11/27/08

သြဝါဒ

အဖေ ဆရာ
ဆုံးမတာ
ဘယ်ခါ မမေ့ပါ။
တပည့် အများ
သတိထား
လေးစား လိုက်နာရာ။
ကျေးဇူး မြင်မိ
နိဗ္ဗာန်ထိ
ဆပ်သိ ရိုသေမှာ။
စာရေး ကြည့်မိ
မတတ်ဘိ
သတိ မူစရာ။
ခြေသုတ် ပုဆိုး
မြွေစွယ်ကျိုး
နှိမ့်ချိုး မာနသာ။
ဆရာ ဟူဘိ
တဆူရှိ
တတ်သိ နားလည်ရာ။
တပါး သူပြစ်
စုပုံရစ်
မဖြစ် စေသင့်ပါ။
ယခု ချိန်ခါ
ဖေဆရာ
ခါခါ အောက်မေ့ပြီ။
အဖေ ဆရာ
သင်အံတာ
ခါခါ ရွတ်ဘူးပြီ။
အဖေ ဆရာ
ရေးပြတာ
ခါခါ မှတ်ဘူးပြီ။
စိတ်ထဲ ပါပါ
နုတ်ဆိုခါ
လက်မှာ ရေးမိပြီ။
အမှား ပါက
ပြင်ယူမှ
မုချ မှန်ရပြီ။
သြဝါဒများ
ဦးထိပ်ထား
လေးစား ရိုသေသည်။
ဆုံးဘဝတိုင်
မမေ့နိုင်
ပိုင်ပိုင် သယ်ပိုးမည်။
(အညံ့ပန်း)

4 comments:

Welcome said...

လာဖတ်တယ်၊ ကောင်းတယ်၊ အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

မြတ်သွယ် said...

ခြေသုတ် ပုဆိုး
မြွေစွယ်ကျိုး
နှိမ့်ချိုး မာနသာ။ကြိုက်လို့ပါ...
တစ်ချို့တစ်ဝက်တော့နားမလည်ဘူး
နားလည်သလောက်ကိုမှတ်ယူသွားပါတယ်
ပိုင်ပိုင်သယ်ပိုးမည်ဆိုတဲ့ အရေးအသားကိုလဲနှစ်သက်ပါတယ်
အားပေးဖတ်သွားပြီ

thihanyein said...

ကဗျာကောင်းလေးပဲကိုအညတြရေ**
ဖတ်သွားတယ်ဗျာ **

Anonymous said...

ဟာ ကဗျာလေးသိပ်ကောင်းတယ်
ရေးသားဖွဲ့နွဲ့ပုံ၊ တင်ပြပုံ၊ ကာရံထိမိပုံနဲ့
အဓိပ္ပါယ်လေး သိပ်တန်ဖိုးရှိတယ် ... တော်လိုက်တာ။
လေးစားတယ် ညီအညတြရေ ... တကယ်ပါ ။

ခင်မင်လေးစားစွာဖြင့်