ငယ်ကပညာ
မသင်ရှာ
ကြီးလာ ခက်မည်သာ
ငယ်ကပညာ
သင်ခဲ့ရာ
ခုခါ အသုံးချပါ
စာပေတိုင်းဖတ်
တုခိုးအပ်
မပြတ် ဆောင်ယူပါ
မကောင်းတာပယ်
အကောင်းတွယ်
စိတ်ဝယ် ဆောင်စရာ
မြင်ရသမျှ
ကြားသမျှ
မှတ်ရ အ ကုန်သာ
စာထဲပါထား
စာသားများ
မှတ်သား သတိပြုပါ
စာလုံးတိုင်းပင်
အသုံးဝင်
ဆင်ခြင် စဉ်းစားရာ
(အညံ့ပန်း)
4 comments:
မောင်လေးရေ..ကဗျာလေးက ရိုးရိုးလေးနဲ့ မှတ်သား
စရာလေးနော်. ကောင်းတယ်ဗျို့။
ကဗျာရိုးကလေးတွေနဲ့ ကာရံတွေကို ရင်ခုန်နေတုန်းဗျ။
ခင်မင်လေးစားစွာဖြင့်
ဟုတ်ကဲ့ ...
ကဗျာကတကယ်ရိုးတာပါ
လုံလောက်ပါတယ်
ကောင်းလဲကောင်းတယ်
မှတ်သားသွားပါတယ်
ကြိုးစားလျက်ပါ ..
အောင်မြင်ပါစေနော်
ကွန်မန်းပေးဖို့ခက်တယ်ဗျာ...
အမှန်တွေကြည့်ရေးထားတော့လေ...
ကောင်းတယ်ဗျို့ ...
Post a Comment