11/19/08

လမင်း လို သ္မီး

ဟိုး ရှေး ရှေး တုန်း က (နေ) ၊ (လေ) ၊ (လမင်း) ဆို ပြီး တော့ ညီ အ မ သုံး ယောက် ရှိ ခဲ့ တယ်။ သူ မ တို့ ရဲ့ အ မေ ဟာ ည အ ခါ မှာ အ လွန် တ ရာ မှ တောက် ပ ပြီး အ ရမ်း လှ ပ တဲ့ (ကြယ်) က လေး တ လုံး ဖြစ် ခဲ့ တယ်။ တ နေ့ မှာ သူ တို့ ရဲ့ ဦး လေး နဲ့ အ ဒေါ် တွေ ဖြစ် ကြ တဲ့ (မိုးကြိုး) နဲ့ (လျှပ် စီး) တို့ ဟာ အဲ ဒီ ညီ အ မ သုံး ယောက် ကို ည စာ ထ မင်း စား ဖို့ ဖိတ် ခေါ် ခဲ့ တယ်။ အ မေ ဖြစ် တဲ့ ဒေါ် (ကြယ်) ဟာ သူ့ သမီး သုံး ယောက် ကို သူ့ ဦး လေး ၊ အ ဒေါ် တွေ နဲ့ ထ မင်း စား ဖို့ ကို ခွင့် ပြု လိုက် တယ်။ အ မေ ဖြစ် သူ က တော့ အိမ် စောင့် အ ဖြစ် တာ ဝန် ယူ ရ ပြီး သူ့ သ မီး တွေ ပြန် လာ တဲ့ အ ထိ စောင့် နေ မှာ ဖြစ် ကြောင်း သူမ ရဲ့ သ မီး တွေ ကို ပြော ပြီး အိမ် မှာ ကျန် ရစ် ခဲ့ တယ်။ ဒါ ကြောင့် သမီး ဖြစ် သူ (နေ) ဟာ သူမ ရဲ့ အ ကြိုက် ဆုံး ရွှေ ဝါ ရောင် ဝတ် စုံ လေး ကို ဝတ် ဆင် လိုက် တယ်၊၊ (လေ) ဟာ လဲ သူ မ ရဲ့ အ တောင် ပံ ပါ တဲ့ ဝတ် စုံ လေး ကို ဝတ် လိုက် ပြီး (လမင်း) ဟာ လဲ သူ မ ရဲ့ ငွေ ရောင် ဝတ် စုံ လေး နဲ့ ကိုယ် စီ အ လှ တွေ ပြင် ပြီး ဦး လေး တွေ ဖိတ် ကြား တဲ့ ညစာ စား ပွဲ ကို သွား ခဲ့ ကြ တယ်။ အဲ ဒီ ည စာ စား ပွဲ လေး ကတော့ သူ့ မ တို့ ညီ အ မ သုံး ယောက် အ ဖို့ တော့ ဘယ် လို မှ ကို မေ့ မ ရ နိုင် အောင် ပါ ပဲ။ စား ပွဲ ပေါ် မှာ လည်း သက် တန့် ရောင် မျိုး စုံ အ စား အ သောက် တွေ အ လျှံ ပယ် ပါ ပဲ။ ပြီး တော့ လည်း ပဲ တောင် မြင့် ပေါ် မှာ ရှိ နေ တတ် တဲ့ နှင်း ရေခဲမှုန့် ၊ ဖြူဖွေး ပျော့ဖတ် နေ တဲ့ ကောင်း ကင် ပေါ် က တိမ် ကိတ် မှုန့် ၊ မြေ ပြင် ပေါ် မှာ တောင် ပုံ ယာ ပုံ နဲ့ တော် တော် လေး ကို စုံ စုံ လင် လင် ရှိ လှ တဲ့ သစ် သီး ဝလံ အ စ ရှိ တာ တွေ ကို ဦး လေး နဲ့ အ ဒေါ် ဖြစ် သူ က ကျွေး မွေး ပါ တယ်။ ညီ အ မ သုံး ယောက် ဟာ သူ တို့ တွေ ဗိုက် ပြည့် တဲ့ အ ထိ စား ကြ ပါ တယ်။ အ ထူး အ ဖြင့် (နေ) နဲ့ (လေ) ဟာ အား ပါး တ ရ စား သောက် လိုက် တာ သူ မ တို့ ရဲ့ ပန်း ကန် ပေါ် မှာ ဘာ တ ခု မှ မ ကျန် အောင် ပါ ပဲ။ ဒါ ပေ မယ့် (လမင်း) က တော့ ဖြင့် အ ရမ်း ကို ကြင် နာ စိတ် ရှိ ပြီး အ မေ့ အ ပေါ် အ ရမ်း နား လည် မှု ရှိ တတ် တဲ့ သူ က လေး ပါ။ သူ မ ဟာ အ စား ကောင်း တွေ ကို ကြိုက် လွန်း လှ သော် လည်း အိမ် ရောက် တဲ့ အ ခါ မှာ အ မေ (ကြယ်) က လေး ကို အ ခု လို အ စား ကောင်း တွေ ကို စား စေ ချင် တဲ့ စေ တ နာ ကြောင့် သူမ မိခင် စား ဖို့ အ တွက် သူ မ ပန်း ကန် ထဲ က စား စ ရာ တ ဝက် ကို အ မေ့ ဖို့ ဆို ပြီး သိမ်း လာ ခဲ့ ပါ တယ်။ အဲ ဒီ နောက် မှာ ညီ အ မ သုံး ယောက် ဟာ ဦး လေး ဖြစ် သူ (မိုးကြိုး) နဲ့ အ ဒေါ် ဖြစ် သူ (လျှပ်စီး) တို့ ကို နှုတ် ဆက် ပြီး အိမ် ကို ပြန် ခဲ့ ကြ ပါ တော့ တယ်။ အိမ် ကို ပြန် ရောက် တဲ့ အ ခါ မှာ သူ မ တို့ ရဲ့ မိ ခင် (ကြယ်) လေး ဟာ သူ မ ဂတိ ပေး ထား တဲ့ အ တိုင်း အလင်း ရောင် မှိန် မှိန် နဲ့ သူ့ မ သမီး တွေ ကို ထိုင် စောင့် နေ တာ ကို မြင် လိုက် ကြ ပါ တယ်။ မိ ခင် (ကြယ်) က သူ့ သ မီး တွေ ကို လှမ်း ပြော လိုက် ပါ တယ်။ " တ ည လုံး ဒီ မှာသမီး တို့် ကို ထိုင် စောင့် နေ တာ။ ထမင်း လည်း မ စား ရ သေး ဘူး ။ အ မေ အ တွက် ဘာ တွေ များ ယူ လာ ခဲ့ ကြ သ လဲ " ။ အဲ ဒီ အ ခါ မှာ (နေ) ဟာ သူမ ရဲ့ အ ဝါ ရောင် ဆံ ပင် ကို ကုတ် ခြစ် ပြီး မ နှစ် မြို တဲ့ လေ သံ နဲ့ "ဟာ အ မေ က လဲ ဘာ အ တွက် ကြောင့် အ မေ့ အ တွက် ယူ လာ ရ မှာ လဲ။ ကိုယ့် ဟာ ကို ပျော် ချင် လို့ အ ပြင် ထွက် ပြီး သွား စား တာ ပဲ။ အ မေ့ အ ကြောင်း သမီး ခေါင်း ထဲ မှာ တောင် ထည့် မ တွေး မိ ဘူး" လို့ သူ မ အေ မ ကိုအော် ပြီး ပြန် ပြော လိုက် တယ်။ (လေ) ဟာ လဲ (နေ) ကဲ့ သို့ သူ မ အ မေ ကို" အ မေ က လဲ အ မေ ပဲ..... ကိုယ့် ဟာ ကို အ ပြင် မှာ အေး အေး ဆေး ဆေး သွား စား ပြီး ပြန် လာ တာ ကို အ မေ့ အ တွက် ဘာ ကို ယူ ခဲ့ ပေး ရ မှာ လဲ။ အ မေ က ကျွန် မ ဘေး မှာ မ ရှိ တဲ့ ဟာ ကို ဘာ ကိစ္စ ကြောင့် အ မေ အ တွက် ဆို ပြီး စဉ်း စား နေ ရ မှာ လဲ " လို့ အော် ပြီး ပြော လိုက် ပြန် တယ်။ ။ သို့ ပေ မယ့် လည်း (လမင်း) က တော့ သူမ ရဲ့ အ မ နှစ် ယောက် ဖြစ် တဲ့ (နေ) နဲ့ (လေ) လို တ ကိုယ် ကောင်း ဆန် သူ လေး မ ဟုတ် ပါ ဘူး။ (လမင်း) ဟာ သူမ ရဲ့ ပြုံး ရွှင် ဝင်း ပ ချိုသာ တဲ့ မျက် နှာ နဲ့ မိခင် ဖြစ် သူ ဘက် ကို လှမ်း ကြည့် လိုက် ပြီး မိ ခင် (ကြယ်) ရဲ့ လက် က လေး ထဲ ကို အ ထုပ် တ ခု လှမ်း ပေး ပြီး ပြော လိုက် တယ်။ " မေ မေ ရေ ဒီ မှာ ကြည့် ပါ အုံး။ သမီး မေမေ စား ဖို့သမီး ပန်း ကန် ထဲ က အ စား အ စာ မျိုး စုံ ကို ယူ လာ ခဲ့ ပေး ပါ တယ် မေမေ။ သမီး က သ မီး ဝေ စု ထဲ က တ ဝက် ဘဲ စား ခဲ့ ပါ တယ်။ ကျန် တာ တွေ က မေမေ စား ဖို့ သ မီး ယူ လာ ခဲ့ ပါ တယ် မေမေ " ။ (လမင်း) ဟာ ပြော လဲ ပြော သူမ မေမေ စား ဘို့ ရွှေ ပန်းကန် ကို ယူ လာ ပြီး မိခင် (ကြယ်) စား ဘို့ ကို ပြင် ဆင် ပေး လိုက် တော့ တယ်။ (ကြယ်) ဟာ သမီး ဖြစ် သူ (လမင်း) ပြင် ဆင် ပေး တာ ကို တိတ် ဆိတ် အေး ဆေး စွာ စား လိုက် တယ်။ သူမ စား ပြီး တာ နဲ့ သူမ ဟာ သမီး သုံး ယောက် ကို အ ရေး ကြီး တဲ့ စကား ပြော စ ရာ ရှိ တယ် ဆို ပြီး လှမ်း ခေါ် လိုက် တယ်။ ပထမဆုံး မိခင် (ကြယ်) ဟာ သမီး ဖြစ် သူ (နေ) ကို စ ပြော လိုက် တယ်။ " သမီး (နေ) သမီး ဟာ တ ကိုယ် ကောင်း ဆန် စိတ် ရှိ ပြီး ဘာ ကို မှ စဉ်း သား ဆင် ခြင် ခြင်း မ ရှိ လှ ဘူး" သူမ က ဆက် ပြော လိုက် တယ်။ " သမီး ဟာ အ ပြင် ထွက် ပြီး ကိုယ့်ဟာ ကိုသာ ပျော် ပါး ပြီး ပြန် လာ ဖို့ ပဲ သိ တယ်။ အိမ် မှာ ကျန် ခဲ့ တဲ့ မိ သား စု တွေ အ တွက် ဘာ ကို မှ ထည့် မ စဉ်း စား ဘူး။ ဒါ ကြောင့် အ ခု အ ချိန် က စပြီး တွေ့ သမျှ ယောကျာင်္း လေး တွေ အ ကုန် လုံး သမီး (နေ) ကို ချစ် ခင် ကြိုက် နှစ် သက် မှု မ ရှိ ပါ စေ နဲ့။ သမီး ရဲ့ ရောင် ခြည် ဟာ ပူ လောင် ပြီး ဘယ် အ ရာ ဝတ္ထု မျိုး ကို မ ဆို ပူ ပြင်း လောင် ကြွမ်း ခြောက် သွေ့ သွား ပါ စေ။ သမီး ထွက် လာ တာ နဲ့ ယောကျာင်္း လေး တွေ ဟာ သူတို့ တွေ ရဲ့ ခေါင်း ကို ဦး ထုပ် နဲ့ ကာ ကွယ် ပြီး သမီး (နေ) ရဲ့ အ နား က နေ ဝေး ရာ ကို ထွက် ခွာ ကြ ပါ စေ။ (အဲ ဒါ ကြောင့် ယခု အ ခါ မှာ *နေ* ဟာ တောက် ပ ပူ ပြင်း ပြီး ခြောက် သွေ့ ခဲ့ ရ တယ်။) အဲ ဒီ နောက် မှာ အ မေ ဖြစ် သူ ဟာ (လေ) ကို ပြော ပြန် တယ်။ " သမီး (လေ).....