11/15/08

မညီမျှခြင်း

နေ့စဉ် မြင်ကွင်း ဘယ်မရှင်း
စောင်းနှင်း တဖက်သာ
တဖက်စောင်းနှင်း သည်မြင်ကွင်း
ရံဖန်ရံခါ တွေ့မြင်တာ
ရင်တွင်းမှာဖြစ် ဘယ်သူ့ပြစ်
ဆန်းစစ် ဝေဖန်ရာ
တဖက်စောင်းတာ ချိန်ခွင်လျှာ
ဘယ်မှာ မေးစရာ
ဈေးဝယ်လာသူ လူတိုင်းမူ
တူတူစိတ်ထားသာ
မိမိဘက်သာ ချိန်ခွင်လျှာ
စောင်းခါ အမြဲသာ
ဘယ်လောက်ရရ မပြည့်ဝ
လောဘ ကြောက်စရာ
ရွှေချိန်ခွင်မှာ တုယူခါ
သူဌာ ကျင့်သုံးရာ
သူ့ဘက်ကိုယ့်ဘက် ညီမျှချက်
လေးနက်လိုက်နာပါ
ရွှေချိန်ခွင်ထုံး ကိုယ်စီသုံး
ရွှင်ပြုံး နိုင်စေရာ
ညီကာမျှမှ တူတကွ
ရွှင်ပြနိုင်ကြမှာ
ခြေလှမ်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ သွားရမှာ
အခွန်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ ပြောဆိုရာ
စိတ်ပေါ်တိုင်းမှာ ဆုံးမပါ
သတိနှင့်သာ ကြံစည်ရာ
ဘဝ တ(လျှောက်)ထောက် ဖြောင့်ဖြောင့်လျှောက်
ပေါက်ရောက်နိုင်တာ အရာရာ
စိတ်တလုံးပိုင် အပြီးတိုင်
နိုင်နိုင် ဆုံးမရာ
စိတ်ကိုမနှေး သိသိပေး(ဆုံးမပေး)
ပူဆွေး ကင်းကွာ ချမ်းသာရာ။
(အညံ့ပန်း)

7 comments:

Dr Phyo Wai Kyaw said...

"ခြေလှမ်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ သွားရမှာ
အခွန်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ ပြောဆိုရာ
စိတ်ပေါ်တိုင်းမှာ ဆုံးမပါ
သတိနှင့်သာ ကြံစည်ရာ
ဘဝ တ(လျှောက်)ထောက် ဖြောင့်ဖြောင့်လျှောက်
ပေါက်ရောက်နိုင်တာ အရာရာ
စိတ်တလုံးပိုင် အပြီးတိုင်
နိုင်နိုင် ဆုံးမရာ
စိတ်ကိုမနှေး သိသိပေး(ဆုံးမပေး)
ပူဆွေး ကင်းကွာ ချမ်းသာရာ။"

သာဓု သာဓု သာဓု
ကဗျာလေးကို လာဖတ်ပြီး
တန်ဖိုးရှိ ကျက်သရေမင်္ဂလာရှိတဲ့ နံနက်ခင်းလေး
ဖြစ်သွားပါလေရဲ့...

WWKM said...

"ခြေလှမ်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ သွားရမှာ
အခွန်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ ပြောဆိုရာ
စိတ်ပေါ်တိုင်းမှာ ဆုံးမပါ
သတိနှင့်သာ ကြံစည်ရာ"


တန်ဖိုးရှိတဲ့ကဗျာလေးပါမောင်လေးရေ..
ကျေးဇူးပါနော်။

Welcome said...

ကဗျာပေါ်က စေတနာတွေကို ယူသွားပါတယ်၊ ကျေးဇူးတင်တယ်..

HTTP://winzaw-mdy.blogspot.com

thihanyein said...

ခြေလှမ်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ သွားရမှာ
အခွန်းတိုင်းမှာ သိရှိရာ
သတိနှင့်သာ ပြောဆိုရာ
စိတ်ပေါ်တိုင်းမှာ ဆုံးမပါ
သတိနှင့်သာ ကြံစည်ရာ
ဘဝ တ(လျှောက်)ထောက် ဖြောင့်ဖြောင့်လျှောက်
ပေါက်ရောက်နိုင်တာ အရာရာ
စိတ်တလုံးပိုင် အပြီးတိုင်
နိုင်နိုင် ဆုံးမရာ
စိတ်ကိုမနှေး သိသိပေး(ဆုံးမပေး)
ပူဆွေး ကင်းကွာ ချမ်းသာရာ။
ကောင်းလိုက်တဲ့စာသားလေးတွေအကိုရေ
သတိပေးဆုံးမထားတာလေးက ဆရာတော်တစ်ပါးလိုပါပဲဗျာ ....

Chaos said...

ကဗျာလေး တအားကောင်းတယ်
မညီမျှခြင်းတွေကို ညီညီမျှမျှ ပုံဖော်ထားတာလေး မိုက်တယ်။

Dream said...

သတိအကြောင်းကို ကဗျာလေးနဲ့ စပ်သွားတာ အင်မတန်ကောင်းတယ်ဗျာ
တနေ့ကျရင်တော့ ဒီကဗျာလေးကို လင့်ချိတ်ခွင့်တောင်းရမယ်.. အဲဒီကျရင်
ခွင့်ပြုပါဦးနော်...

ဒီကဗျာလေးကိုကြိုက်သွားလို့.....

မြတ်သွယ် said...

မိမိဘက်သာ ချိန်ခွင်လျှာ
စောင်းခါ အမြဲသာ
လောဘ ကြောက်စရာ..
စိတ်ကိုမနှေး သိသိပေး(ဆုံးမပေး)
ပူဆွေး ကင်းကွာ ချမ်းသာရာ..
မှတ်သားစရာအပြည့်နဲ့ ကဗျာလေးပါ
တကယ်ကောင်းတယ်
လေးစားပါတယ်