11/11/08

တန်ဖိုး

လူ သိ များ တဲ့ လူ ကြီး တ ယောက် ဟာ လူ အ ယောက် ၂၀၀ လောက် ရှိ တဲ့ အ စည်း အ ဝေး ပွဲ တ ခု ကို ပြု လုပ်ခဲ့ တယ်။ အဲဒီ ပွဲ မှာ သူ ဟာ အသစ် စက် စက် ဒေါ်လာ ၁၀၀ ကို ကိုင် ထား ပြီး မြှောက် ပြ လိုက် တယ်။ “ ဒီ ဒေါ်လာ ၁၀၀ ကို အ လား ကား ပေး မယ်။ဘယ် သူ ရချင် ပါ သ လဲ။ ”
အ စည်း အ ဝေး နား ထောင် သူ တွေ ရဲ့ လက် တွေ ဟာ တန်း စီ ပြီး မြှောက် ပြ နေ တာ အ များ ကြီး ပါ ဘဲ။ အဲဒီ နောက် သူ က ဆက် ပြော လိုက် တယ်။“ ကျွန် တော် ခင် ဗျား တို့ ထဲ က တ ယောက် ကို ဘဲ ပေး မှာ ပါ။ မ ပေး ခင် မှာ ဒါ လေး ကို အ ရင် ဆုံး ဒီ လို လုပ် မယ် ဗျာ။ ” သူ ဟာ ဒေါ်လာ ကို လက် ထဲ မှာ တွန့် ကြေ သွား အောင် စုပ် နယ် လိုက် ပြီး ထပ် တ ဖန် မေး လိုက် တယ်။ “ အ ခု ကော ဘယ် သူ ရ ချင် သေး လဲ ဗျ။ ဒီ ဒေါ်လာ ကို ” မြှောက် ထား တဲ့လက် တွေ က တော့ ချ သွား ချင် မ ရှိ ပါ ဘူး။ ဆက် မြှောက် ထား ဆဲ ပါ ဘဲ။“ ကောင်း ပြီ လေ။” သူ က ဆက် ပြော လိုက် တယ်။ “ ကျွန် တော် ဒီ လို လုပ် ရင် ကော ဗျာ။ ” အဲဒီ လို ပြော ပြီး သူ ဟာ ဒေါ်လာ ကို ကြမ်း ပြင် ပေါ် ပစ် ချ လိုက် ပြီး သူ့ ရဲ့ ဖိနပ် နဲ့ တက် နှင်း လိုက် ပါ တယ်။၁၀၀ တန် ဒေါ် လာ ဟာ အ ခု အ ခါ မှာ တော့ တွန့် ကြေ ပေ တူး ပြီး ညစ် ပတ် နေ ပါ တယ်။ အဲဒီ နောက် သူ ဟာ ဒေါ်လာ ကို ပြန် ကောက် လိုက် ပါ တယ်။ “ အခု ကော ဘယ် သူ ရ ချင် သေး လဲ ဗျ။ ” အခုထိ လက် တွေ ဟာ လေ ထဲ မှာ မြှောက် ထား ဆဲ ပါ ဘဲ။ အဲဒီနောက် မှာ သူ ဟာ ဒီ လို ဆက် ပြော လိုက် ပါ တယ်။ " မိတ် ဆွေ သူငယ်ချင်း အပေါင်း တို့ …. ခင်ဗျား တို့အား လုံး ဒီ နေ့ မှာ တန်ဖိုး ရှိ တဲ့ သင် ခန်း စာ တ ခု ကို လေ့ လာ လိုက် ရ ပါ ပြီ။ ကျွန် တော် ဒီ ဒေါ်လာ လေး ကို ဘာ ဘဲ လုပ် လုပ် ခင်ဗျား တို့ ဒီ ဒေါ်လာ ကို ရ ချင် နေ တုန်း ပါ ဘဲ။ ဘာ လို့ လဲ ဆို တော့ ဒီ ဒေါ် လာ ရဲ့ တန် ဖိုး က ကျ သွား ခြင်း မ ရှိ လို့ ပါ ဘဲ။ ဒီ ဒေါ် လာ ကို ဘာ ဘဲ လုပ် လုပ် ဒေါ်လာ ဟာ ၁၀၀ တန်ပါ သေး တယ်။ ”


ကျွန် တော် တို့ ဘဝတွေ ရဲ့ အ ချိန် တော် တော် များ များ မှာ ကျွန် တော် တို့ ဟာ ၁၀၀ တန် လေး လို ပါ ဘဲ။ ကျွန် တော် တို့ ဘဝ ခရီး လမ်း ပေါ် မှာ ကျွန် တော် တို့ ရဲ့ အ ဖြစ် အ ပျက် အ ခြေ အ နေ တွေ ပေါ် မူ တည် တဲ့ ဆုံး ဖြတ် ချက် အ မှား တွေ ရဲ့ အောက် မှာ ကျ ရှူံး ခဲ့ ရ ဖူး တယ်။ ကြေ မွ ခံ ခဲ့ ရ ဖူး တယ်။ တ ကိုယ် ကောင် ဆန် သမား တွေ ရဲ့ နှင်း ချေ ဖျက် ဆီး မှု့ ကြောင့် တွန့် လိမ် ကောက် ကွေး တဲ့ ဘဝ မှာ စုတ် ပြတ် သတ် ခံ ခဲ့ ရ ဖူး တယ်။ ဒီ လို အ ဖြစ် တွေ ကြောင့် ကျွန် တော် တို့ ဟာ ကိုယ့် ကို ကိုယ် အ သုံး မကျ လှ ပါ ဘူး၊ တန် ဖိုး မရှိ လှ ပါ ဘူး ဆိုပြီး ထင် တတ် ကြ ပါ တယ်။ အ မှန် တ ကယ် တော့ ကျွန် တော် တို့ ဘာ ဘဲ ဖြစ် ခဲ့ ဖြစ် ခဲ့၊ ဘာ တွေ ဘဲ ဖြစ် လာ ဖြစ် လာ ကျွန် တော် တို့ ရဲ့ တန် ဖိုး၊ ကျွန် တော် တို့ ရဲ့ အ ရည် အချင်း ဟာ ကျ သွား ခြင်း မရှိ ပါ ဘူး။ ကျွန် တော် တို့ တွေ ဟာ အ မြဲ လို လို ကိုယ့် ကို ကိုယ် သ တိ ပေး နေ ရ မှာ က ကျွန် တော် တို့ သာ လျင် ထူး ချွန် သူ များ ဖြစ် ကြ ပါ တယ်။


(မှန်မာန ထောင် လွှား ပြီး ငါ ဆို သော အ တ္တ စွဲ အား ရည် ရွယ် ခြင်း မ ဟုတ် ပါ။ အားပေးခြင်း မျှ သာ ဖြစ်၏။)


အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/inspiring_stories.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

2 comments:

Anonymous said...

owwwwwwwwwwww I like that post so much!!!!!!!!!!!!ur writing skill is so great !!!!!!!!!!

Anonymous said...

ဘ၀က ဒေါ်လာတစ်ရာတန်ဆိုတော့ နည်းသဗျာ ...
ခင်မင်မှုနဲ့ စ တာပါ။
သိပ်ကောင်းမွန်တဲ့ ပိုစ့်လေးတစ်ခု အစဉ်အလာမပြတ် ဖတ်ရလို့ ၀မ်းမြောက်မိပါတယ် ကိုအညတြရေ ။

ခင်မင်လေးစားမှုများဖြင့်