သ မီး ဟာ (နေ) နဲ့ အ တူ တူ ပါ ဘဲ။ သမီး ဟာ ကိုယ် ချင်း စာ ကြင် နာ စိတ် မ ရှိ ပဲ တ ကိုယ် တည်း အ တွက် သာ ကြည့် တတ် တယ်။ ဒီ နေ့ က စ ပြီး သ မီး (လေ) ဟာ တိုက် လိုက် တိုင်း သမီး ရဲ့ အ မ (နေ) နဲ့ အ တူတူ ပူ လောင် ခြောက် သွေ့ ပါစေ။ သမီး (လေ) ဟာ တ ချက် ပြင်း ပြင်း တိုက် ခတ် လိုက် တိုင်း သမီး နဲ့ ထိ တဲ့ အ ရာ အား လုံး ခြောက် သွေ့ ပါ စေ။ ဘယ် သူ တ စုံ တ ယောက် မျှ ချစ် ခင် နှစ် သက် ခြင်း မ ရှိ ပါ စေ နဲ့။ ယောကျာင်္း လေး အား လုံး သမီး ကို တွေ့ တိုင်း ရှောင် ရှား သွား ကြ ပြီး ကြိုက် နှစ် သက် ခြင်း မှ ကင်း ဝေး ကြ ပါ စေ။ (ဒီ လို အ ဖြစ် အ ပျက် တွေ ကြောင့် ဒီ က နေ့ အ ခါ မှာ ပူ ပြင်း လှ တဲ့ နွေ ရာ သီ ရောက် တိုင်း *လေ* တိုက် ခိုက် တဲ့ အ ခါ မှာ အ ရမ်း ကို ပူ ပြင်း ခြောက် သွေ့ ပြီး မ နှစ် သက် ဖွယ် ရာ ဖြစ် ခဲ့ ရ ပါ တယ်။) အခုအ ခါ မှာ တော့ နောက် ဆုံး တ ယောက် ကျန် တဲ့ ကြင် နာ တတ် တဲ့ သမီး (လမင်း) ကို ပြော လိုက် တယ်။ " သမီး (လမင်း) သမီး ဟာ ကိုယ့် အ မေ အ ပေါ် မှာ သိ တတ် နား လည် ကိုယ် ချင်း စာ ကြင် နာ တတ် သူ လေး ဖြစ် တယ်။ ဒီ အ တွက် ကြောင့် သမီး ရဲ့ အ လင်း ရောင် ဟာ အ ချိန် တိုင်း မှာ အေး မြ ခြင်း၊ သာယာမှု့ ရှိ ခြင်း နှင့် လှ ပ ခြင်း တို့ ရှိ ရ မယ်။ သမီး ဟာ မှေး မှိန် နိုင် စွမ်း ရှိ ခြင်း တ ဖန် ပြန်၍ တောက် ပ နိုင် စွမ်း ရှိ ခြင်း စ တဲ့ အ ရည် အ ခြင်း တွေ ရှိ ရမယ်။ ည အ မှောင် မှာ လင်း လက် တောက် ပ ပြီး ယောကျာင်္း လေး တွေ အား လုံး ကောင်း ချီး ထော ပ နာ ပြု သူ လေး ဖြစ် ရ မယ်။" လို့ အ မေ ဖြစ် သူ ဟာ သမီး သုံး ယောက် ကို မှာ ကြား လိုက် တယ်။ ( ဒါ ကြောင့် ဒီ နေ့ အ ခါ မှာ တော့ *လမင်း* ဟာ အေး မြ ခြင်း၊ တောက် ပ ခြင်း နှင့် လှ ပ ခြင်း အစ ရှိ တဲ့ အ ရည် အ ခြင်း တွေ နဲ့ ပြည့် စုံ နေ ပါ တော့ တယ်။)



