11/26/08

အသွား အပြန်

သူ့ ရဲ့ နာ မည် က ဖလိန်းမင်း{Fleming} ပါ။သူ ဟာ စကော့တလန် မှာ နေ ထိုင် တဲ့ လယ် သမား ကြီး တ ယောက် ဖြစ် ပါ တယ်။ တ နေ့ မှာ သူ ဟာ သူ့ မိ သား စုဝမ်း ဝ ရေး အ တွက် လုပ် ကိုင် နေ စဉ် မှာ အ နီး ဝန်း ကျင် နွှံ အိုင် နား က လူ တ ယောက် အော် ဟစ် အ ကူ အ ညီ တောင်း သံ ကြား လိုက် ရ တယ်။
“ကယ် ကြ ပါ ဦး။ ကယ် ကြ ပါ ဦး ။” သူ ဟာ လုပ် လက်စ အ လုပ် ကို ရပ် ပြီး အ သံ လာ ရာ ဘက် ကို ဦး တည် ပြီး ပြေး လာ ခဲ့ တယ်။ အ သံ ထွက် ပေါ် လာ တဲ့ နေ ရာ ကို ရောက် လာ တဲ့ အ ခါ မှာ သူ ဟာ နွှံ နစ် နေ တဲ့ လူ ငယ် လေး တ ယောက် ကို တွေ့ လိုက် ရ တယ်။ ထို လူ ငယ် လေး ဟာ သူ့ ရဲ့ ခါး လယ် လောက် ထိ နွှံ နစ် နေ ပြီး နွှံ ထဲ မှာ ရုန်း ကန် ပြီး အော် ဟစ် အ ကူ အ ညီ တောင်း နေ ပါ တယ်။ လယ် သမား ကြီး ဖလိန်းမင်း{Fleming} ဟာ ကြောက် ရွှံ့ ထိတ် လန့် စွာ အ ကူ အ ညီ တောင်း နေ တဲ့ လူငယ် လေး ကို သေ မယ့် ဘေး က နေ ကယ် တင် လိုက် တယ်။
နောက် တ နေ့ ရောက် လာ တဲ့ အ ခါ မှာ တော့ လှ ပ ခန့် ညား တဲ့ သယ် ယူ ပို့ ဆောင် ရေး အ တွက် အ သုံး ပြု တဲ့ မြင်း လှည်း လေး တ စီး ဖလိန်းမင်း{Fleming} ရဲ့ လယ် ခင်း နား က အိမ် မှာ ထိုး စိုက် လာ တယ်။ အဲ ဒီ လှည်း ပေါ် က နေ အ ဆင့် အ တန်းမြင့် မား တဲ့ ဝတ် ကောင်း စား လှ တွေ ဝတ် ဆင် ထား တဲ့ ဂုဏ် ကျက် သ ရေ ထင် ရှား ကြီး မြတ် တယ် လို့ ထင် ရ တဲ့ လူ ခန့် ကြီး တ ယောက် ဆင်း လာ ပါ တယ်။ ပြီး နောက် မှာ အဲဒီ လူ ဟာ လယ် သမား ကြီး ဖလိန်းမင်း{Fleming} ကို သူ ဟာ မ နေ့ တုန်း က ဖလိန်းမင်း{Fleming} ကယ် လိုက် တဲ့ လူ ငယ် လေး ရဲ့ ဖ ခင် ဖြစ် ကြောင်း နုတ် ဆက် လိုက် တယ်။
" ကျွန် တော် ခင်ဗျား ကို တ ခုခု လုပ် ပေး ချင် တယ် ဗျာ ။ခင် ဗျား ဟာကျွန် တော် သား အ သက် ကို ကယ် ခဲ့ တယ် တဲ့ ကျေး ဇူး ရှင် ဖြစ် တယ် ” လို့ လူခန့် ကြီး က လယ်သမား ကြီး ကို လှမ်း ပြော လိုက် တယ်။
“ မ ဟုတ်တာ ဗျာ ။ကျွန် တော် သူ့ အ သက် ကို ကယ် လိုက် တာ တခုခု ပြန် ရ ချင် လို့ မ ဟုတ် ပါ ဘူး ဗျာ။”
စကော့တလန် လူမျိုး ဖြစ် တဲ့ လယ် သ မား ကြီး ဟာ ရိုး သား စွာ နဲ့ လက် ကို ခါ ရမ်း ပြီး တော့ ပြန် ပြော လိုက် တယ်။
တ ချိန် တည်း မှာ ဘဲ လယ် သမား ကြီး ရဲ့ သား ဟာ လယ် သမား ကြီး ရဲ့ စုတ် ချာ ညံ့ ဖျင်း လှ တဲ့ တဲ လေး ထဲ က နေ ထွက် လာ တယ်။
“အဲဒါ ခင်ဗျား သား လား ဗျ” လူခန့် ကြီး က မေး လိုက် တယ်။
“ဟုတ် ပါ တယ်” လယ် သမား ကြီး က ဝင့် ကြွား စွာ ပြန် ဖြေ လိုက် တယ်။
“ဒါ ဆို ဒီ လို လုပ် ဗျာ ။ ခင် ဗျား ကျွန် တော် ပြော တာ လက် မ ခံ ဘူး ဆို ရင် ခင်ဗျား သား ကို ကျွန် တော် ခေါ် သွား မယ်။ ပြီး ရင် သူ့ ပ ညာ ရေး ကို အ စ အ ဆုံး ကျွန် တော် တာ ဝန် ယူ ပါ ရ စေ ဗျာ။ ခင် ဗျား သား ကို ခင် ဗျား ဂုဏ် ယူ လောက် တဲ့ ပညာ တတ် ကြီး မ ဖြစ် စေချင် ဘူး လား။ ဒါ ကို တော့ ခွင့် ပြု ပါ နော်။” လို့ လူ ခန့် ကြီး က တောင်း ဆို လိုက် တယ်။
လယ် သမား ကြီး ခွင့် ပြု ချက် ရ ပြီ နောက် မှာ လူ ခန့်ကြီး ဟာ သူ့ ဂတိ အ တိုင်း လယ် သမား ကြီး ဖလိန်း မင်း{Fleming} ရဲ့ သား ဖြစ် သူ ပ ညာ ရေး ကို အ စစ အ ရာ ရာ မှာ တာ ဝန် ယူ ခဲ့ တယ်။ အ ချိန် တန် တဲ့ အ ခါ မှာ လယ် သ မား ကြီး ဖလိန်းမင်း{Fleming} သား ဟာ လန်ဒန် မှာ ရှိ တဲ့ စိန့်မယ်ရီဆေးရုံ ဆေး ပညာ ကျောင်း{St.Mary's Hospital Medical School} ကနေ ဘွဲ့ ရ ခဲ့ တယ်။
ပြီး တော့ လည်း ပဲ ဖလိန်းမင်း{Fleming} သား ဖြစ် သူ ဟာ ပင်နီစင်လင် ဆေး ကို ဆေး ပညာ မှာ ရှာ ဖွေ အ သုံး ပြု သူ (ဆာ အဲလက်ဆန်ဒါး ဖလိန်းမင်း){Sir Alexander Fleming} ဆို ပြီး ကမ္ဘာ့အ နှံ့ အ ပြား မှာ နာမည်ကြီး ထင် ရှား ကျော် ကြား ခဲ့ တယ်။
နှစ် အ နည်း ငယ် ကြာ တဲ့ နောက် မှာ လူခန့် ကြီး ရဲ့ သား ဟာ အ ဆုပ် ရောင် တဲ့ ရောဂါ ဝေဒနာ ဖြစ် ပေါ် ခဲ့ သော် လည်း ပင်နီစင်လင် ဆေး က ကယ် တင် နိုင် ခဲ့ တယ်။
လူခန့် ကြီး နာ မည် ဟာ (လော့ ရန်ဒေါ်ဖ် ချက်အင်းလ်) {Lord Randolph Churchill} ဖြစ် ပြီး
သူ့ သား နာ မည် က တော့ (ဆာ ဝင်စတန် ချက်အင်းလ်){Sir Winston Churchill} ဖြစ် ပါ တယ်။
တ ခါ မှာ တော့ စာ ဆို တ ယောက် က ဒီ လို ပြော ဖူး ပါ တယ်။ ကိုယ် က မ ကောင်း တာ ပဲ လုပ် လုပ် ကောင်း တာ ပဲ လုပ် လုပ် အဲဒီ အ ၇ာ က ကိုယ့် ဆီ ကို ပြန် လာ စ မြဲ ပါ ပဲ။

