လေး ကို ဖြေး ဖြေး သာ မောင်း ခဲ့ ရင် ဒီ လို ဖြစ် လာ မှာ မ ဟုတ် ပါ ဘူး၊ အစ ရှိ သ ဖြင့် အ တွေး ပေါင်းစုံ နဲ့ စဉ်း စားပြီး ပြန် ရောက် လာ ခဲ့ သည်။ ကား နား ရောက် တော့ သူ့ ကား ကို သေသေ ချာ ချာ ကြည့် လိုက် သည်။ ပိန် ကျုံး နေ တဲ့ သူ့ ကား သစ် လေး တံ ခါး ဘောင် ဟာ ခဲ လုံး မှန် ထား မှန်း အ ရမ်း ကို သိ သာ ပါ သည်။ သူ ဟာ အဲ ဒီ တံ ခါး ကို ပြန် ပြီး ပြင် ဆင် မှု့ မ လုပ် ခဲ့ ဘဲ နဲ့ ဒီ အ တိုင်း ထား ခဲ့ ပါ တယ်။ ပိန် ကျုံး နေ တဲ့ တံ ခါး ဘောင် လေး ကို တွေ့ တိုင်း အ ခု လို အ သိ တ ရား ရ စေ တဲ့ အ တွေး လေး တွေ ကို သူ့ ကိုယ် သူ ပြန် ပြီး သတိ ပေး စေ ချင် လို့ ဘဲ ဖြစ် တယ်။ အဲ ဒါ က တော့ ဖြင့်
“ မင်း ဘဝ ခရီး ကြီး ရဲ့ အချိန် တွေ ကို အ ရမ်း မြန် မြန် ကြီး မ ဖြတ် သန်း ချင် ပါ နဲ့။ တ စုံ တ ယောက် က ကောင်း တာ၊ မ ကောင်း တာ၊ ဖြစ် တာ ၊ ပျက် တာ တို့ ကို ပြော ခွင့်ရ ဘို့ အ တွက် သူ့ တို့ ကို သတိ ထား မိ စေ ဖို့ ၊ ခဲ လုံး နဲ့ မင်း ကို ပေါ်က် ပြီး မှ ခေါ် ရ လောက် အောင်၊ အ နာ တ ရ ဖြစ် ပြီး မှ သိ စေ ရ လောက် အောင် မ ဖြစ် စေ ပါ နဲ့ ” ဟူ ၍ ပင် ဖြစ် သည်။


(တခါ တ လေ အ မြဲ တမ်း လို လို မှာ ကျွန် တော် တို့ ဟာ တ စုံတခု အ ဖြစ် အ ပျက် လေး တွေ ကို နား ထောင် ဖို့ အ ချိန် မ ရှိ ဖြစ် ပြီး အ လျင် စ လို လုပ် တတ် ကြ တယ်။ အဲဒီ လို အ လျင် စ လို လုပ် ရင် မ လို အပ် တဲ့ အ မှား တွေ ခဏခဏ ဖြစ် တတ် ကြ ပါ တယ်။ဒီ လို အ မှား တွေ ဖြစ် ပြီး မှ နောင် တ ရ တတ် တဲ့ ကျွန် တော် တို့ တွေ ဟာ အ မှား မ ဖြစ် ခင် မှာ ကြို တင် ကာ ကွယ် ကြ မယ် ဆို ရင် ဖြင့် ဘဝ ကြီး ဟာ ပိုပြီး ပျော် စရာ အ တိ ဖြစ် နေ မှာ မ ဟုတ် ပါ လား ဗျာ။ မှား တာ ကို သိ ရက် နဲ့ မိုက် တဲ့ လူ က တ ချိန် မှာ ထောင် နန်း စံ ရ ပြီး ၊ ထောင် ထဲ မှာ အ သိ တ ရား လေး တွေ ယူ ပြီး မှ ပြန် ထွက် လာ ကြ ရ တယ်။ တ ကယ် လို့ အဲ ဒီ မှား တာ ကို သိ ရင် အဲ ဒီ အ မှား တွေ ကို မ လုပ် မိ စေ ဖို့ ဆင် ခြင် လိုက် ရင် ထောင် ထဲ ကို သွား ဖို့ ဆို တာ အ ဝေး ကြီး ဘဲ မ ဟုတ် ပါ လား။ ဒီ အ ရာ တွေ အား လုံး ဟာ ကျွန် တော် တို့ ရဲ့ ကိုယ် ပိုင် ရွေး ချယ် မှု့ ဘဲ ဖြစ် ပါ တယ်။)


အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/wait_for_the_brick.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

1 comment:

December Cinderella said...

အမှားပြင်ချိန်က ခဏခဏ စိတ်လောကြီးတတ်တဲ့ ကျွန်မအတွက် အတော်ကောင်းတဲ့ သင်ခန်းစာလေးပါ .. အရမ်းကျေးဇူးတင်ပါတယ် ...

ကျွန်မလဲ ကျွန်မဘ၀မှာ အမှားတစ်ခုခုကြောင့် ဖြစ်ခဲ့တဲ့ အရာတွေကို အသိတရားတစ်ခုရအောင် သိမ်းထားတတ်လို့ ..

ဒါမှလဲ တူညီတဲ့ အမှားတစ်ခုကို နှစ်ခါမလုပ်ဖြစ်အောင်လို့ ..