{ ကျွန် တော် တို့ တ တွေ ဟာ လည်း လမင်း လို အ မေ ကို သိ တတ် နား လည် ကြင် နာ တတ် တဲ့ သူ တွေ အ ဖြစ် ကြိုး စား ကြ ရ အောင် လို့ ဆန္ဒ ပြု လျှက်...}


အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.apples4theteacher.com/holidays/mothers-day/short-stories/how-the-moon-was-kind-to-her-mother.html
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

7 comments:

Welcome said...

ကျွန်တော်တို့ တစ်တွေလည်း မိဘကျေးဇူးကို အထူးသိတတ်တဲ့ လမင်းလေးလို နေထိုင် ကျင့်ကြံ သွားပါစို့...
အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

Dr Phyo Wai Kyaw said...

ကိုအညရေ
(တြ မထည့်တော့ဘူးနော်)း)

မနက်စောစောစီးစီး
အဲလို ကိစိကွစိ အေးအေးလူလူလေးတွေ
ဖတ်ရတာတယ်ကောင်း

လမင်းလေးလိုကျင့်နေမယ်။

း)း)

WWKM said...

လမင်းလေးလိုကျင့်ကြရမှာပေါ့လေ။

Dream said...

လမင်းလေးလိုချစ်နေမှာ ဖြူသော ကိုယ့်အချစ်များနဲ့..
အဟွတ်အဟွတ်... ကိုရင်ကိုဝင်းဇော် တို့ ရဲ့ဆိုင်မှာ
ကာရာအိုကေသွားဆိုထားတဲ့အ၇ှိန်ကမသေသေးဘူး...
အဟားဟား..
ပုံပြင်လေးက တော်တော်ကောင်းတယ်။ လူသားတိုင်း
လမင်းလေးလို ကျင့်နိုင်ရင် ကမ္ဘာကြီးသိပ်ကို သာယာ
သွားမှာနော်....
ဦးည ပုံပြင်လေးနားထောင်ပြီး မက်မက်နာမည်တောင်
ပြောင်းချင်လာပြီ... အိပ်မက်လမင်း ဆိုပြီးတော့..
ဟီးဟီး.. ဒီပုံပြင်လေး ဖတ်ပြီး အသိတရားရသွားပါတယ်...

Anonymous said...

ကိုအညတြ ရေ ဘာသာပြန်လေး ကောင်းတယ်ခင်ဗျာ

လမင်းလေးလို ကျင့်ကြံပါမယ့်

ကျေးဇူးတင်ပါတယ်

...ပို့စ်လေးကအင်မတန်ကောင်းပါတယ်

အားပေးလျက်ပါ

လမင်း

Anonymous said...

ကျွန်တော် လမင်းလေး တစ်စင်းဖြစ်ပါရစေ ... ကိုအညတြ။

thihanyein said...

ဘယ်လိုကွန်မန်းပေးရမှန်းတောင်မသိတော့ဘူးဗျာ...