[ကိုယ့် ကု သိုလ် ကံ ကိုယ့် ဆီ ပြန် ကိုယ့် ထံ ပြန် ရောက် သည်။ ကိုယ့် အ ကု သိုလ် ကံ ကိုယ့် ဆီ ပြန် ကိုယ့် ထံ ပြန် ရောက် သည်။]

စေတနာဖြင့်
အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/alexander_fleming.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

3 comments:

Dr Phyo Wai Kyaw said...

အကျိုးရှိတယ်ဗျာ။
ကောင်းလိုက်တာ။

sait phay yar said...

စာကောင်းလေးတွေတင်တဲ့အတွက်ကျေးဇူပါနော်

Anonymous said...

တကယ်ပဲ ကျေးဇူးတင်ပါတယ် ညီအညတြရေ ...။
“သင်ပြုသောကံ ပဲတင်သံ သင့်ထံပြန်လာမည်” ဆိုတဲ့ သဘောတရားလေးတွေလို့ သဘောပေါက်မိတယ်၊ ဗုဒ္ဓရှင်တော် ဟော်တော်မူတဲ့ ကံ၊ ကံ၏အကျိုး ဆိုတာ ဒါပဲ ဖြစ်မယ် ... ။ ကြည်နှုးစရာကောင်းလိုက်တာဗျာ ... ။

ခင်မင်လေးစားစွာဖြင့်