11/7/08

ဝေဒနာသစ်

ဝေ ဒ နာ သစ်
ရင် မှာ ဖြစ်
ဆန်း စစ် ဖွေ ရှာ
အ ဖြေ မှာ ကြည့်
ဗ လာ အ တိ
မ ချိ တင် ကဲ
အ မှန် လွဲ လှ
ပူ ဆွေး ရ သည်
ဘယ် မှာ ဆီ တမ်း
မျှော် ကာ မှန်း လဲ
အ လွမ်း မ ပြေ
စိတ် ဆွေး ဗွေ လီ
နှင်း စက် ရည် ဖြန်း
လွန် အေး ချမ်း မို့
နေ ခြည် ကို တမ်း မျှော် မိ ပြီ
တ ပြေ သူ ကို လှမ်း ခေါ် မိ ပြီ
ဘယ် ဆီ ကို လွမ်း နော် မ သိ ပြီ
သြော်...
သံ ယော ဇဉ် ကြိုး
ချည် နှောင် မျိုး မို့
ပို တိုး ခါ ဆိုး
မ ဆိုး စေ ချင်။
(အ ညံ့ ပန်း)

1 comment:

တက်လူငယ် said...

ကာရံလေးတွေလည်းပါတယ်ဗျာ။ ခံစားချက်တွေလည်းပါတယ်။ ကောင်းတဲ့ တပြည်သူကို လှမ်းခေါ်မိတယ်ဆိုတော့...ဝေဒနာခံစားချက် ကဗျာလေးမှန်းသိလိုက်တယ်။