11/9/08

စာ နာ စိတ်

လယ် သ မား ကြီး တ ဦး ဟာ အိမ် မှာ မွေး ထား တဲ့ ခွေး များ လှ တာ ကြောင့် မွေး ကင်း စ ခွေး လေး တွေ ကို ရောင်း ဖို့ ရှိ လာ တယ်။ ဒီ အ တွက် ကြောင့် သူ ဟာ ခွေး ရောင်း ရန် ဆို တဲ့ ဆိုင်း ပုဒ် လေး ကို ရေး ပြီး လူ တွေ့ မြင် နိုင် ဘို့ အ တွက် ခြံ စည်း ရိုး ရဲ့ အ မြင့် တ နေ ရာ မှာ ဆိုင်း ဘုတ် လေး ချိတ် ဖို့ ဆိုင်း ဘုတ် လေး ကို သံ နဲ့ ရိုက် ထု နေ ခဲ့ တယ်။ နောက် ဆုံး သံ ရိုက် ထု အ ပြီး မှာ တော့ သူ့ ဘောင်း ဘီ စ ကို တ စုံ တ ယောက် က ဆွဲ နေ သ လို ခံ စား ရ တာ ကြောင့် သူ အောက် ကို ငုံ ကြည့် လိုက် တယ်။ ဝိုင်း စက် ကြည် လင် တဲ့ မျက် လုံး လေး တွေ နဲ့ သူ့ ကို ကြည့် နေ တဲ့ ကောင် လေး တ ယောက် ကို တွေ့ လိုက် တယ်။ " ဦး လေး " ကောင်း လေး က လှမ်း ပြော လိုက် တယ်။ " ကျွန် တော် ဦး လေး ဆီ က ခွေး တ ကောင် လောက် ဝယ် ချင် လို့ ပါ " လယ် သ မား ကြီး က န ဖူး ပေါ် က ချွေး တွေ ကို လက် နဲ့ လှမ်း သုတ် ရင်း " လူလေး ရေ ဒီ ခွေး လေး တွေ က ဈေး နဲနဲ တော့ ကြီး တယ်။ လူ လေး တတ် နိုင် ပါ့ မလား။ " ကောင်း လေး ဟာ ခေါင်း ငုံ ပြီး သူ့ ရဲ့ အိပ် ကပ် ထဲ ကို လှမ်း နိုက် လိုက် တယ်။ သူ့ လက် လေး အိပ် ကပ် ထဲ က နေ အ ကြွေ စေ့ တ ချို့ နဲ့ အ တူ ထွက် လာ ပြီး လယ် သ မား ကြီး ကို လှမ်း ပေး လိုက် တယ်။ " ဦး လေး ရော့ သား ဆီ မှာ ၃၉ ပြား ရှိ ပါ တယ်။ ဒီ ပိုက် ဆန် နဲ့ လောက် ပါ တယ် နော် ဦး လေး။ " " ကောင်း ပြီ လူ လေး " လယ် သ မား ကြီး က ပြော လိုက် တယ်။ အဲဒီ နောက် မှာ လယ် သမား ကြီး ဟာ သူ့ ခွေး လေး တွေ ကို လေ ချွန် ပြီး ခေါ် လိုက် တယ်။ ခွေး ငယ် လေး ၄ ကောင် ဟာ လယ် သ မား ကြီး လေ ချွန် သံ ကြား တဲ့ နောက် မှာ ခွေး အိမ် က လေး ထဲ က ထွက် လာ ပြီး ပြေး လွှား ဆော့ က စား နေ ကြ တော့ တယ်။ ကောင် လေး ဟာ ခွေး လေး တွေ ကို သေသေ ချာ ချာ စူး စိုက် ကြည့် နေ ခဲ့ တယ်။ သူ့ ရဲ့ မျက် လုံး မှာ တော့ ပျော် ရွှင် မှု့ တွေ အ ပြည့် နဲ့ ပေါ့။ ခွေး လေး တွေ ဟာ လယ် သ မား ကြီး ရှိ ရာ ခြံ စည်း ရိုး ကို သူ့ ထက် ငါ အ လု အ ယှက် အ ပြေး အ လွှား ကစား နေ တဲ့ ကြား က ကောင်း လေး ဟာ တ ခု ကို သွား သ တိ ထား မိ လိုက် တယ်။ ကောင် လေး ဟာ ခွေး အိမ် ထဲ ကို သေသေ ချာ ချာ မျက် တောင် မ ခတ် ကြည့် နေ ခဲ့ တယ်။ ခွေး ငယ် လေး နောက် တ ကောင် နှေး ကွေး စွာ ထော့ နဲ့ ထော့ နဲ့ဖြင့် ခွေး အိမ် လေး ထဲ က ထွက် လာ ဖို့ ကြိုး စား နေ တာ ကို တွေ့ လိုက် ရ တယ်။ အဲ ဒီ ခွေး လေး ဟာ တ ခြား ခွေး လေး တွေ ထက် ပို ပြီး ပိန် လှီး လှ ပါ တယ်။ သေး ကွေး ပိန် လှီး ပြီး ထော့ နဲ့ ထော့ နဲ့ နှင့် ခြေ ထောက် မ သန် သော် လည်း အဲ ဒီ ခွေ လေး ဟာ သူ့ အေ ဖာ် တွေ ရှိ ရာ ကို သူတတ် နိုင် တဲ့ စွမ်း အား နဲ့ ကြိုး စား ပြီး သွား နေ ရှာ ပါ တယ်။ ကောင် လေး ဟာ အဲ ဒီ ခွေး လေး ကို လယ် သ မား ကြီး ကို လက် ညှိုး ထိုး ပြ ပြီး ပြော လိုက် တယ်။ " ကျွန် တော် အဲ ဒီ ခွေး လေး ဘဲ ယူ လိုက် တော့ မယ် ဦး လေး " လယ် သ မား ကြီး ဟာ သူ့ ဒူး နှစ် ဘက် ကို ကွေး ချ လိုက် ပြီး ကောင် လေး နား ကို ကပ် ပြီး ပြော လိုက် တယ်။ " လူ လေး ရေ ဒီ ကောင် လေး ကို မင်း ရ ချင် မှာ မ ဟုတ် ဘူး ကွ။ အဲ ဒီ ခွေး လေး ဟာ တ ခြား ခွေး တွေ လို ဘယ် တော့ မှ အ ပြေး သန် ပြီး တော့ မင်း နဲ့ ဆော့ က စား နိုင် မှာ မ ဟုတ် ဘူး ကွ။" ကောင် လေး ဟာ လယ် သ မား ကြီး စ ကား အ ဆုံး မှာ ခြံ စည်း ရိုး နား က ခွာ လိုက် တယ်။ ပြီး တော့ သူ ဟာ ခါး ကို ကွေး ချ လိုက် ပြီး သူ့ ခြေ ထောက် နှစ် ဘက် လုံး က ဘောင်း ဘီ ကို ကျ န စွာ ခေါက် တင် လိုက် တယ်။ ကောင် လေး ရဲ့ ဘောင် ဘီ ဆွဲ တင် ပြီး တဲ့ နောက် မှာ သူ့ ရဲ့ ခြေထောက် ဟာ စ တီး လ် ချောင်း ကြီး တ ချောင်း နဲ့ ပြု လုပ် ထား တာ ကို လယ် သ မား ကြီး မြင် တွေ့ လိုက် ရတယ်။ ကောင် လေး ဟာ လယ် သ မား ကြီး ကို ပြန် ကြည့် ပြီး ပြော လိုက် တယ်။ " ဦး လေး ရေ ကျွန် တော် လည်း ပဲ ကောင်း ကောင်း မ ပြေး နိုင် ပါ ဘူး ဗျာ။ ပြီး တော့ ကျွန် တော် လို ချင် တဲ့ ခွေး လေး ဟာ လည်း သူ့ ကို နား လည် ပေး နိုင် တဲ့ ကျွန် တော် လို ပိုင် ရှင် တ ယောက် လို အပ် တယ် မ ဟုတ် လား ဗျာ။"

ကျွန် တော် တို့ ကမ္ဘာ မှာ လည်း ဒီ လို စာ နာ စိတ် နဲ့ ညာ တာ နား လည် မှု့ တွေ ပေး နိုင် တဲ့ လူ တွေ လို အပ် တယ် ဆို တာ မ ဟုတ် ပါ လား ဗျာ။


အညတြ (ခေတ္တ နယူး ယောက်ခ်)
ဘာသာပြန်

ဤဘာသာပြန်အားအောက်ပါဝက်ဖ်ဆိုဒ်မှပြန်ဆိုထား၏။အနည်းအကျင်းပြန်လည်ပြုပြင်ထားသည်။
http://www.indianchild.com/puppies_for_sale.htm
မူရင်းအားအထက်ဖော်ပြပါဝက်ဖ်ဆိုဒ်တွင်ပြန်လည်ကြည့်ရှုနိုင်သည်။

1 comment:

Anonymous said...

ဟားးးးးး
ကောင်းလိုက်တဲ့ ပိုစ့်ကလေးဗျာ။ သိပ်လှတယ်။
ဖတ်မိရင်း ကြက်သီးမွှေးညင်းတောင် ထမိတယ်။ ခံစားမှုတွေ အတွေးတွေက စီးဆင်းလာလို့ပါ၊ ရင်ထဲကိုပေါ့။ ဟုတ်ပါတယ် လောကမှာ စာနာစိတ်ရှိရင် စစ်နဲ့ အခြားပဋိပက္ခတွေ မဖြစ်နိုင်တော့ဘူးရယ်လို့ ယုံကြည်တယ်။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ကိုအညတြ။

ခင်မင်လေးစားစွာဖြင့်