11/13/08

အချုပ် ငါးယောက်

လော က အား လုံး
မင်္ဂလာ ထုံး
နှလုံး မူ ကြ စေ။
ဓမ္မ အား လုံး
အနတ္တ ထုံး
နှလုံး မူ ကြ စေ။
ချမ်းသာ အား လုံး
ဓမ္မ ထုံး
နှလုံး မူ ကြ စေ။
ဖောက် ပြန် ရင်း ချုပ်
ငါ မ ဟုတ်
ရေ မြုပ် ရုပ် မှာ တူ လှ သည်။
ခံ စား ရင်း ချုပ်
ငါ မ ဟုတ်
ဝေ ဒ နာ ရေ ပွတ် တူ လှ သည်။
မှတ် သား ရင်း ချုပ်
ငါ မ ဟုတ်
စိတ် မှာ သံ လျှပ် တူ လှ သည်။
ပြု ပြင် ရင်း ချုပ်
ငါ မ ဟုတ်
စေ တ နာ ငှက် ပျော တူ လှ သည်။
ကြံသိ ရင်း ချုပ်
ငါ မ ဟုတ်
ဝိ ဥာဏ် မျက် လှည့် တူ လှ သည်။
(အညံ့ပန်း)

5 comments:

WWKM said...

မောင်လေးအညတြ ရေ..
ဖတ်လို့ကောင်းတယ်..တကယ်.
အကျိုးရှိတဲ့ ပို့စ်လေးတွေဖတ်ရတာ အသိလေးတွေရသလို..ပျော်စရာပို့စ်လေးတွေဖတ်ရတော့လည်း ပျော်မိတာပေါ့.
ကျေးဇူးပါ မောင်လေး။
အဆင်ပြေပါစေ။

မမ၀ါ

Anonymous said...

ကဗျာခံစား
ရှုသူများ
ရင်၌ဖြစ်တည်
တွေးမိသည်။

ထိုသီဟန်ဖွဲ့
သိလောက်ရဲ့
သံဝေဂမှီ
ပွားမိပြီ။

အချုပ်ငါးပါး
စိတ်ဝယ်ထား
မှတ်သားယူမည်
နိဗ္ဗာန်ဆီ။

Anonymous said...

ညီလေးရေ
မိုကုတ်ကဆိုလို့ အထူးဝမ်းသာပါတယ်။ အကိုက အောင်ချမ်းသာရပ်ကပါ။ မိုးကုတ် တန်ဆောင်မုန်းကတော့ အရင်လိုပါပဲ။ ပျော်စရာတော့ နည်းသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီမှာနေတာ အလွန်ကောင်းပါတယ်။ ဒီမှာကတော့ သိတဲ့အတိုင်း......။ ဒီမှာက Dial-up ဆိုတော့ connection အတော်ဆိုးတာ။ online မှာ အမြဲဆက်သွယ်နေမယ်။ လင့်ခ်ထားလိုက်ပါမယ် ညီလေးရေ။

Dr Phyo Wai Kyaw said...

မဟာစည်ဆရာတော်ဟောကြားတော်မူတဲ့
အနတ္တလက္ခဏသုတ်လေးကို
နြာ ကြားလိုက်ရသလိုပါပဲ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

တက်လူငယ် said...

ဒါမျိုးတွေ များများလုပ်ပါဗျာ။ အားပေးတယ်။ ဒီနေ့ခေတ်မှာ ဒီလို အသိတရားတွေက တဖြည်းဖြည်းပျောက်ပျောက်လာတယ်ဗျာ။

ခင်မင်လျက်...
တက်လူငယ်...